Unicode
ဒီနေ့ကြွေလွင့်ခဲ့တဲ့ Angel က သွေး၊ မျက်ကြည်လွှာ၊ ခန္ဓာတစ်ခုလုံးကို လှူဒါန်းခဲ့
ယနေ့ မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ တွင် ပစ်ခတ်မှုကြောင့် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့သော မကြယ်စင်မှာ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မန်းလေး အေးအေးမြင့်ဆံပင်ညှပ်ဆိုင်က တစ်ဦးတည်းသောသမီးဖြစ်ကြောင်း သိရပါတယ် သူမ မသေဆုံးခင်က သွေး၊ မျက်ကြည်လွှာ၊ ခန္ဓာရဲ့မည်သည့်အစိတ်အပိုင်းမဆို လှူမည့်အကြောင်း သွေးအမျိုးအစားနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရေးသားကာ စာရွက်စာတမ်း နဲ့ဆိုရင်တောင် angel အသက်သေမှာ လှူခွင့်ရမှာ တကယ်လိုအပ်ခဲ့ရင် angel အသက်မသေလဲအသေခံပြီး angel လှူပါတယ် လို့ ဖေ့ဘုတ်မှာ ရေးသားထားခဲ့တာကို တွေ့ရလို့ ပြည်သူများက လွန်စွာဝမ်းနည်းနေကြပါတယ်