ေရာဂါဆယ္မ်ိဴးကို ေပ်ာက္ကင္းေစနိုင္တဲ့ အစြမ္းရွိတဲ့ ဆိပ္ဖလူးပင္၊ အပြင့္၊ အေခါက္

တန္ဖိုးႀကီးေသာေဆးပြင့္ မူးေဝငိုက္ မ်ဥ္းျခင္းကို ပယ္ေပ်ာက္ေစ နိုင္ၿပီး စိတ္ကိုၾကည္ႏူးေစေသာ ေဆးပြင့္။ ေသြးေဆးေဖာ္စပ္ ရာတြင္ အသုံးျပဳေသာ ေဆးပြင့္ျဖစ္သည္။ ဆိပ္ဖလူးပင္၏ ပဥၥငါးပါးသည္ ဆံပင္ကို အက်ိဳးျပဳသည္။ ဆံပင္ကၽြတ္ေသာေရာဂါကို ေကာင္း၏။ မီးယပ္ေသြးလြန္၊ ျမင္းသရိုက္ေရာဂါ၊ အဆစ္ေရာင္၊ သုတ္အားနည္းျခင္း၊ ဆီးလြန္ေရာဂါ၊ ကေလးသန္ထိုးေသာေရာဂါ၊ တိရိစၧာန္မ်ား အဆိပ္သင့္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။ ကိုယ္ဝန္ကို ႀကီးထြားေစသည္

(၁) ဆိပ္ဖလူးပြင့္ကို စုေဆာင္း အမႈန႔္ႀကိတ္၍ သၾကား ႏွင့္ ေရာစပ္၍ ေန႔လယ္ လဖက္စားဇြန္း တစ္ဇြန္းမွွန္မွန္ေသာက္ပါက အမ်ိဳးသားမ်ား သုတ္ေသြးအားေကာင္းေစ သည္

(၂) ဆိပ္ဖလူးပြင့္ကို သၾကားႏွင့္ ေၾကာ္စားလၽွင္ မိန္းမတို႔ ဘုန္းဆံထုံး ဆိုသည့္ အတိုင္း အမ်ိဳး သမီးမ်ား ဆံံပင္ေကာင္းေစ သန္ေစသည္

(၃) ဆိပ္ဖလူးပြင့္ကို ၾကက္သားႏွင့္ ေၾကာ္စားလ်င္ ကိုယ္ဝန္ကို ႀကီးထြားေစ သည္။ သန္မာထြားက်ိဳင္းေသာ သားသမီး ရတနာ၏ မိခင္ျဖစ္မည္

(၄) ဆိပ္ဖလူးပြင့္ သတၱရည္ကို ဆန္ေဆးရည္ႏွင့္ သၾကားအနည္းငယ္ ခပ္ေသာက္ ပါက အပုပ္ဆန္ေသာေရာဂါ ေပ်ာက္သည္

(၅) ဆိပ္ဖလူးပြင့္ ႏုႏုလက္ တစ္ဆုပ္ႏွင့္ င႐ုတ္ေကာင္း (၇)ေစ့ ႀကိတ္၍ ေသာက္လၽွင္ အမ်ိဳးသမီး မ်ားမီးယပ္ေသြးလြန္ ေပ်ာက္၏

(၆) ဆိပ္ဖလူးပြင့္အေျခာက္ကို လဖက္ေျခာက္ သဖြယ္ေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။(မွတ္ခ်က္ ဓာတ္ဘူးထဲက ညသိပ္ေရေႏြး မေသာက္ပါႏွင့္)

(၇) အေရျပားေပၚမွာျဖစ္ေသာ ယားနာအမ်ိဳးမ်ိဳး တို႔အတြက္ ဆိပ္ဖလူးပြင့္ကို နို႔(သို႔)နို႔မႈန႔္ႏွင့္ ႀကိတ္၍ လိမ္းေပးပါက ေပ်ာက္သည္

(၈) ဦးေခါင္း၌ျဖစ္ေသာ ဒက္ကို ဆိပ္ဖလူးပြင့္ေျခာက္ အုန္းဆီႏွင့္ခ်က္၍ လိမ္းေပးလၽွင္သက္သာေပ်ာက္ကင္းသည္

(၉) ဆိပ္ဖလူးရြက္သတၱဳရည္တြင္ ဆားခပ္၍ လဖက္ရည္ဇြန္းတစ္ဇြန္း တိုက္ပါက သန္ေကာင္မ်ား အေထြးလိုက္ က်ဆင္းေစပါသည္

(၁၀) ဆိပ္ဖလူးရြက္ သုံးခြက္ တစ္ခြက္တင္ က်ိဳေသာက္ပါက ဆီးခဏခဏ သြားရေသာ ဆီးလြန္ေရာဂါေဝဒ နာကို သက္သာ ေပ်ာက္ကင္းေစပါသည္

Crd – သမားေတာ္ႀကီးဦးေသာင္းေရႊ

Unicode

တန်ဖိုးကြီးသောဆေးပွင့် မူးဝေငိုက် မျဉ်းခြင်းကို ပယ်ပျောက်စေ နိုင်ပြီး စိတ်ကိုကြည်နူးစေသော ဆေးပွင့်။ သွေးဆေးဖော်စပ် ရာတွင် အသုံးပြုသော ဆေးပွင့်ဖြစ်သည်။ ဆိပ်ဖလူးပင်၏ ပဥ္စငါးပါးသည် ဆံပင်ကို အကျိုးပြုသည်။ ဆံပင်ကျွတ်သောရောဂါကို ကောင်း၏။ မီးယပ်သွေးလွန်၊ မြင်းသရိုက်ရောဂါ၊ အဆစ်ရောင်၊ သုတ်အားနည်းခြင်း၊ ဆီးလွန်ရောဂါ၊ ကလေးသန်ထိုးသောရောဂါ၊ တိရိစ္ဆာန်များ အဆိပ်သင့်သောရောဂါတို့ကို ပျောက်ကင်းစေသည်။ ကိုယ်ဝန်ကို ကြီးထွားစေသည်

(၁) ဆိပ်ဖလူးပွင့်ကို စုဆောင်း အမှုန့်ကြိတ်၍ သကြား နှင့် ရောစပ်၍ နေ့လယ် လဖက်စားဇွန်း တစ်ဇွန်းမှှန်မှန်သောက်ပါက အမျိုးသားများ သုတ်သွေးအားကောင်းစေ သည်

(၂) ဆိပ်ဖလူးပွင့်ကို သကြားနှင့် ကြော်စားလျှင် မိန်းမတို့ ဘုန်းဆံထုံး ဆိုသည့် အတိုင်း အမျိုး သမီးများ ဆံံပင်ကောင်းစေ သန်စေသည်

(၃) ဆိပ်ဖလူးပွင့်ကို ကြက်သားနှင့် ကြော်စားလျင် ကိုယ်ဝန်ကို ကြီးထွားစေ သည်။ သန်မာထွားကျိုင်းသော သားသမီး ရတနာ၏ မိခင်ဖြစ်မည်

(၄) ဆိပ်ဖလူးပွင့် သတ္တရည်ကို ဆန်ဆေးရည်နှင့် သကြားအနည်းငယ် ခပ်သောက် ပါက အပုပ်ဆန်သောရောဂါ ပျောက်သည်

(၅) ဆိပ်ဖလူးပွင့် နုနုလက် တစ်ဆုပ်နှင့် ငရုတ်ကောင်း (၇)စေ့ ကြိတ်၍ သောက်လျှင် အမျိုးသမီး များမီးယပ်သွေးလွန် ပျောက်၏

(၆) ဆိပ်ဖလူးပွင့်အခြောက်ကို လဖက်ခြောက် သဖွယ်သောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။(မှတ်ချက် ဓာတ်ဘူးထဲက ညသိပ်ရေနွေး မသောက်ပါနှင့်)

(၇) အရေပြားပေါ်မှာဖြစ်သော ယားနာအမျိုးမျိုး တို့အတွက် ဆိပ်ဖလူးပွင့်ကို နို့(သို့)နို့မှုန့်နှင့် ကြိတ်၍ လိမ်းပေးပါက ပျောက်သည်

(၈) ဦးခေါင်း၌ဖြစ်သော ဒက်ကို ဆိပ်ဖလူးပွင့်ခြောက် အုန်းဆီနှင့်ချက်၍ လိမ်းပေးလျှင်သက်သာပျောက်ကင်းသည်

(၉) ဆိပ်ဖလူးရွက်သတ္တုရည်တွင် ဆားခပ်၍ လဖက်ရည်ဇွန်းတစ်ဇွန်း တိုက်ပါက သန်ကောင်များ အထွေးလိုက် ကျဆင်းစေပါသည်

(၁၀) ဆိပ်ဖလူးရွက် သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါက ဆီးခဏခဏ သွားရသော ဆီးလွန်ရောဂါဝေဒ နာကို သက်သာ ပျောက်ကင်းစေပါသည်

Crd – သမားတော်ကြီးဦးသောင်းရွှေ