ပါဠိဂါထာ
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊
သံဃော မေ သရဏံ အညံ နတ္ထိ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
အနက် မြန်မာပြန်
Unicode
မိုးညှင်းဆရာတော်ကြီး အမြဲရွတ်ပွားသည့် အန္တရာယ်ကင်းဂါထာ
အောက်ပါဂါထာမှာ ရှေးအထက် ဆရာကြီးတို့ အဆက်ဆက် လက်စွဲပြု၍ မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် အမြဲရွတ်ဆိုလျက် တပည့်များကိုလည်း ရွတ်ဆိုရန် ညွှန်ပြတော်မူသော အန္တရာယ်ကင်းဂါထာတော် ဖြစ်သည်
ပါဠိဂါထာ
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
ဧသာ ဉတ္တိ၊ သဗ္ဗ အန္တရာယော ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ
အနက် မြန်မာပြန်
ဘုရားရှင်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။ တရားတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။ သံဃာတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ
အမိအဖတို့၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။ ဆရာ၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ
ငါ၏ကိုးကွယ်ရာသည် ဘုရားသာ ဖြစ်၏။ ဘုရားမှတပါး အခြားကိုးကွယ်ရာမရှိ
ငါ၏ကိုးကွယ်ရာသည် တရားသာ ဖြစ်၏။ တရားမှတပါး အခြားကိုးကွယ်ရာ မရှိ
ငါ၏ကိုးကွယ်ရာသည် သံဃာသာ ဖြစ်၏။ သံဃာမှတပါး အခြားကိုးကွယ်ရာ မရှိ
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
အန္တရာယ်ဟူသမျှ ဝေးရာရှောင်ရှား သွားကြကုန်လော့
မင်းဉာဏ်ဝေ မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်နဝါရီလ