ကိုယ်တိုင်ဆေးထိုးခဲ့တဲ့ ဒေါက်တာ ကျော်ဇောဟိန်းပြောပြတဲ့ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနိုင်လဲ ဘာတွေ ပြင်ဆင်ထားသင့်လဲ





unicode

ကိုယ်တိုင်လက်တွေ့ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခဲ့တဲ့ PhD ဒေါက်တာ ကျော်ဇောဟိန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ အခုလိုမျှဝေထားပါတယ်ကာကွယ်ဆေး ဘယ်သူတွေ ထိုးနိုင်လဲ ဘာတွေ ပြင်ဆင်ထားသင့်လဲ ဆိုတာကို မြန်မာလို အတိုချုပ် ရေးသားလိုက်ပါတယ် ခင်ဗျာ, ဆေးထိုးသင့်သူများ ကာကွယ်ဆေးကို ၁၆ နှစ်ပြည့်ပြီးသူများတွင် ၂၁ ရက်ခြားပြီး ၂ ကြိမ်ထိုးနိုင်ပါတယ်၊ ဆေးမထိုးသင့်သူများ ကာကွယ်ဆေးများနဲ့ဓါတ်မတည့်သူများ၊ ရက် ၉၀ အတွင်း ကိုဗစ် ဖြစ်ဖူးသူများ၊ ကိုဗစ် သံသယ လူနာများ၊ ကိုယ်ခံအားနည်း ရောဂါရှင်များ၊ သွေးကျဲဆေး သောက်နေသူများ၊ နို့တိုက်မိခင်များ ၊ ကိုယ်ဝန်ဆောင်များ မှတ်ချက်၊ အထက်ပါအုပ်စုများမှာ ဆရာဝန်ထောက်ခံလျှင် ဆေးထိုးနိုင်တယ်လို့ ပြောပါတယ်, ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ မှာ ဆေးထိုးသည့်နေရာတွင် နာကျင် သို့ အောင့် နေခြင်း၊ ဆေးထိုးသည့်နေရာတွင် ရောင်ရမ်းခြင်း၊အဖျားငွေ့ငွေ့တ က်ခြင်း၊ နွမ်းလျခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်နိုင်ကြောင်း သိရပါတယ်

ဒေါက်တာ ကျော်ဇောဟိန်းကိုယ်တိုင် ဆေးထိုးပြီးနောက် လက်မောင်းအောင့်သလို ခံစားရပြီး၊ နောက်ရက် ပြန်ကောင်းသွားကြောင်း သိရပါတယ်၊ ကပ်ရောဂါကြီး နိဂုံးချုပ်ပြီး ပုံမှန် အနေအထားပြန်ရောက်ဖို့ မြန်မာနိုင်ငံကို ဆေး အမြန်ဆုံးရောက်ရှိအောင် ဆုတောင်းနေပါတယ် ခင်ဗျာ  Dr ကျော်ဇောဟိန်း, MD, PhD