unicode
သင် တနင်္ဂနွေ သားသမီးလေးတွေကို ချစ်သူတော်မယ်ဆိုရင်.တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမဲ့ အခြားလူတွေနဲ့ ကွဲပြားတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ်
တနင်္ဂနွေ သားသမီးတွေဟာ စာဖတ်ဝါသနာ ပါကြတယ်။ ဗဟုသုတကို လိုက်စားတယ် အအိပ်မက်တယ် အစားမကြီးဘူး။ ဒါပေမယ့် ခဏခဏစားနေတတ်တာမျိုး၊ ဒေါသကြီးပေမယ့် ကောက်ရိုးမီးလိုမျိုး၊ ဒါပေမယ့် စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာကောင်းနေပြန်ရော၊ ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်စိတ် အလိုအကျအတိုင်း ဖြစ်စေချင်တဲ့ သူမျိုး၊ အရမ်းလဲ ချစ်တတ်ကြတယ်။ အချစ်ကြီးပြီး အချစ်အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ။ ဒါကြောင့် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်း ပြောရမယ်။ ဦးဆောင်လိုစိတ် ပြင်းပျတယ်
နေရာတကာ ဆရာကြီးလုပ်တဲ့ သူမျိုး မဟုတ်ပေမဲ့ ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိသူတွေပါ။ မိသားစုကိုလည်း ချစ်တတ်ကြတယ်။အပေါင်းအသင်း မက်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပတ်တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ။ သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာခံတတ်တယ်။ ခံစားရတာတွေကိုလဲ မျိုသိပ်ထားတတ်ကြတယ်။ ဒါကြောင့် အများရှေ့မှာ ပြုံပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့ သူမျိုးတွေပါ။ အထူးအခြားဆုံး အချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းတာပါပဲ . မှန်ရင် share သွားကြပါ