လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန႔ ဗီဒီယိုကြန္ဖရင့္နဲ႔ တရား႐ုံးထုတ္ၾကားနာခဲ့ၿပီး လူထုေခါင္းေဆာင္ဟာ က်န္းမာေရးေကာင္းမြန္တဲ့အေၾကာင္း ေရွ႕ေနေဒၚမင္းမင္းစိုးက ေျပာပါတယ္။ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က သူ႔ရဲ့ဥပေဒအက်ိဳးေဆာင္အဖြဲ႕နဲ႔ ေတြ႕ဆုံခြင့္ကို တင္ျပထားတဲ့အေၾကာင္းေရွ႕ေနကဆိုတယ္လို႔ ရိုက္တာက ေရးသားထားပါတယ္
စစ္တပ္က ျမန္မာလူထုေခါင္းေဆာင္ကို နိုင္ငံေတာ္မတည္မၿငိမ္ျဖစ္ေအာင္ လႈံ႔ေဆာ္မႈလုပ္တယ္ ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ေနာက္ထပ္ပုဒ္မတစ္ခုျဖစ္တဲ့ ၅၀၅ ခ၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ နဲ႔ ပုဒ္မထပ္တိုး တရားစြဲထားၿပီး မတ္လ ၁၅ရက္ေန႔ကို ႐ုံးခ်ိန္းေပးလိုက္တယ္လို႔ ေရွ႕ေနကဆိုပါတယ္
ေဖေဖာ္ဝါရီ ၁ အာဏာသိမ္းၿပီးေနာက္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္ အနီးကပ္လုံျခဳံေရးအဖြဲ႕ သုံးစြဲသည့္ စကားေျပာစက္မ်ားမွာ တရားမဝင္တင္သြင္းထားသည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ပို႔ကုန္သြင္းကုန္ဥပေဒ၊ ကိုဗစ္ကာလအတြင္း မဲဆြယ္ယာဥ္တန္းကို ႀကိဳဆိုမႈျဖင့္ သဘာဝ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒတို႔ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈဖြင့္ထားၿပီးျဖစ္သည္ crd- ကမာရြတ္မီဒီယာ၊ ျမန္မာေနာင္း
Unicode
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဗီဒီယိုကွန်ဖရင့်နဲ့ တရားရုံးထုတ်ကြားနာခဲ့ပြီး လူထုခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်တဲ့အကြောင်း ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ တွေ့ဆုံခွင့်ကို တင်ပြထားတဲ့အကြောင်းရှေ့နေကဆိုတယ်လို့ ရိုက်တာက ရေးသားထားပါတယ်
စစ်တပ်က မြန်မာလူထုခေါင်းဆောင်ကို နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုလုပ်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ နောက်ထပ်ပုဒ်မတစ်ခုဖြစ်တဲ့ ၅၀၅ ခ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ပုဒ်မထပ်တိုး တရားစွဲထားပြီး မတ်လ ၁၅ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်လို့ ရှေ့နေကဆိုပါတယ်
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အနီးကပ်လုံခြုံရေးအဖွဲ့ သုံးစွဲသည့်စကားပြောစက်များမှာ တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်ထားပြီးဖြစ်သည်။ crd- ကမာရွတ်မီဒီယာ၊ မြန်မာနောင်း