သီးစုံပဲကုလား ဟင်းချက်နည်းမေးနေသူများအတွက်

ကျန်းမာရေးအတွက် အာဟာရဖြစ်စေပြီး ထမင်းမြိန်စေမယ့် သီးစုံပဲကုလားဟင်းချက်နည်းလေးပါနော် ..ဟင်းတော်တော်များများနဲ့ လိုက်ဖက်လွန်းတဲ့ သီးစုံပဲကုလားဟင်းချက်နည်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်

ထမင်းစားတဲ့အခါ သီးစုံပဲကုလားဟင်းကြောင့် တကယ့်ကို ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက်လည်း အာဟာရရှိပြီး ကောင်းမွန်လှပါတယ်။ သီးစုံပဲကုလားဟင်း ပါဝင်တဲ့ အမျိုးအမည်များ အားလုံးကလည်း ကျန်းမာရေးအတွက် ကောင်းမွန် သင့်တော် လှတာမို့ ကိုယ်တိုင် ကြိုက်လို့ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ မကြာခဏချက်စားသင့်တဲ့ ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်

ပါဝင်သောပစ္စည်းများ

– ကြက်သွန်ဖြူ / နီ အနည်းငယ်

– ငရုတ်သီး အစိမ်းမှုန့်

– ချင်း၊ ပျင်းတော်သိမ်း၊ မဆလာ၊ ဇီယာ

– အာလူး အနည်းငယ်

– ဘူးသီး တစ်စိပ်

– ပဲသီး တစ်စည်း

– ဒန့်ဒလွန်သီး ၃ တောင့်ခန့်

– ရွှေဖရုံသီး တစ်စိပ်ခန့်

– ခရမ်းသီး တစ်လုံး

– ပန်းဂေါ်ဖီ အနည်းငယ်

– ရုံးပတီသီး

– ငရုပ်သီးစိမ်း အနည်းငယ်

– မကျည်းသီး အနည်းငယ်

– ကုလားပဲ တစ်ဆယ်သားခန့်

ပြုလုပ်ပုံအဆင့်ဆင့်

၁ ကုလားပဲကို နူးနေသည်အထိ ပြုတ်ပါ။ ပဲစိများကြေသွားသည်အထိပြုတ်ပါ။ ပဲစိများမကြေပါက ပဲများကို ဆယ်ထုတ်၍ ထောင်း ကြိတ်ခြင်းပြုလုပ်နိုင်ပါတယ်။ ကုလားပဲကို ညကတည်းက ရေစိမ်ပြီး မနက်ကျမှပြုတ်လျှင် ခဏလေးနဲ့နူးပါတယ်

၂ ညက်ညက်ကြေနေသော ပဲအနှစ်များကို ခွက်တစ်ခုထဲကို သပ်သပ်ခပ်ထည့်ထားပါ

၃ ကြက်သွန်ဖြူ,နီ ဆီသပ်ပြီးနီလာလျှင် ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ

၎ ဂျင်းထောင်း,ပျဉ်းတော်သိမ်း,မဆလာ,ဇီယာထည့်၍ အနံ့မွှေးပြီး ရွလာသည်အထိ ဆီသတ်ပါ

၅ အာလူး၊ ဘူးသီး၊ ပဲသီး၊ ဒန့်ဒလွန်သီး နှင့် ရွှေဖရုံသီး တို့ကို အနေတော်တုံး စိပ်၍ ရေစင်အောင်ဆေးပြီး ဆီသပ်ထားသော အိုးထဲသို့ ထည့်ပါ

၆ ခရမ်းသီး၊ ပန်းဂေါ်ဖီ ထည့်ပါ

၇ ပဲအနှစ်များထည့်ပါ။ ရေလိုလျှင် ရေနွေးထည့်ပေးပြီးမွှေပါ

၈ ဟင်းခပ်မှုန့် ၊ ကြက်သားမှုန့်၊ အချိုမှုန့် ၊ ငံပြာရည် စသည်ဖြင့် အပေါ့ အငန် ထည့်ပါ

၉ ၁၀ မိနစ်ခန့်ထားပြီး အိုးပွက်ပွက်ဆူလာလျှင် ရုံးပတီသီး၊ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်ပြီး အရသာမြည်းပါ

၁၀ မန်ကျည်းရည် အနည်းငယ်ထည့်ပြီး မိမိကြိုက်နှစ်သက်သလို အရသာပြင်ပါ ၅ မိနစ်ခန့်ကြာရင်တော့ မီးဖိုခလုတ်ပိတ်လို့ရပါပြီ။ အခုဆိုရင်တော့ အနံ့အရသာပြည့်စုံလှတဲ့ သီးစုံပဲကုလားဟင်းရပြီမို့ ချစ်ခင်သူများနှင့်အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ပျော်ရွှင်စရာကောင်းသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင် Credit Photo & Post