unicode
နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်များက မြန်မာစစ်တပ်ကို သတိပေး
မြန်မာစစ်တပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာကျင့်ဝတ်လိုက်နာဖို့ အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိစ်၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်နဲ့ ကိုရီယားသမ္မတနိုင်ငံတွေရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်မဲ့ ပြည်သူ တွေအပေါ် သေစေလောက်တဲ့အင်အား အသုံးပြုတာကို ကန့်ကွက်ရှုတ်ချကြောင်း၊
အရည်အချင်း ပြည့်ဝတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာကျင့်ဝတ်စံနှုန်းတွေကို လိုက်နာပြီး ၎င်း တို့ အလုပ်အကျွေးပြုရတဲ့ ပြည်သူလူထုအပေါ် အန္တရာယ်ပြုဖို့ မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့နဲ့ အဲ့ဒီလုပ်ရပ်တွေကြောင့် ဆုံးရှုံးသွားရတဲ့ မြန်မာပြည်သူလူထုရဲ့ လေးစားမှုနဲ့ ယုံကြည်လက်ခံနိုင်မှု ပြန်လည်ရရှိဖို့ လုပ်ဆောင်ရေး မြန်မာ့တပ်မတော်ကို တိုက်တွန်းထားပါတယ်။crd