unicode
“ညားကာစ လင်မယားကို စကားတစ်ခွန်းထဲနဲ့ ကွဲအောင်လုပ်ခဲ့တဲ့ ဘကြီး”လက်ထပ်ပြီးတာမကြာသေးသောလင်မယား၂ ယောက် အိမ်ရှေ့မှာ အေးအေးလူလုထိုင်စကားပြောနေတုန်း ခြံရှေ့မှာအဘိုးကြီးတယောက် လာရပ်ကာ သမီး ဘကြီးဆီခဏလောက်ကွယ်မိန်းမဖြစ်သူက ဘကြီးအိမ်လိပ်စာမေးချင်လို့ ထင်ပါရဲ့ဟု ထိုင်ရာကထသွားတော့
အဘိုးကြီးကဒီလိုပါသမီးရယ် “ဘကြီးပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့ ”အဘိုးကြီးက ထိုမျှသာပြောကာ သူတို့အိမ်ရှေ့က ဆက်လက်ထွက်ခွာသွားလေရာ …မိန်းမဖြစ်သူမှာ ဘာကိုနားလည်ရမှန်းမသိဘဲ သူ့ယောက်ျားဘေး ပြန်လာထိုင်လေသည်
“မိန်းမ ဟိုဘကြီးက ဘာပြောသွားတာလဲ”“အော် သူပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့တဲ့”“အေးလေ ဒါတော့ဒါပေါ့ ဒါပေမဲ့ မင်းနဲ့ငါက ချစ်လို့ယူထားတဲ့လင်မယားဘဲ ငါ့တော့ပြောပြ သင့်ပါတယ်”
” အင်းပါမောင်ရဲ့… ဘကြီးကသူပြောတာ ဘယ်သူ့မှမပြောပါနဲ့တဲ့”“မဟုတ်သေးဘူးလေကွာ တခြားသူတော့မပြောနဲ့ပေါ့ငါ့ကမင်းလင်လေ ငါ့ကိုတော့ မင်းမပြောဘဲနေလို့ရမလားဘာလဲ.. ဒီအဘိုးကြီးက မင်းနဲ့မကင်းမရှင်းဖြစ်ဘူးလို့လား…”
“ရှင်နော် စကားပြောရင်ကြည့်ပြော လူကိုမစော်ကားနဲ့ အဲဒီဘကြီးက သူပြောတာ “ဘယ်သူ့မှမပြောပါနဲ့” တဲ့ဆိုမှ ကျမက ဘာထပ် ပြောရဦးမှာလဲ” ဟေ့ ဒီမယ် ငါကနင့်လင်နော် ငါမေးရင် နင်ပြောကိုပြောရမယ် မပြောရင် နင်လင်ငယ် နေလို့ဘဲ…””
အံမယ်ရှင်ကများ ကျမကိုစော်စော်ကားကား ရှင်သာကျမနဲ့ မယူခင် အေးခင်တို့ မြမူတို့နဲ့ဖြစ်ခဲ့တာ မသိဘူးထင်နေလား”” နင်ကော လှရွှေတို့ သောင်းအေးတို့နဲ့ ကင်းလို့လား”“ရှင်မသဒီရင် မပေါင်းနဲ့လေ”
“အေးမပေါင်းဘူးဟေ့ ကွာမယ် လာတရားရုံးသွားမယ်”“အိုကြာသလားလို့ …”စာဖတ်သူများခင်ဗျာ” သူများလင်မယား ပြဿနာတက်အောင် ပြောသွားသော
ထိုအဘကြီးအားတွေ့ရှိပါက အကြောင်းကြားပေးကြပါရန် –#တော်တော်မွှေတဲ့ အဘ ကွာ..
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။Credit