လူတိုင်းရဲ့လွတ်လပ်ခွင့်တွေပျောက်ဆုံးခြင်း သက်သေ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို ဖမ်းဆီး ၅၀၅ က နဲ့တရားစွဲ
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် လည်းဖြစ် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း MRCCI ရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ်တဲ့ ဦးအောင်ဆန်းဝင်း ကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်
ဦးအောင်ဆန်းဝင်းကို မတ်လ ၄ ရက် ညပိုင်း က လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲ ရီမန်ယူထားတာလို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦး က ဆိုပါတယ်
တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦး ဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ရဲ့ ရုံးချိန်းကို သွားရင်း ဦးအောင်ဆန်းဝင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲထားတာကို သိခဲ့ရတာပါ ဘယ်လိုအကြောင်းအရာကြောင့် တရားစွဲဆိုတယ်ဆိုတာကို မသိရသေးပေမယ့် ဦးအောင်ဆန်းဝင်း ဦးဆောင်ပြီး လုပ်ထားတဲ့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးဝယ်ယူဖို့ အလှူငွေတွေကို စစ်ကောင်စီကို မလှူတော့ပဲ CDM ဝန်ထမ်းတွေကို လှူဖို့ လုပ်ဆောင်တာကြောင့်လို့ ပြောဆိုတာတွေရှိပါတယ်။ ဦးအောင်ဆန်းဝင်းကို မတ်လ ၁၉ ရက်မှာ တရားစွဲတင် စစ်ဆေးသွားမယ်လို့ သိရပါတယ် Crd- ဒီဗီဘီ