အခ်ဥ္ေပါင္းသည္အမ အိမ္နဲ႔ဝန္း လက္ခံရရွိပါၿပီတဲ့😍 အခုလိုလႉတဲ့မိသားစုဒီထက္မက ခ်မ္းသာ က်န္းမာပါေစရွင္

အခ်ဥ္ေပါင္းသည္အမ အိမ္နဲ႔ဝန္း လက္ခံရရွိပါၿပီတဲ့😍အခုလိုလႉတဲ့မိသားစုဒီထက္မက ခ်မ္းသာ က်န္းမာပါေစရွင္

မတင္တင္ေအးသည္ ေဖေဖာ္ဝါရီ ၂၇ ရက္က ေဈးေရာင္းေနစဥ္ အိမ္နီးခ်င္းအမ်ိဳးသမီးတစ္ဦးႏွင့္အတူ ဖမ္းဆီးခံခဲ့ရသည္။၎သည္ ယခင္ရက္မ်ားက ဆႏၵျပလူထုကို ၎ေရာင္းခ်ေသာ အခ်ဥ္ေပါင္းမ်ား လိုက္လံေဝငွ ေကၽြးရာမွ လူမႈကြန္ရက္ေဖ့စ္ဘြခ္တြင္ ၎၏ ေစတနာအေပၚ လူအမ်ားက တုန႔္ျပန္ခ်ီးမြမ္းခဲ့ၾကသည္

အလႉရွင္က မုံရြာၿမိဳ႕က ေရႊဆိုင္ပိုင္ရွင္မိသားစုလို႔သိရပါတယ္။အမႀကီး ေစတနာကအက်ိဳးေပးတာပါဘဲ တကယ္ကိုဝမ္းသာပီတိျဖစ္ပါတယ္..အလႉရွင္မိသားစုလည္း စီးပြားဥစၥာမ်ားတိုးပြားကာ ေဘးကင္းၾကပါေစ ျမန္မာျပည္ႀကီးလည္း အျမန္ၿငိမ္းခ်မ္းပါေစ

Unicode

အချဉ်ပေါင်းသည်အမ အိမ်နဲ့ဝန်း လက်ခံရရှိပါပြီတဲ့😍အခုလိုလှူတဲ့မိသားစုဒီထက်မက ချမ်းသာ ကျန်းမာပါစေရှင်

မတင်တင်အေးသည် ဖေဖော်ဝါရီ ၂၇ ရက်က ဈေးရောင်းနေစဉ် အိမ်နီးချင်းအမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။၎င်းသည် ယခင်ရက်များက ဆန္ဒပြလူထုကို ၎င်းရောင်းချသော အချဉ်ပေါင်းများ လိုက်လံဝေငှ ကျွေးရာမှ လူမှုကွန်ရက်ဖေ့စ်ဘွခ်တွင် ၎င်း၏ စေတနာအပေါ် လူအများက တုန့်ပြန်ချီးမွမ်းခဲ့ကြသည်

အလှူရှင်က မုံရွာမြို့က ရွှေဆိုင်ပိုင်ရှင်မိသားစုလို့သိရပါတယ်။အမကြီး စေတနာကအကျိုးပေးတာပါဘဲ တကယ်ကိုဝမ်းသာပီတိဖြစ်ပါတယ်..အလှူရှင်မိသားစုလည်း စီးပွားဥစ္စာများတိုးပွားကာ ဘေးကင်းကြပါစေ မြန်မာပြည်ကြီးလည်း အမြန်ငြိမ်းချမ်းပါစေ