


 





unicode

ကိုချစ်မင်းသူရဲ့ ဇနီးဖြစ်သူအား ကိုယ်ဝန်နဲ့ပတ်သက်ပြီးတာဝန်ယူစောင့်ရှောက်မှုတွေအကုန်လုပ်ပေးမယ့် နီနီခင်ဇော်

မြောက်ဒဂုံက ကျဆုံးသွားတဲ့ ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်​ဆောင် ဇနီးနဲ့ သမီး​လေးအတွက် တတ်နိုင်တဲ့ ဘက်ကသွား​​ရောက်ကူ​ပေးခဲ့ပါတယ်….

ကိုယ်ဝန်နဲ့ဆို​တော့ယခု အချိန်က​နေစပြီး ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ ​စောင့်​ရှောက်မှု​တွေ (ဆီးစစ် ​သွေးစစ်တာ​နေစ လိုအပ်​သော​အစစအရာရာ) ​

မွေးဖွားပြီးသည်အထိ နီနီတို့ သူငယ်ချင်း မတည် ထားတဲ့ ဆန္ဒမွန်အခမဲ့ကုသိုလ်ဖြစ်သားဖွား​ဆေးခန်းက​နေ တာဝန်ယူ​ပေးသွားပါမယ်ဆိုတဲ့အ​​​ကြောင်းလည်းအား​ပေးရင်း ညီမ​အားတင်းထားဖို့​ပြောခွင့်ရခဲ့ပါတယ်

ကိုချစ်မင်းသူတာဝန်​ကျေခဲ့သလို ကျမတို့ပြည်သူ​တွေလည်း အချင်းချင်းပြန်ကူညီကြတာမြင်ရလို့ကျမတို့အား​တွေထပ်ဖြစ်ရပါတယ်

လိုက်ခဲ့ပေးတဲ့ Ninians ကိုယ်စားပြု Aye Thiri Khine Julian ​ကျေးဇူးတင်ပါတယ်