Unicode
နေခြည်ဦးရဲ့ အလှူငွေကို ငြင်းပယ်လိုက်တဲ့ Rescue Task Force
စစ်အာဏာရှင်တော်လှန်ရာမှာ ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ ကယ်ဆယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ Rescue Task Force RTF အဖွဲ့ဟာနေခြည်ဦးရဲ့ အလှူငွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်
လက်တလောတွင် အဖွဲ့ဝင်များ များပြားလာတဲ့အတွက် ယူနီဖောင်းများ Helmet များ ဒိုင်းကာများ လိုအပ်တာကြောင့် မိဘပြည်သူများထံတတ်နိုင်သလောက်အလှူငွေများ ဝိုင်းဝန်းကူညီပေးဖို့ RTF မှ မေတ္တာရပ်ခံခဲ့ပါတယ်။ သို့သော်လည်း စစ်တပ်မိသားစုဝင် တစ်ဦးဖြစ်သောနေခြည်ဦးရဲ့ အလှူငွေ ငါးသိန်းကို RTFမှ လက်မခံဘဲ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်
ထိုကဲ့သို့ မငြင်းပယ်ခင်က နေခြည်ဦးကို RTF ထဲက အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်ကြောင်းပြောပြီး အန်တီဆွေကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဦးလို့ပြောလိုက်တဲ့အခါ ဝေဖန်မှုတွေ ဖြစ်ပေါ်လာတဲ့အတွက် RTF Founder ကိုယ်တိုင်က နေခြည်ဦးကို ဆက်သွယ်ပြီး အလှူငွေတွေ ပြန်လွှဲပေးခဲ့ရတာ ဖြစ်တယ်လို့သိရှိရပါတယ်။
RTF ရဲ့ Founder ကလဲ ကျွန်တော်တို့ကို ပထမဆုံး နဲ့ နောက်ဆုံးအကြိမ် ခွင့်လွှတ်ပေးပါခင်ဗျာ 🙏🏻 မိဘပြည်သူများအားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ 🙏🏻 လို့ ပြောထားပါသေးတယ်