မေလသံစဉ်က သနပ်ခါးသပိတ်ကြီးမှာ ကိုယ်တိုင် သနပ်ခါးလေးလိမ်းရင်း ပြည်သူတွေနဲ့အတူ ပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့





Crd:Cele Zone
Photo – Mayla Melody

Unicode

သနပ်ခါးသပိတ်ကြီးမှာ ကိုယ်တိုင်သနပ်ခါးလေးလိမ်းရင်း ပြည်သူတွေနဲ့အတူ ပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ် ကတော့ အနုပညာလောကမှာ နာမည် တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာ အလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်

မေလသံစဉ်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တဲ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေ ကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်

အခုလည်း ဒီနေ့မှာ ပြုလုပ်တဲ့ သနပ်ခါး သပိတ်ကြီးမှာ သူကိုယ်တိုင် သနပ်ခါးလေးလိမ်းရင်း ပြည်သူတွေနဲ့အတူ ပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါတယ်။ နေ့စဉ်နဲ့အမျှ အားကြိုးမာန်တက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးနေတဲ့ မေလကို လေးစားမိတာ အမှန်ပါပဲ။ ပရိသတ်ကြီးလည်း မေလကို ဂုဏ်ပြုပေး လိုက်ပါအူးနော်

Crd:Cele Zone
Photo – Mayla Melody