ဧရာဝတီ၊ ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၁ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ NLD ပါတီက ေသာင္ၿပိဳကမ္းၿပိဳ အနိုင္ရရွိခဲ့သည့္ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္ ပယ္ပ်က္ သြားၿပီဟု စစ္ေကာင္စီက ခန႔္အပ္ထားသည့္ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌသစ္ ဦးသိန္းစိုးက ေျပာဆိုခဲ့ေၾကာင္း သိရသည္
ယေန႔ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕႐ုံးတြင္က်င္းပသည့္ ေကာ္မရွင္ႏွင့္နိုင္ငံေရးပါတီ ၅၃ခုတို႔ေတြ႕ဆုံပြဲတြင္ ေကာ္မရွင္အသစ္က အထက္ပါအတိုင္း ေျပာဆိုျခင္း ျဖစ္ေၾကာင္း ယခုေဆြးေႏြးပြဲသို႔ တက္ေရာက္ေနသူ ျမန္မာအမ်ိဳးသားကြန္ဂရက္ပါတီဥကၠဌ ဦးေကာင္းျမင့္ထြဋ္က သတင္းေထာက္မ်ားကို ေျပာသည္ေကာ္မရွင္ဥကၠဌအသစ္ကအာဏာ၃ရပ္ကို နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္မႈေကာင္စီကေန ကိုင္ထားလိုက္ၿပီ အရင္လႊတ္ေတာ္ေတြနဲ႔ အရင္ေရြးေကာက္ပြဲ ရလဒ္ေတြကပ်က္ျပယ္သြားၿပီ ဆိုတာကို လုံးဝအခိုင္အမာ ေျပာပါတယ္ဟု ဦးေကာင္းျမင့္ထြဋ္က ေျပာသည္
မဲစာရင္းကိစၥႏွင့္ ပတ္သက္၍လည္း မဲစာရင္းမွားယြင္းမႈမ်ား ရွိေၾကာင္း၊ မဲမသမာမႈမ်ား ရွိေၾကာင္းတို႔ကို ထပ္ခါထပ္ခါ ေျပာဆိုခဲ့ေၾကာင္း၊ ယေန႔တက္ေရာက္လာသည့္ ပါတီမ်ားထဲမွတခ်ိဳ႕ပါတီမ်ားကလည္း မဲမသမာမႈကိစၥႏွင့္ ပတ္သက္ၿပီး NLDပါတီကို မည္သို႔အေရးယူအျပစ္ေပးမလဲဆိုသည့္ ေမးခြန္းကိုေမးျမန္းခဲ့ေၾကာင္း ယေန႔ေဆြးေႏြးပြဲသို႔တက္ေရာက္ေနသူ မ်ားကေျပာသည္ ထို႔ျပင္ ယေန႔အစည္းအေဝးသို႔ မတက္ေရာက္ဘဲသပိတ္ေမွာက္သည့္ နိုင္ငံေရးပါတီမ်ားကိုပါ အေရးယူအျပစ္ေပး သင့္ေၾကာင္း ပါတီေခါင္းေဆာင္တခ်ိဳ႕က ေကာ္မရွင္ ဥကၠဌကို တိုက္တြန္းေျပာဆိုမႈမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ နိုင္ငံေရးပါတီမ်ား ေတြ႕ဆုံပြဲကို ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္က်င္းပရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ ၿဖိဳးေရးပါတီ အပါအဝင္ ပါတီေပါင္း ၅၃ ခုတက္ေရာက္ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္ နိုင္ငံေရးပါတီ ၉၁ ခုရွိရာ ၅၃ပါတီ တက္ေရာက္သျဖင့္ ၃၈ ပါတီ ပ်က္ကြက္ေၾကာင္းသိရသည္ သတင္းႏွင့္ ဓာတ္ပုံ ဧရာဝတီ
Unicode
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက် သွားပြီဟု စစ်ကောင်စီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုးက ပြောဆိုခဲ့ကြောင်း သိရသည်
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးတွင်ကျင်းပသည့် ကော်မရှင်နှင့်နိုင်ငံရေးပါတီ ၅၃ခုတို့တွေ့ဆုံပွဲတွင် ကော်မရှင်အသစ်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း ယခုဆွေးနွေးပွဲသို့ တက်ရောက်နေသူ မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဦးကောင်းမြင့်ထွဋ်က သတင်းထောက်များကို ပြောသည်
ကော်မရှင်ဥက္ကဌအသစ်ကအာဏာ၃ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကနေ ကိုင်ထားလိုက်ပြီ အရင်လွှတ်တော်တွေနဲ့ အရင်ရွေးကောက်ပွဲ ရလဒ်တွေကပျက်ပြယ်သွားပြီ ဆိုတာကို လုံးဝအခိုင်အမာ ပြောပါတယ်ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်
မဲစာရင်းကိစ္စနှင့် ပတ်သက်၍လည်း မဲစာရင်းမှားယွင်းမှုများ ရှိကြောင်း၊ မဲမသမာမှုများ ရှိကြောင်းတို့ကို ထပ်ခါထပ်ခါ ပြောဆိုခဲ့ကြောင်း၊ ယနေ့တက်ရောက်လာသည့် ပါတီများထဲမှတချို့ပါတီများကလည်း မဲမသမာမှုကိစ္စနှင့် ပတ်သက်ပြီး NLDပါတီကို မည်သို့အရေးယူအပြစ်ပေးမလဲဆိုသည့် မေးခွန်းကိုမေးမြန်းခဲ့ကြောင်း ယနေ့ဆွေးနွေးပွဲသို့တက်ရောက်နေသူ များကပြောသည် ထို့ပြင် ယနေ့အစည်းအဝေးသို့ မတက်ရောက်ဘဲသပိတ်မှောက်သည့် နိုင်ငံရေးပါတီများကိုပါ အရေးယူအပြစ်ပေး သင့်ကြောင်း ပါတီခေါင်းဆောင်တချို့က ကော်မရှင် ဥက္ကဌကို တိုက်တွန်းပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း သိရသည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၅၃ ခုတက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည် နိုင်ငံရေးပါတီ ၉၁ ခုရှိရာ ၅၃ပါတီ တက်ရောက်သဖြင့် ၃၈ ပါတီ ပျက်ကွက်ကြောင်းသိရသည် သတင်းနှင့် ဓာတ်ပုံ ဧရာဝတီ