ကြၽန္ေတာ္ နဲ႔ တ႐ုတ္ေရေႏြးအိုး
၃ မိနစ္အိုးလို႔ေျပာလိုက္တာနဲ႔ ေဈးကြက္ထဲမွာ ၃ေထာင္တန္ေလာက္ ေရေႏြးအိုးေတြ မ်က္လုံးထဲေျပးျမင္မိတယ္။တန္လည္း တန္တာကိုး…ကြၽန္ေတာ္လည္း ၃ေထာင္တန္ပဲသုံးတယ္ေလ။
အဲ့ျပႆနာက ကိုယ္ေတြ႕မွကိုယ္ေတြ႕စစ္စစ္….ဇာတ္လမ္းစေျပာရရင္ တစ္ညေပါ့ဗ်ာ။ ေရေႏြးေသာက္မယ္ဆိုၿပီး ၃မိနစ္အိုးေလးကို ခလုတ္တန္းဖြင့္လိုက္တာေပါ့။
အရင္ကလည္း အဲ့လိုပဲ သုံးေနၾကေလ။ Plug ကို တန္းထိုးထားၿပီး ေရေႏြးအိုးအတြက္ သီးသန႔္ Socket တစ္ခု နဲ႔ switch တစ္ခု ထားေပးထားတာကိုး။
အိမ္မွာက RCBO ေရာ sub MCB ေတြပါ ခံထားေတာ့ ဘာမွစိတ္မပူရဘူးေလ။
ရာဇာေနဝင္းလိုေျပာရရင္ မ်က္စိမွိတ္လို႔ လက္နဲ႔ကိုင္ေတာင္ မင္းအတြက္ေဘးကင္းဆဲ…ဟီး… ဇာတ္လမ္းျပန္ဆက္ရရင္..
မိနစ္ပိုင္းေလးအတြင္းမွာပဲ ခြက္ေအာက္ကေန မီးေတာက္ေတြ ဝုန္းခနဲ ထေတာက္လာေရာ.. အဲ့မီးေတာက္ျမင္ေတာ့မွ ခြက္ကိုယူၿပီး ေရခ်ိဳးခန္းထဲ ပစ္ထည့္လိုက္တာေပါ့။
ဘယ္က စျဖစ္တာမွန္းမသိေတာ့ေလာက္ေအာင္ကို အေတြးေတြစုံသြားတယ္။ Shock ျဖစ္ရင္လည္း Breaker ေတြ တန္းစီက်မွာေလေနာ့..ျပန္ေတြးၾကည့္ေတာ့မွ ေရေႏြးအိုးထဲမွာ ေရရွိ မရွိ သတိမထားမိဘဲ switch on မိလိုက္တာပဲဗ်
စိတ္နည္းနည္း ၿငိမ္ေတာ့မွ ေရေႏြးအိုးေလးကို သြားျပန္ေကာက္။ အဖုံးဖြင့္ၾကည့္ေတာ့မွ အပူေပးတဲ့ Heating Element က ထေလာင္တာတဲ့ဗ်ာ။
ေရာ္… အမွန္တကယ္ဆိုရင္ ေရေႏြးအိုးမွာ ပူလာရင္ျဖတ္ဖို႔ Thermostat ႏွစ္ခုပါရတယ္ဗ်။
တစ္ခုက လက္ကိုင္က Switch မွာ..ေရေႏြးေတြဆူရင္ အပူေငြ႕ေတြက လက္ကိုင္က တဆင့္ Thermostatကို ပိတ္ေပးမွာ။ ေနာက္တစ္ခုက အိုးဖင္မွာ.. အိုးအရမ္းပူလာရင္ Auto ျဖတ္ေပးဖို႔။
အဲ့ေတာ့ ကြၽန္ေတာ့္အေျခအေနအရ… ေရမရွိရင္ေတာင္ အိုးပူရင္ အိုးဖင္က Thermostat က ျဖတ္ေပးရမွာေလ။ အခုေတာ့ Heating element က မီးထေလာင္ရတယ္လို႔ မၾကားဖူးေပါင္ဗ်ာ။အဲ့အေျခအေနကို သုံးသပ္ၾကည့္ရင္…
၁။အိမ္မွာ လွ်ပ္စစ္ကို စိတ္ခ်ရေအာင္ RCBO ေတြ MCB ေတြ တပ္ထားေပမယ့္ အပူကေနၿပီးေတာ့ ေဘးကိုလိုက္ေလာင္မယ့္ အေနအထားကို သူတို႔ မကာကြယ္ေပးႏိုင္ဘူး။
၂။ေရေႏြးအိုးတည္တာမွာလည္း ၃ မိနစ္ေနရင္ ပိတ္သြားလိမ့္မယ္ဆိုတဲ့ အေတြးမ်ိဳးကို မယုံၾကည္ရတာမ်ိဳး
၃။Quality နိမ့္တဲ့ ပစၥည္းမ်ိဳးေတြပဲ အဟုတ္ႀကီးထင္ၿပီး သုံးေနမိတာမ်ိဳးေပါ့။
အဲ့ေတာ့ ဒီ Post ကို ဖတ္ေနတဲ့အထဲမွာ အိမ္ရွင္မေတြပါေနခဲ့ရင္ အႀကံတစ္ခုေပးခ်င္ပါတယ္။ ကိုယ့္အိမ္က ၃မိနစ္အိုးကို ျပန္စမ္းၾကည့္ပါ။ဘယ္လိုစမ္းရမလဲဆိုေတာ့…
၃ မိနစ္အိုးထဲ ဘာေရမွမထည့္ဘဲ ၁၅ စကၠန႔္ေလာက္ ဖြင့္ ထားၾကည့္ပါ။သူ႔အလိုလိုျပန္ပိတ္သြားခဲ့ရင္ေတာ့ အိုးပူရင္ ျပန္ပိတ္ပါတယ္ဆိုၿပီး စိတ္ခ်လို႔ရပါတယ္။
မပိတ္ရင္ေတာ့ Quality ေကာင္းတာေလးေတြပဲ ထပ္ဝယ္သုံးၾကပါလို႔ အႀကံေပးခ်င္ပါတယ္။
ဒီ Post ကိုတင္ရတဲ့ အဓိက ရည္႐ြယ္ခ်က္ကေတာ့ ျမန္မာႏိုင္ငံမွာ ေလာင္သမွ်မီးကို ဝိုင္ယာေရွာ့ ဝိုင္ယာေရွာ့ဆိုၿပီး ေျပာခံေနရတာကို ခံျပင္းတာရယ္..
ကိုယ္ေတြလိုမ်ိဳး အရည္းအေသြးမျပည့္မီတဲ့ပစၥည္းေတြကို သုံးေနရတဲ့ အိမ္ေထာင္စုေတြ မီးေဘးအႏၲရာယ္ကေန ေဝးဖို႔အတြက္ပဲ ရည္႐ြယ္ပါတယ္။
ပူျပင္းေျခာက္ေသြ႕လာတဲ့ ေႏြရာသီမွာ အိမ္တိုင္း အိမ္တိုင္း မီးေဘးကင္းၾကပါေစ။
ခရစ္ဒစ္
unicode
ကျွန်တော် နဲ့ တရုတ်ရေနွေးအိုး
၃ မိနစ်အိုးလို့ပြောလိုက်တာနဲ့ ဈေးကွက်ထဲမှာ ၃ထောင်တန်လောက် ရေနွေးအိုးတွေ မျက်လုံးထဲပြေးမြင်မိတယ်။တန်လည်း တန်တာကိုး…ကျွန်တော်လည်း ၃ထောင်တန်ပဲသုံးတယ်လေ။
အဲ့ပြဿနာက ကိုယ်တွေ့မှကိုယ်တွေ့စစ်စစ်….ဇာတ်လမ်းစပြောရရင် တစ်ညပေါ့ဗျာ။ ရေနွေးသောက်မယ်ဆိုပြီး ၃မိနစ်အိုးလေးကို ခလုတ်တန်းဖွင့်လိုက်တာပေါ့။
အရင်ကလည်း အဲ့လိုပဲ သုံးနေကြလေ။ Plug ကို တန်းထိုးထားပြီး ရေနွေးအိုးအတွက် သီးသန့် Socket တစ်ခု နဲ့ switch တစ်ခု ထားပေးထားတာကိုး။
အိမ်မှာက RCBO ရော sub MCB တွေပါ ခံထားတော့ ဘာမှစိတ်မပူရဘူးလေ။
ရာဇာနေဝင်းလိုပြောရရင် မျက်စိမှိတ်လို့ လက်နဲ့ကိုင်တောင် မင်းအတွက်ဘေးကင်းဆဲ…ဟီး… ဇာတ်လမ်းပြန်ဆက်ရရင်..
မိနစ်ပိုင်းလေးအတွင်းမှာပဲ ခွက်အောက်ကနေ မီးတောက်တွေ ဝုန်းခနဲ ထတောက်လာရော.. အဲ့မီးတောက်မြင်တော့မှ ခွက်ကိုယူပြီး ရေချိုးခန်းထဲ ပစ်ထည့်လိုက်တာပေါ့။
ဘယ်က စဖြစ်တာမှန်းမသိတော့လောက်အောင်ကို အတွေးတွေစုံသွားတယ်။ Shock ဖြစ်ရင်လည်း Breaker တွေ တန်းစီကျမှာလေနော့..ပြန်တွေးကြည့်တော့မှ ရေနွေးအိုးထဲမှာ ရေရှိ မရှိ သတိမထားမိဘဲ switch on မိလိုက်တာပဲဗျ
စိတ်နည်းနည်း ငြိမ်တော့မှ ရေနွေးအိုးလေးကို သွားပြန်ကောက်။ အဖုံးဖွင့်ကြည့်တော့မှ အပူပေးတဲ့ Heating Element က ထလောင်တာတဲ့ဗျာ။
ရော်… အမှန်တကယ်ဆိုရင် ရေနွေးအိုးမှာ ပူလာရင်ဖြတ်ဖို့ Thermostat နှစ်ခုပါရတယ်ဗျ။
တစ်ခုက လက်ကိုင်က Switch မှာ..ရေနွေးတွေဆူရင် အပူငွေ့တွေက လက်ကိုင်က တဆင့် Thermostatကို ပိတ်ပေးမှာ။ နောက်တစ်ခုက အိုးဖင်မှာ.. အိုးအရမ်းပူလာရင် Auto ဖြတ်ပေးဖို့။
အဲ့တော့ ကျွန်တော့်အခြေအနေအရ… ရေမရှိရင်တောင် အိုးပူရင် အိုးဖင်က Thermostat က ဖြတ်ပေးရမှာလေ။ အခုတော့ Heating element က မီးထလောင်ရတယ်လို့ မကြားဖူးပေါင်ဗျာ။အဲ့အခြေအနေကို သုံးသပ်ကြည့်ရင်…
၁။အိမ်မှာ လျှပ်စစ်ကို စိတ်ချရအောင် RCBO တွေ MCB တွေ တပ်ထားပေမယ့် အပူကနေပြီးတော့ ဘေးကိုလိုက်လောင်မယ့် အနေအထားကို သူတို့ မကာကွယ်ပေးနိုင်ဘူး။
၂။ရေနွေးအိုးတည်တာမှာလည်း ၃ မိနစ်နေရင် ပိတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကို မယုံကြည်ရတာမျိုး
၃။Quality နိမ့်တဲ့ ပစ္စည်းမျိုးတွေပဲ အဟုတ်ကြီးထင်ပြီး သုံးနေမိတာမျိုးပေါ့။
အဲ့တော့ ဒီ Post ကို ဖတ်နေတဲ့အထဲမှာ အိမ်ရှင်မတွေပါနေခဲ့ရင် အကြံတစ်ခုပေးချင်ပါတယ်။ ကိုယ့်အိမ်က ၃မိနစ်အိုးကို ပြန်စမ်းကြည့်ပါ။ဘယ်လိုစမ်းရမလဲဆိုတော့…
၃ မိနစ်အိုးထဲ ဘာရေမှမထည့်ဘဲ ၁၅ စက္ကန့်လောက် ဖွင့် ထားကြည့်ပါ။သူ့အလိုလိုပြန်ပိတ်သွားခဲ့ရင်တော့ အိုးပူရင် ပြန်ပိတ်ပါတယ်ဆိုပြီး စိတ်ချလို့ရပါတယ်။
မပိတ်ရင်တော့ Quality ကောင်းတာလေးတွေပဲ ထပ်ဝယ်သုံးကြပါလို့ အကြံပေးချင်ပါတယ်။
ဒီ Post ကိုတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လောင်သမျှမီးကို ဝိုင်ယာရှော့ ဝိုင်ယာရှော့ဆိုပြီး ပြောခံနေရတာကို ခံပြင်းတာရယ်..
ကိုယ်တွေလိုမျိုး အရည်းအသွေးမပြည့်မီတဲ့ပစ္စည်းတွေကို သုံးနေရတဲ့ အိမ်ထောင်စုတွေ မီးဘေးအန္တရာယ်ကနေ ဝေးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီမှာ အိမ်တိုင်း အိမ်တိုင်း မီးဘေးကင်းကြပါစေ။
ခရစ်ဒစ်