အသည်း အတွက် ဆေးလဲလူပင် အစွမ်း






unicode

အသည်းအတွက်လဲလူရွက် အကျိုးများပါတယ်။ လဲလူရွက်ကနယ်ဝေးမှ သယ်ယူရတဲ့အခါ အဆင်မပြေဖူး။ နွမ်းပြီး မလတ်ဆတ်တော့ ဆေးအတွက်အာနိသင်က လျော့ပါးသွားတယ်။

ကျွန်တော့်နှင့်ရင်းနှီးပြီး ဆေးပညာဗဟုသုတရှိသော မြန်မာတိုင်းရင်းဆေးဆရာကြီးဦးတင်ထွေးမှ အမိန့်ရှိပါသည်။ သူကုသပေးဖူးသော အသည်းနှင့်ဆီးရောဂါလူနာများအတွက် ဆေးလဲလူပင် အကြောင်းပြောပြသဖြင့် အများအတွက်အကျိုးရှိစေရန် မျှဝေပါတယ်။

ဆေးလဲလူပင်က အသက်ပြင်းတယ် ကိုင်းတွေမှပါ အမြစ်ကအပင်ပေါ်တင်ဖြာထွက်နေတယ် ။အဲ့ဒီအပင်ကိုင်းဒါမှမဟုတ် အမြစ်ကို ဆန်ဆေးရည်နဲ့သွေး တခါသောက်ဟင်းစားဇွန်းတဇွန်ညမနက်သောက်ပေးပါ။ အသည်းရောဂါနဲ့ ဆီးကျင် ဆီးနီး ဆီးဝါ ဆီးအောင့်လက်တွေ့ပျောက်တယ်။ အသည်းရောဂါနဲ့ဆေးရုံတက်နေရတဲ့ သူတစ်ဦးကို ဆေးရုံကမသက်သာပဲပြန်ဆင်းလာတယ်။ အဲ့ဒါနဲ့ခုဆေးလဲလူပင် အရွက်ကျိုတိုက်တယ်။ (အစိမ်းတိုင်းညှစ်တိုက်တယ်) အရွက်ကုန်တော့ အမြစ်ကိုသွေးတိုက်တာ တလအကြာ သက်သာပျောက်ကင်းခဲ့ပါတယ်။

မြန်မာဆေးဆရာကြီး ဦးတင်ထွေးဆေးနည်း

Credit- အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့