အႏၲရာယ္ေတြၾကားကေန ဆိုင္ကယ္နဲ႔ မရမကသြားၿပီး က်ည္ထိေနတဲ့လူနာကို ကူညီကယ္တင္ေပးခဲ့တဲ့ သူရဲေကာင္းမ်ား

အခုခ်ိန္မွာေတာ့ ျပည္သူေတြက သူတို႔ရဲ့ရင္တြင္းဆႏၵေတြကို ဆက္လက္ထုတ္ေဖာ္ေနဆဲျဖစ္သလို ျမန္မာနိုင္ငံအႏွံ့အျပားမွာလည္း ေသဆုံးမႈေတြ တစ္ေန႔တျခား ျမင့္တက္ေနတာ ျဖစ္ပါတယ္ ။ အသက္ဆုံးရႈံးလိုက္ရတဲ့ ျပည္သူေတြအတြက္ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ေတြအပါအဝင္ အားလုံးက ထပ္တူထပ္မၽွ စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္ ။ ဒဏ္ရာရရွိတဲ့ ျပည္သူေတြကိုလည္း ေဆးအဖြဲ႕က တတ္နိုင္သေလာက္ ကုသကယ္တင္ေပးသလို ကယ္ဆယ္ေရးအဖြဲ႕ေတြကလည္း ခက္ခက္ခဲခဲ ကူညီေပးေနတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ မတ္လ (၂၁) ရက္ေန႔ကလည္း လူမႈကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕က လူနာတစ္ေယာက္ကို အႏၲရာယ္ၾကားကေန ဆိုင္ကယ္နဲ႔ရေအာင္ ကယ္တင္ခဲ့တာ ျဖစ္ပါတယ္ ။ က်ည္ထိမွန္ထားတဲ့ ရဟန္းတစ္ပါးကို စြန္႔စြန္႔စားစား သြားေရာက္ကယ္ေပးခဲ့တဲ့ သူတို႔အဖြဲ႕ရဲ့လုပ္ရပ္ကို အားလုံးက ခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္ ။ သူတို႔ရဲ့အသက္ကိုေတာင္ ပဓာနမထားဘဲ ျပည္သူေတြအသက္ရွင္ဖို႔အတြက္သာ ဦးစားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

ေနာက္ဆုံးမွာေတာ့ ကယ္ဆယ္ေရးအဖြဲ႕ရဲ့အကူအညီေၾကာင့္ ဝမ္းဗိုက္က်ည္ထိမွန္ထားတဲ့လူနာကို ကုသေရးဆရာဝန္အဖြဲ႕ထံ ပို႔ေဆာင္ေပးနိုင္ခဲ့တာ ျဖစ္ပါတယ္ ။ ၿဖိဳခြင္းခံေနရတဲ့အခ်ိန္မွာေတာင္ ဆိုင္ကယ္နဲ႔မရမက သြားကယ္ခဲ့တဲ့ သူတို႔အဖြဲ႕ရဲ့ပုံရိပ္ေတြက တကယ့္ကို ေလးစားခ်င္စရာေကာင္းလွပါတယ္။ ဒီပုံေတြကို မၽွေဝခဲ့တဲ့သူကလည္း မႏၲေလးတိုင္းေဒသႀကီးမွာရွိတဲ့ ျပည္သူေတြအေနနဲ႔ အေရးၾကဳံရင္ သူတို႔ကိုဆက္သြယ္ၿပီး အကူအညီေတာင္းခံနိုင္ရန္အတြက္ ဖုန္းနံပါတ္ေတြကိုပါ ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္ ။credit

unicode

အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ဆက်လက်ထုတ်ဖော်နေဆဲဖြစ်သလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း သေဆုံးမှုတွေ တစ်နေ့တခြား မြင့်တက်နေတာ ဖြစ်ပါတယ် ။ အသက်ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအပါအဝင် အားလုံးက ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ဒဏ်ရာရရှိတဲ့ ပြည်သူတွေကိုလည်း ဆေးအဖွဲ့က တတ်နိုင်သလောက် ကုသကယ်တင်ပေးသလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ခက်ခက်ခဲခဲ ကူညီပေးနေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့ကလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လူနာတစ်ယောက်ကို အန္တရာယ်ကြားကနေ ဆိုင်ကယ်နဲ့ရအောင် ကယ်တင်ခဲ့တာ ဖြစ်ပါတယ် ။ ကျည်ထိမှန်ထားတဲ့ ရဟန်းတစ်ပါးကို စွန့်စွန့်စားစား သွားရောက်ကယ်ပေးခဲ့တဲ့ သူတို့အဖွဲ့ရဲ့လုပ်ရပ်ကို အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူတွေအသက်ရှင်ဖို့အတွက်သာ ဦးစားပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးအဖွဲ့ရဲ့အကူအညီကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ထားတဲ့လူနာကို ကုသရေးဆရာဝန်အဖွဲ့ထံ ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဖြိုခွင်းခံနေရတဲ့အချိန်မှာတောင် ဆိုင်ကယ်နဲ့မရမက သွားကယ်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ပုံရိပ်တွေက တကယ့်ကို လေးစားချင်စရာကောင်းလှပါတယ်။ ဒီပုံတွေကို မျှဝေခဲ့တဲ့သူကလည်း မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အရေးကြုံရင် သူတို့ကိုဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ရန်အတွက် ဖုန်းနံပါတ်တွေကိုပါ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။credit