ေမေမ့ကို မထိနဲ႔ေနာ္ သားေမေမ့ကို ဆုံးရႈံးရမွာေၾကာက္လြန္းလို႔ စိုးရိမ္တႀကီးနဲ႔ ရွိုက္ငင္ေတာင္းပန္သံေတြကို လ်စ္လ်ဴရႈေနၾကမွန္း သိပါတယ္
ေမေမ့ကို မထိနဲ႔ေနာ္ သားကငယ္ေသးေတာ့ လူႀကီးေတြလို စကားလုံးေတြအမ်ားႀကီးမေျပာတတ္၊ မစဥ္းစားတတ္ေသးေပမဲ့ လုံျခဳံတဲ့ေမေမ့ရင္ခြင္ကေနခြဲခြာရေတာ့မွာကိုေတာ့ သိေနပါၿပီ
ေမေမ့ကို မထိနဲ႔ေနာ္ သားေမေမကိုထိခိုက္ေအာင္လုပ္တိုင္း သားရဲ့အျပစ္မရွိျဖဴစင္တဲ့ ငယ္ဘဝမွာ စိတ္ဒါဏ္ရာေတြျဖစ္သြားတာ ကိုယ္ခ်င္းစာေပးပါဦးဗ်ာ
ေမေမ့ကို မထိနဲ႔ေနာ္ သားေမေမမွာဘာခုခံကာကြယ္စရာမွမရွိေပမဲ့ သားသမီးေတြအတြက္ေတာ့ ၾကင္နာတတ္တဲ့ ႏွလုံးသားနဲ႔ လက္တစ္စုံရွိပါေသးတယ္
ေမေမ့ကို မထိနဲ႔ေနာ္ သားေမေမသင္ေပးထားတာ အမွန္တရားနဲ႔လူတစ္ေယာက္က ရဲရဲရင့္ရင့္နဲ႔သတၱိရွိရမယ္တဲ့
ေမေမ့ကို မထိနဲ႔ေနာ္ သားေမေမေျပာျပဖူးတယ္ ေလာကမွာအေရးအႀကီးဆုံးက အမွားနဲ႔အမွန္ကိုခြဲျခားနိုင္တဲ့အသိဉာဏ္ပညာတဲ့
ေမေမ့ကို မထိနဲ႔ေနာ္ မိဘခ်င္းသားသမီးခ်င္းကိုယ္ခ်င္းစာစိတ္ေလးထားၿပီး သားတို႔ရဲ့မိသားစုေလးကိုမဖ်က္ဆီးလိုက္ပါနဲ႔ဗ်ာ ေမေမ့က လူေကာင္းပါ သားကိုေမေမေျပာျပဖူးတာ လူဆိုးႀကီးေတြကပဲဖမ္းခံရတာတဲ့ သားေမေမက သူမ်ားကိုနာက်င္ေအာင္လုပ္ဖို႔ေနေန သားကိုေတာင္လက္နဲ႔ တစ္ခါမွမရြယ္ဖူးပါဘူးဗ်ာေက်းဇူးျပဳၿပီး ေမေမ့ကို မဖမ္းသြားပါနဲ႔ေနာ္ သား ေတာင္း ပန္ ပါ တယ္ ဗ်ာ
ေမေမျမဘုန္းဆင့္ ေခတ္သစ္ေမေမ ဒီစာေလးက မိခင္ကိုဆုံးရႈံးရမွာေၾကာက္လြန္းလို႔ မ်က္ရည္ေတြၾကားထဲက အားတင္းၿပီး သတၱိအျပည့္နဲ႔ကာကြယ္ေပးေနတဲ့ သားေလးရဲ့ ရင္ထဲကခံစားခ်က္ေတြအတြက္ပါ က်မ မိခင္တစ္ေယာက္အေနနဲ႔ ဘယ္လိုမွရင္ထဲမေကာင္းပါဘူး။ မိသားစုေတြျပန္လည္ ေပ်ာ္ရႊင္ရပါေစ မူရင္းေရးသားသူ Mya Phone Sint
Unicode
မေမေ့ကို မထိနဲ့နော် သားမေမေ့ကို ဆုံးရှုံးရမှာကြောက်လွန်းလို့ စိုးရိမ်တကြီးနဲ့ ရှိုက်ငင်တောင်းပန်သံတွေကို လျစ်လျူရှုနေကြမှန်း သိပါတယ်
မေမေ့ကို မထိနဲ့နော် သားကငယ်သေးတော့ လူကြီးတွေလို စကားလုံးတွေအများကြီးမပြောတတ်၊ မစဉ်းစားတတ်သေးပေမဲ့ လုံခြုံတဲ့မေမေ့ရင်ခွင်ကနေခွဲခွာရတော့မှာကိုတော့ သိနေပါပြီ
မေမေ့ကို မထိနဲ့နော် သားမေမေကိုထိခိုက်အောင်လုပ်တိုင်း သားရဲ့အပြစ်မရှိဖြူစင်တဲ့ ငယ်ဘဝမှာ စိတ်ဒါဏ်ရာတွေဖြစ်သွားတာ ကိုယ်ချင်းစာပေးပါဦးဗျာ
မေမေ့ကို မထိနဲ့နော် သားမေမေမှာဘာခုခံကာကွယ်စရာမှမရှိပေမဲ့ သားသမီးတွေအတွက်တော့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ လက်တစ်စုံရှိပါသေးတယ်
မေမေ့ကို မထိနဲ့နော် သားမေမေသင်ပေးထားတာ အမှန်တရားနဲ့လူတစ်ယောက်က ရဲရဲရင့်ရင့်နဲ့သတ္တိရှိရမယ်တဲ့
မေမေ့ကို မထိနဲ့နော် သားမေမေပြောပြဖူးတယ် လောကမှာအရေးအကြီးဆုံးက အမှားနဲ့အမှန်ကိုခွဲခြားနိုင်တဲ့အသိဉာဏ်ပညာတဲ့
မေမေ့ကို မထိနဲ့နော် မိဘချင်းသားသမီးချင်းကိုယ်ချင်းစာစိတ်လေးထားပြီး သားတို့ရဲ့မိသားစုလေးကိုမဖျက်ဆီးလိုက်ပါနဲ့ဗျာ မေမေ့က လူကောင်းပါ သားကိုမေမေပြောပြဖူးတာ လူဆိုးကြီးတွေကပဲဖမ်းခံရတာတဲ့ သားမေမေက သူများကိုနာကျင်အောင်လုပ်ဖို့နေနေ သားကိုတောင်လက်နဲ့ တစ်ခါမှမရွယ်ဖူးပါဘူးဗျာကျေးဇူးပြုပြီး မေမေ့ကို မဖမ်းသွားပါနဲ့နော် သား တောင်း ပန် ပါ တယ် ဗျာ
မေမေမြဘုန်းဆင့် ခေတ်သစ်မေမေ ဒီစာလေးက မိခင်ကိုဆုံးရှုံးရမှာကြောက်လွန်းလို့ မျက်ရည်တွေကြားထဲက အားတင်းပြီး သတ္တိအပြည့်နဲ့ကာကွယ်ပေးနေတဲ့ သားလေးရဲ့ ရင်ထဲကခံစားချက်တွေအတွက်ပါ ကျမ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုမှရင်ထဲမကောင်းပါဘူး။ မိသားစုတွေပြန်လည် ပျော်ရွှင်ရပါစေ မူရင်းရေးသားသူ Mya Phone Sint