မနက်ကပြေးရင်းလွှားရင် ကျူးကျော်ရပ်ကွက်ရောက်တော့ ပိတ်မိသွားပီ ဘယ်မှကူးလို့မရတော့တဲ့အခြေအနေရောက်သွားတယ် ဟိုဘက်ကူးတဲ့အပေါက်ကလည်းပိတ်ထားတယ်။
အဲ့ဒီကျူးကျော်ရပ်ကွက်မှာပဲခဏပုန်းနေခဲ့ရတယ်။
အဲ့အချိန်ကဗိုက်ဆာ အိပ်ရေးလည်းမဝ သူတို့ဖျော်တိုက်တဲ့ကော်ဖီသောက်ရတယ် နေ့လည်ရောက်တော့လဲသူတို့ကပဲချက်ကျွေးတဲ့ထမင်းကိုစားခဲ့ရတယ်။
အသားတုပဲဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော် ရယ် တကယ်အရသာရှိတယ် သူတို့မျက်နှာမှာလည်းစေတနာပီတိတွေမြင်ရတယ် ထမင်းစားပြီးတော့လှဲပြီးနားချင်တဲအလွတ်လေးရှိတယ်တဲ့ နားကြမလားတဲ့ စိတ်ချပါ ကျွန်တော်တို့ရပ်ကွက်ကလုံခြုံပါတယ်တဲ့..
သူတောင်းစား တွေပဲနေကြတာတဲ့..
ဘယ်သူမှအဖက်မလုပ်ကြပါဘူးတဲ့..
ဟုတ်တယ်ဗျာ ကျွန်တော်တို့အဆင်ပြေနေတုန်းကသူတို့ကို စောက်ဖက်တောင်လုပ်ခဲ့တာမဟုတ်ဘူး။
ကျူးကျော်အာဝါဒီးတွေပဲလို့ တွေးခဲ့မိတဲ့ကိုယ့်ကိုကိုယ်တောင်ရွံမိတယ် သူတို့မှာကျွန်တော်တို့ထက်မြင့်မြတ်တဲ့စိတ်ထားတွေအပြည့်အဝရှိတာ ဒီနေ့မြင်ခဲ့ရတယ်…
ကျွန်တော်တို့ကိုလာခေါ်ထုတ်ပေးတဲ့ကားလာတဲ့အချိန်မှာတော့ တိုက်အိမ်အကြီးကြီးပေါ်ကလူတွေရဲ့ယုတ်ညံမှုကိုလည်းမြင်ခဲ့ရတယ် ဂိတ်တံခါးလေးဖွင့်ပေးဖို့တောင်းပန်တာတောင်မဖွင့်ပေးခဲ့ဘူး နောက်ဆုံး အုတ်တံတိုင်းကိုကျော်တက်ခဲ့ရတယ်။
ခက်ခက်ခဲခဲ ဓားသွားဆူးကြိုးတွေအပြည့်တပ်ထားတဲ့အုတ်တံတိုင်းပေါ်ကြိုးနဲ့တွယ်တက် ဓားသွားတွေရှ ဖြစ်တဲ့အထိတက်ခဲ့ရတယ် အဲ့မှာကွဲကွဲပြားပြားသိလိုက်ရတာက စိတ်ဓာတ်တွေက မိုးနဲ့မြေလိုကွာခြားကြတာပဲ
အဲ့ဒီတံခါးမဖွင့်ပေးတဲ့အိမ်ကတော့ မှတ်မှတ်ရရ ငယ်ငယ်ကတည်းကသိတာ D2 ပိုင်ရှင်ရဲ့အိမ်ပါ တော်လှန်ရေးကြီးပြီးမှတွေ့ကြတာပေါ့ဗျာ ထမင်းကြွေး နေစရာပေးခဲ့တဲ့မြင့်မြတ်တဲစိတ်ဓာတ်ပိုင်ရှင်ကျူးကျော်က ကျေးဇူးရှင်တွေကိုလည်းတော်လှန်ရေးကြီးပြီးတဲ့အခါတွေ့ချင်ပါသေးတယ်ဗျာ
လေးစားဖွယ်စိတ်ဓာတ်ပိုင်ရှင်တွေပါ
Source : Synyster
unicode

သာဓုသာဓုသာဓု လေးစါးပါတယ် လူ့တန်ဘိုး ဟါသူပိုင်တဲ့ဥစ္စာနဲ့မဆိုင်ပါဘူး သူပိုင်တဲ့နှလုံးသားနဲ့သာဆိုင်ပါတယ်