ပြည်သူလေရဲ့မှတ်မှတ်ရရစစ်ပွဲပေါ့ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် မဂ်လာပွဲလေးတစ်ပွဲရိုက်ကူးဖို့အလုပ်ကလေးတစ်ခုရလိုက်ပါတယ် ဘဝမှာတစ်ခါမှ မကြုံဖူးခဲ့တဲ့ မှတ်တမ်းပွဲလေးပါ မဂ်လာအခန်းအနားကျင်းပရာ ထားဝယ်မြို့ ဝဲကျွန်းရပ် မဂ်လာအိမ်ဂေဟါရှေ့လမ်းမပေါ်မှာ
သပိတ်မှောက်ပြည်သူတွေကို လူစုခွဲဖို့ လုံခြုံရေးတပ်တွေ ရုပ်တရက် ရောက်လာကြပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်နေကြလို့ ဘိသိက် မဂ်လာမြှောက်နေတုန်းလေး ပွဲရပ်လိုက်ရတယ် မဂ်လာအိမ်ဂေဟါဖက်ကို အုပ်စုအလိုက် လက်နက်တွေနဲ့ တချက်ချိန်လိုက်တော့ အိမ်ပေါ်က ဂုဏ်သရေရှိဧည့်သည်တော်များနဲ့အတူ ကျနော်တို့ လန့်ခဲ့ကြပါတယ်
ဘိသိက်ဆရာကြီးလဲ ပွဲ ပြန်စတော့ မောက်ကျက်သရေခေါင်းပေါင်းတောင်မရှိတော့လို့ ရှာပါအုံး ဆောင်းပါအုံးလို့ ကျနော်ပြောလိုက်ရသေးတယ် အားလုံး ငိုအားထက် ရယ်အားသန်ခဲ့ကြရတဲ့ပွဲလေး အမှတ်တရရှိနေကြမှာပါ အခုတော့ မဂ်လာပွဲကြီးပြီးပြည့်စုံစွာအောင်မြင်ပါပြီ မဂ်လာဘိသိက်ကျင်းပရာ သုံးထပ်တိုက်မှန်လုံခန်းထဲအထိ ယိုစိမ့်ဝင်လာတဲ့မျက်ရည်ယိုဗုံးရဲ့အငွေကြောင့် ကျနော်တို့မျက်စိစပ်ခဲ့တယ် မူးနောက်နောက်ဖြစ်သွားကြပါတယ် crd