မုံရြာမွာ ေဆးအကူအျဖစ္ ပါဝင္ခဲ့သည့္ အမ်ိဳးသမီးငယ္ကို စစ္ေကာင္စီတပ္ေတြပစ္လို႔ ဦးေခါင္းက်ည္ထိမွန္ေသဆုံး
မတ္ ၂၈ -၂၀၂၁
ဒီေန႔ မတ္ ၂၈ရက္ ေန႔လယ္ ၁နာရီေလာက္က စစ္ကိုင္းတိုင္း၊ မုံရြာၿမိဳ႕၊ ရတနာပုံရပ္ကြက္ အမွတ္ ၅ လမ္းနဲ႔ သာစည္လမ္းအနီး ဒဏ္ရာရသူေတြကို ကူညီေပးေနတဲ့ သူနာျပဳဆရာမတဦး ေခါင္းက်ည္ထိမွန္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ရတနာပုံရပ္ကြက္မွာ ဒီေန႔မနက္ အေစာပိုင္းကတည္းက ပစ္ခတ္ေနတာျဖစ္ၿပီး ဒဏ္ရာရသူေတြ အေရးေပၚ ေဆးကုဖို႔ အခက္အခဲျဖစ္ေနတဲ့အတြက္ အေဆာင္ေနၿပီး မုံရြာ သူနာျပဳသင္တန္းေက်ာင္းမွာ ဒုတိယႏွစ္ ပညာသင္ၾကားေနတဲ့ အဲ့ဒီ အသက္ ၂၀ ႏွစ္အရြယ္ သူနာျပဳဆရာမ မသင္ဇာဟိန္း သြားကူေနတုန္းမွာ ပစ္ခတ္ခံရတာ ျဖစ္ပါတယ္။
အဲ့ဒီပစ္ခတ္မႈေၾကာင့္ လက္ေမာင္း ထိမွန္သူ ၁ ေယာက္ ၊ ပါးစပ္ထိမွန္သူ ၁ ေယာက္ ၊ ရင္ဘတ္ထိမွန္သူ ၁ ေယာက္ ၊ ေျခေထာက္ထိမွန္သူ ၁ ေယာက္ နဲ႔ ေက်ာထိမွန္သူ ၁ ေယာက္ အားလုံး ၅ ေယာက္ထက္မနည္းလည္း က်ည္ဆံထိမွန္ ဒဏ္ရာရထားပါတယ္။
အဲ့ဒီ ဒဏ္ရာရတဲ့ လူနာေတြအနက္ ေသဆုံးသူတခ်ိဳ႕ ရွိလာေနတယ္လို႔ သတင္းေတြထြက္ေပၚလာၿပီး VOM က အတည္ျပဳဖို႔ စုံစမ္းေနဆဲျဖစ္ပါတယ္။
မေန႔ကလည္း အခု ပစ္ခတ္မႈျဖစ္တဲ့ ရတနာပုံရပ္ကြက္မွာ ပစ္ခတ္ခဲ့လို႔ ၂ ဦးေသၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။
unicode
မုံရွာမှာ ဆေးအကူအဖြစ် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်ကို စစ်ကောင်စီတပ်တွေပစ်လို့ ဦးခေါင်းကျည်ထိမှန်သေဆုံး
မတ် ၂၈ -၂၀၂၁
ဒီနေ့ မတ် ၂၈ရက် နေ့လယ် ၁နာရီလောက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက် အမှတ် ၅ လမ်းနဲ့ သာစည်လမ်းအနီး ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ သူနာပြုဆရာမတဦး ခေါင်းကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရတနာပုံရပ်ကွက်မှာ ဒီနေ့မနက် အစောပိုင်းကတည်းက ပစ်ခတ်နေတာဖြစ်ပြီး ဒဏ်ရာရသူတွေ အရေးပေါ် ဆေးကုဖို့ အခက်အခဲဖြစ်နေတဲ့အတွက် အဆောင်နေပြီး မုံရွာ သူနာပြုသင်တန်းကျောင်းမှာ ဒုတိယနှစ် ပညာသင်ကြားနေတဲ့ အဲ့ဒီ အသက် ၂၀ နှစ်အရွယ် သူနာပြုဆရာမ မသင်ဇာဟိန်း သွားကူနေတုန်းမှာ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် လက်မောင်း ထိမှန်သူ ၁ ယောက် ၊ ပါးစပ်ထိမှန်သူ ၁ ယောက် ၊ ရင်ဘတ်ထိမှန်သူ ၁ ယောက် ၊ ခြေထောက်ထိမှန်သူ ၁ ယောက် နဲ့ ကျောထိမှန်သူ ၁ ယောက် အားလုံး ၅ ယောက်ထက်မနည်းလည်း ကျည်ဆံထိမှန် ဒဏ်ရာရထားပါတယ်။
အဲ့ဒီ ဒဏ်ရာရတဲ့ လူနာတွေအနက် သေဆုံးသူတချို့ ရှိလာနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီး VOM က အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
မနေ့ကလည်း အခု ပစ်ခတ်မှုဖြစ်တဲ့ ရတနာပုံရပ်ကွက်မှာ ပစ်ခတ်ခဲ့လို့ ၂ ဦးသေပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။