လမ္းေပၚမွာငုံးဥျပဳတ္ေရာင္းေနတဲ့ ကေလးငယ္ေလးရဲ့ စိတ္ဓာတ္က ေလးစားစရာေကာင္းလို႔ သူ႔ရဲ့အေတြ႕အၾကဳံကို မၽွေဝလာတဲ့ ျပည္သူတစ္ဦး

အခုလိုအခ်ိန္မ်ိဳးမွာဆိုရင္ လူေတြရဲ့စိတ္ထားနဲ႔အက်င့္သီလတို႔ကို ထင္ထင္ရွားရွားေတြ႕ျမင္ေနရတာပဲ ျဖစ္ပါတယ္။လက္ရွိအေျခအေနေၾကာင့္ ကေလးေတြကအစ မိမိတို႔တတ္နိုင္တဲ့အင္အားေလးေတြနဲ႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ေပးေနၾကတာ ျဖစ္ပါတယ္။လမ္းေပၚမွာလႈပ္ရွားေနၾကတဲ့ ျပည္သူေတြကို ကေလးေတြကလည္း ဖရဲသီးေတြ၊မုန႔္ဖက္ထုတ္ေတြ စတဲ့စားစရာေလးေတြကို တစ္နိုင္တစ္ပိုင္ေလး လႉဒါန္းေနၾကတာျဖစ္လို႔အသက္သာငယ္ေပမယ့္ ေလးစားဖို႔ေကာင္းတဲ့စိတ္ထားပိုင္ရွင္ေလးေတြ ျဖစ္ပါတယ္။

တခ်ိဳ႕ကေလးေတြကေတာ့ မိသားစုရဲ့စားဝတ္ေနေရးအတြက္ တစ္ဖက္တစ္လမ္းကေနကူညီေပးေနၾကတာျဖစ္ပါတယ္။တစ္ရက္ကဆိုရင္လည္း ျပည္သူတစ္ဦးက ခရီးသြားရင္း အျမန္လမ္းေပၚတက္ခါနီးမွာ ကေလးငယ္တစ္ေယာက္က ကားနားလာၿပီး ငုံးဥျပဳတ္ေရာင္းတဲ့အေၾကာင္းကို မၽွေဝလာတာျဖစ္ပါတယ္။ငုံးဥျပဳတ္ေရာင္းတဲ့ကေလးက အခုလိုအေရာင္းပါးေနတဲ့အခ်ိန္မွာေတာင္ ငုံးဥျပဳတ္ကို ေစ်းမွန္နဲ႔ပဲေရာင္းခ်ေနတာ ျဖစ္ပါတယ္။ဝယ္သူကလည္း သုံးထုတ္ငါးရာျဖစ္လို႔ တစ္ေထာင္ဖိုးေပးဆိုၿပီး ဝယ္ယူအားေပးလိုက္တာ ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာ ငုံးဥျပဳတ္ေရာင္းေနတဲ့ကေလးက ေနာက္မွာရပ္ေနတဲ့ သူ႔သူငယ္ခ်င္းကို လွမ္းေခၚကာ “မင္းထဲကငါးရာဖိုး ေပးလိုက္ေလ”ဆိုၿပီး မၽွေရာင္းလိုက္တာျဖစ္ပါတယ္။ဝယ္သူကလည္း ကေလးရဲ့စိတ္ထားေလးေၾကာင့္“ဒီေကာင္ တကယ့္လူေတာ္လူေကာင္းပဲ”လို႔ စိတ္ထဲကေန ခ်ီးက်ဴးလိုက္တာ ျဖစ္ပါတယ္။ပညာေတြသင္ က်င့္ဝတ္ေတြသင္ေနတဲ့ ပတ္ဝန္းက်င္မွာ ေတြ႕ရခဲတဲ့ အမူအက်င့္ေကာင္းေလးေတြကို အခုလိုအရြယ္ေတာင္မေရာက္ေသးတဲ့ကေလးေတြဆီမွာမထင္မွတ္ဘဲေတြ႕လိုက္ရတာေၾကာင့္ ဒီအေၾကာင္းအရာေလးကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Credit

unicode

အခုလိုအချိန်မျိုးမှာဆိုရင် လူတွေရဲ့စိတ်ထားနဲ့အကျင့်သီလတို့ကို ထင်ထင်ရှားရှားတွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် ကလေးတွေကအစ မိမိတို့တတ်နိုင်တဲ့အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ကလေးတွေကလည်း ဖရဲသီးတွေ၊မုန့်ဖက်ထုတ်တွေ စတဲ့စားစရာလေးတွေကို တစ်နိုင်တစ်ပိုင်လေး လှူဒါန်းနေကြတာဖြစ်လို့အသက်သာငယ်ပေမယ့် လေးစားဖို့ကောင်းတဲ့စိတ်ထားပိုင်ရှင်လေးတွေ ဖြစ်ပါတယ်။

တချို့ကလေးတွေကတော့ မိသားစုရဲ့စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေကူညီပေးနေကြတာဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ပြည်သူတစ်ဦးက ခရီးသွားရင်း အမြန်လမ်းပေါ်တက်ခါနီးမှာ ကလေးငယ်တစ်ယောက်က ကားနားလာပြီး ငုံးဥပြုတ်ရောင်းတဲ့အကြောင်းကို မျှဝေလာတာဖြစ်ပါတယ်။ငုံးဥပြုတ်ရောင်းတဲ့ကလေးက အခုလိုအရောင်းပါးနေတဲ့အချိန်မှာတောင် ငုံးဥပြုတ်ကို စျေးမှန်နဲ့ပဲရောင်းချနေတာ ဖြစ်ပါတယ်။ဝယ်သူကလည်း သုံးထုတ်ငါးရာဖြစ်လို့ တစ်ထောင်ဖိုးပေးဆိုပြီး ဝယ်ယူအားပေးလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ငုံးဥပြုတ်ရောင်းနေတဲ့ကလေးက နောက်မှာရပ်နေတဲ့ သူ့သူငယ်ချင်းကို လှမ်းခေါ်ကာ “မင်းထဲကငါးရာဖိုး ပေးလိုက်လေ”ဆိုပြီး မျှရောင်းလိုက်တာဖြစ်ပါတယ်။ဝယ်သူကလည်း ကလေးရဲ့စိတ်ထားလေးကြောင့်“ဒီကောင် တကယ့်လူတော်လူကောင်းပဲ”လို့ စိတ်ထဲကနေ ချီးကျူးလိုက်တာ ဖြစ်ပါတယ်။ပညာတွေသင် ကျင့်ဝတ်တွေသင်နေတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ အမူအကျင့်ကောင်းလေးတွေကို အခုလိုအရွယ်တောင်မရောက်သေးတဲ့ကလေးတွေဆီမှာမထင်မှတ်ဘဲတွေ့လိုက်ရတာကြောင့် ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit