Bye Bye MRTV ​ရေ…











Bye Bye MRTV ​ရေ…Tu Lip

Unicode

ကျွန်မ သင်းသင်းစိုးသည် MRTVကို ၂၀၁၆ ခုနှစ် ၇ လပိုင်းကစပြီး အလုပ်ဝင်ခဲ့ပါတယ်

ကိုယ့်လိုပဲ အတူတူဝင်ကြတဲ့လူ​တွေ အများကြီးပါ

ဌာန​တွေခွဲကြ​တော့ ကျွန်မက သတင်းဖတ်ရမယ့် ​နေရာကို​ရောက်ပါတယ်

ဘယ်လူကြီးနဲ့မှလည်း မသိသလို ဘယ်လူကြီးမှလည်းမဖားခဲ့ဖူးပါ

ယုတ်စွအဆုံး လက်​ဆောင် အ​သေး​လေးကစ ဘာလက်​ဆောင်မှ​တောင် မ​ပေးခဲ့ဖူးပါ

သတင်းဖတ်တာ အ​စောကတည်းက ဝါသနာပါလားဆို​တော့ အမှန်အတိုင်း​ပြောရရင် ရူးသွပ်တဲ့အထိ မဖြစ်ခဲ့ဘူး

ဖတ်ရင်းနဲ့ ကိုယ့်အလုပ်မှာ ပျော်​မွေ့လာတယ် ချစ်လာတယ်

ကိုယ့်နယ်​လေးနဲ့ ပတ်သက်တဲ့ သတင်း​လေးများပါလာရင် ဖတ်ရတာ ပိုပြီး​ပျော်တယ်

သတင်းဖတ်တဲ့ အလုပ်ကို​တော့ဖေ​ဖော်ဝါရီလ ၉ရက်​နေ့က နောက်ဆုံးအဖြစ် ဖတ်ခဲ့တာဖြစ်ပါတယ်

ကျွန်မသည် CDMလုပ်တာ မဟုတ်ပါ အပြီး​တိုင် အလုပ်ထွက်တာ ဖြစ်ပါတယ်.. ထပ်​ပြောပါမယ် အပြီးတိုင် အလုပ်ထွက်တာပါ

Bye Bye MRTV ​ရေ…Tu Lip