ဘဏ်ထဲမှာ သိန်း(၇)သောင်းရှိတယ်လို့ ဝေဖန်စွတ်စွဲလာသူကို ပညာသားပါပါပြန်လည်ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။လူငယ်ပီပီ ရှေ့ဆုံးကနေပြီး ပြည်သူတွေကိုကာကွယ်ပေးနေတာကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေကပါ လေးစားနေကြတာလည်း ဖြစ်ပါတယ်

ဒါ့အပြင်သူရဲ့ များပြားလှတဲ့ Follower တွေကိုအသုံးချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်

 

အဲဒီလိုလုပ်ဆောင်ချက်တွေကြောင့် ပိုင်တံခွန်ဟာ နည်းမျိုးစုံခြိမ်းခြောက်ခံရမှုတွေရှိနေတာမို့ မိသားစုနဲ့ခွဲခွာကာတိမ်းရှောင်နေရပါတယ်။ဒါပေမယ့်သူကတော့ နောက်မဆုတ်ဘဲဒီနေ့ဒီချိန်ထိ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်

အခုလည်း သူရဲ့ဘဏ်အကောင့်ထဲမှာ ငွေသား သိန်း ၇သောင်းရှိကြောင်း ဝေဖန်စွတ်စွဲမှုတွေထွက်လာတာနဲ့ပတ်သက်ပြီး စွတ်စွဲလာသူကို ခုလို ပညာသားပါပါ ရေးသားကာသူရဲ့အကောင့်လေးမှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ် ကျနော့် ဘဏ်ထဲ မှာ အရင်ကဖြစ်ဖြစ် အခုဖြစ်ဖြစ် သိန်း ၇ သောင်း တကယ်ရှိရင် တပြား တချပ်မကျန် မရှိတဲ့ လူတွေကို လှူပါမယ်တကယ်လို့ ဘဏ်ထဲမှာ သိန်းတရာတောင်မရှိရင် သိန်း ၇ သောင်း ရှိပါတယ်ဆိုပြီး ကြေငြာထားတဲ့ သူတောင်းစားက ဘဏ်ထဲ သိန်း ၇ သောင်း ပြန်ဖြည့်ပေးရပါမယ် ဆိုတဲ့စာလေးကိုရေးသားပြန်ရှင်းထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ် crd