ေဒါက္တာဆာဆာကို နိုင္ငံေတာ္သစၥာေဖာက္လို႔ စစ္ေကာင္စီစြပ္စြဲ

ေဒါက္တာဆာဆာကို နိုင္ငံေတာ္သစၥာေဖာက္လို႔ စစ္ေကာင္စီစြပ္စြဲ

ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ( CRPH)က ခန႔္အပ္ထားတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအထူးကိုယ္စားလွယ္ ေဒါက္တာဆာဆာကို နိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ အာဏာသိမ္း စစ္ေကာင္စီက တရားစြဲဆိုထားေၾကာင္း မတ္လ ၁၆ ရက္ ဒီကေန႔ စစ္တပ္ပိုင္ ျမဝတီသတင္းက ေၾကညာသြားပါတယ္


စစ္အာဏာဖီဆန္ေရး CDM လူထုလႈပ္ရွားမႈမွာ အစိုးရဝန္ထမ္းေတြပါဝင္လာေအာင္ ေဒါက္တာဆာဆာက လႈံေဆာ္ေနတယ္လို႔ စစ္ေကာင္စီက စြပ္စြဲလိုက္ပါတယ္

ေဒါက္တာ ဆာဆာဟာ လက္ရွိျပည္ပမွာ ေနထိုင္ၿပီးေတာ့ ျမန္မာစစ္တပ္ရဲ့ အၾကမ္းဖက္သတ္ျဖတ္တဲ့ လုပ္ရပ္ေတြကို နိုင္ငံတကာ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံၿပီး ကမၻာသိေအာင္ ေျပာဆိုေနသလို နိုင္ငံတကာ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေနသူလည္း ျဖစ္ပါတယ္

အာဏာသိမ္းစစ္ေကာင္စီဟာ သူ႔ကိုဆန႔္က်င္တဲ့ နိုင္ငံျခားေရာက္ေနသူေတြကို နိုင္ငံေတာ္သစၥာေဖာက္လို႔ ေၾကညာေနတာပါ။ ကုလသမဂၢရဲ့ ျမန္မာအျမဲတမ္း ကိုယ္စားလွယ္ဦးေက်ာ္မိုးထြန္းကိုလည္း စစ္အာဏာရွင္ ဆန႔္က်င္ေနလို႔ နိုင္ငံေတာ္သစၥာေဖာက္လို႔ ေၾကညာခံထားရပါတယ္

ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ( CRPH)ကေတာ့ အာဏာသိမ္းစစ္ေကာင္စီကို အၾကမ္းဖက္အုပ္စုလို႔ ေၾကညာထားပါတယ္။စစ္ေကာင္စီက ထုတ္ျပန္ထားတဲ့ အမိန႔္ေတြမွန္သမၽွ မလိုက္နာၾကဖို႔လည္း CRPH က ျပည္သူေတြကို အသိေပး ေျပာဆိုထားပါတယ္။credit-rfa

unicode

ဒေါက်တာဆာဆာကို နိုင်ငံတော်သစ္စာဖောက်လို့ စစ်ကောင်စီစွပ်စွဲ

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ( CRPH)က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားကြောင်း မတ်လ ၁၆ ရက် ဒီကနေ့ စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာသွားပါတယ်။စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေပါဝင်လာအောင် ဒေါက်တာဆာဆာက လှုံဆော်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်

ဒေါက်တာ ဆာဆာဟာ လက်ရှိပြည်ပမှာ နေထိုင်ပြီးတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ကမ္ဘာသိအောင် ပြောဆိုနေသလို နိုင်ငံတကာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေသူလည်း ဖြစ်ပါတယ်

အာဏာသိမ်းစစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ နိုင်ငံခြားရောက်နေသူတွေကို နိုင်ငံတော်သစ္စာဖောက်လို့ ကြေညာနေတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုလည်း စစ်အာဏာရှင် ဆန့်ကျင်နေလို့ နိုင်ငံတော်သစ္စာဖောက်လို့ ကြေညာခံထားရပါတယ်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ( CRPH)ကတော့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုလို့ ကြေညာထားပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အမိန့်တွေမှန်သမျှ မလိုက်နာကြဖို့လည်း CRPH က ပြည်သူတွေကို အသိပေး ပြောဆိုထားပါတယ်။credit-rfa