မိန်းမအသက် ကရမက်အစွမ်း
မိန်းမအသက် ကရမက်အစွမ်းမိနျးမအသကျ ကရမက်အစွမ်း
” ကရမက် အစွမ်း”
ကရမက်ကအေးခါး အရသာနဲ့အပူကိုစုပ်ယူပေးနိုင်တဲ့ဆေးပါ ။ကရမက်ကကြာလေမွှေးလေ ကြာလေအရောင်ရင့်လေပါပဲ။ဒါကြောင့်ဝယ်ရင်တော့ သက်တမ်းကြာတာကတော့ပိုမွှေးပါတယ်။ယခုခေတ်အဖြစ်များတဲ့ အာပေါသမုဌာန်ရဲ့ လက္ခဏာဖြစ်တဲ့ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်း အပူတွေဟာ အသွင်သဏ်ဏ္ဍာန်အမျိုးမျိုးနဲ့ ပြကြတယ်။
တစ်ချို့ကအပူအစပ်စားပြီး အအေး‌သောက်လို့မထွက်ရတဲ့အခိုးတွေစုဖွဲ့ တစ်ချို့က ကံ စိတ်ဥတုအာဟာရ တစ်မျိုးမျိုးကြောင့်သော်လည်းကောင်းတစ်မျိုးထက်ပို၍သော်လည်းကောင်း ဝေးစွာသောအကြောင်း နီးစွာသောအကြောင်းတွေ ကြောင်းဖြစ်လာကြတာတွေ။အကြိတ် အဖု ရည်ကြည်အိတ် နဲ့ဆီးအိမ်နားကစုဖွဲ့ပူလို့ ခြေဖဝါးကစူးလို့ပူတာမျိုး ရာသီသွေးဆုံးခါနီးဖြစ်တဲ့အရေပြားပေါ်ကအကွက်တွေ စသဖြင့်ပေါ့ရေမချိုးခင် ခြေဖဝါးကစ ဒူးခေါင်းထိ တတ်နိုင်ရင်အချိန်ရရင်တစ်ကိုယ်လုံးဆားနဲ့မန်ကျည်ရည်ကြဲလေးပွတ် ရေဝအောင်ချိူး ပြီးရင်ကရမက်လေး လိမ်း အပူ ထွက်တယ်အပူအောင်းတာသက်သာတော့အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်။ကရမက်လေးကိုသွေးပြီးလျက်ပေးရင်ရင်လည်းလျှာကနေတစ်ကိုယ်လုံးကအကြောတွေဆီရောက်ပြီး ကျန်းမာသက်ရှည်အပူအခိုးကင်းစေပါတယ်။
ရှေးမြန်မာများအသက်ရှည်အနာကင်းခဲ့ကြတာတွေမြင်ခဲ့ဖူးပါတယ်။အမေဆို ရေချိူးပြီး ကရမက်ခြေဆုံးခေါင်းဆုံး လိမ်းခဲ့တာတစ်သက်လုံးအသက်ရှစ်ဆယ်ကျော်ထိ သွေးတိုး ဆီးချို ကင်ဆာ နှလုံးဘာရောဂါမှမရှိခဲ့ဘူး။ခုခေတ် ကံစိတ်ဥတု အာဟာရပူတွေက အရင်ခေတ်ကထက်အများစွာပိုပူနေပါပြီ ဒါကြောင်း ရောဂါတွေမဖြစ်အောင် မိမိကိုယ်တွင်းရောဂါဖြစ်နိုင်မယ့်အခြေအနေ မဖြစ်အောင် နေထိုင်တတ်ဖို့ ပြုပြင်နေထိုင်ကြရမှာဖြစ်ပါတယ်။ခုခေတ်ရေလဲသုံးရမယ့် ဓါတ်စာတွေကတော့ မန်ကျည်း ကရမက် ဆားတို့ပါပဲ။
ကရမက်နဲ့မတည့်တာကတော့ထန်းညက်ပါ ကရမက်လျက်ပြီးတစ်နာရီအတွင်းထန်းညက်မစားသင့်ပါဘူး။
ကျန်းမာရေးအသိဗဟုသုတ ပြန်လည်မျှဝေသည်။
သတ္တဝါများအစာဝကြပါစေ။အနာကင်းကြပါစေ ဘယာကင်းကြပါစေ။ကိုဗစ်ကပ်ဘေးမှ လွတ်ကင်းကြပါစေ။
Credit;
ကရမ က် နှင့် ဆေးဖက်အသုံးဝင်ပုံ
* အင်္ဂလိပ် ~ Sandal Wood
* ရုက္ခဗေဒမျိုးရင်း~ Sterculiaceae
* မျိုးစိတ် ~ gagei
* မျိုးစု ~ Mansonia
* ကရမ က်သည် မြန်မာတိုင်းရင်းဆေးလောကတွင်နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရကျမ က် ဟုနံ့သာ (၅) မျိုးစာရင်းဝင် အဖိုးတန် အပင်ထွက် ဆေးပစ္စည်းမျိုး ဖြစ်ပါသည်။ ၄င်းအပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အင်ရွက်ကဲ့သို့ အရွက်ကြီးပြီး ရွက်ခြားထွက်ဧ။်။
* ကရမက်အပင်၌ “လူသတ်ပင်နှင့် နတ်သတ်ပင်ဟူ၍”နှစ်မျိုးရှိပြီး နတ်သတ်ပင်က သဘာဝအတိုင်း သက်တမ်းရင့်၊ သဘာဝအတိုင်းသေ၊ လွန်စွာမွှေးကြိုင်သည့် နံ့သာအနှစ်ကရမက်အစစ်ဖြစ်ပြီး ဆေးဖက်ဝင်၍ တန်ဖိုးကြီးပြီးအလွန်ရှားဧ။်။ ၄င်းအသားကိုလိမ်းပြီး ရေချိုးလျှင်တောင်ခန္ဓာကိုယ်၌ ရနံ့စွဲနေသဖြင့် ရှေးမြန်မာ အဖွား၊အမေများက ” ရေချိုးခံကရမ က်” ဟု ညွှန်းဆိုကြဧ။်။ ကရမ က်အစအနလေးကို မီးခဲတွင်တင်ကြည့်လျှင် တစ်အိမ်လုံးမွှေးကြိုင်သွားခြင်းသည် နတ်သတ်ကရမ က်ဧ။် အစွမ်းဖြစ်ပါသည်။
* လူတို့ ခုတ်လှဲသတ်ထားသည့် ကရမက်သည် သက်တမ်းနု၍ အပင်အား နံ့သာအနှစ်အောင်းပြီး ခြောက်သွေ့လာအောင် (၁) နှစ် (၂) နှစ်မထားပဲ ကရမ က်တုံးအဖြစ်ထုတ်ယူမှုကြောင့် အသားမှာ ကျစ်လျစ်မှုနည်းပြီး မွှေးရနံ့နည်းပါးဧ။်။
{ ဆေးဖက်ဝင်သတ္တိ }
* အရသာ အေးဧ။်၊ ခါးဧ။်၊ ချိုပြီး မွှေးစေသည့်သတ္တိကြောင့် နှလုံးပူပန်ခြင်းကို ငြိမ်းစေဧ။် ။နှလုံးခုန်စည်းချက်ကို ပုံမှန်ဖြစ်စေသော သတ္တိရှိဧ။်။ အပူကို ငြိမ်းစေဧ။်။ရနံ့သည် စိတ်နှလုံးကို ကြည်လင်စေဧ။်။
* အမျိုးသမီးများ မီးယပ်နှင့်ပတ်သက်သည့် မီးယပ်နည်းခြင်း၊ များခြင်း၊ မီးယပ်ဆုံးချိန် သွေးခိုးပူမှုတ်၍ခန္ဓာကိုယ်တစ်ကိုယ်လုံး (သို့)အစိတ်အပိုင်းအလ်ိုက် ပူခြင်း၊ချွေးထွက်များခြင်း၊ ညအိပ်မပျော်ခြင်း၊ မီးယပ်ကွက်၊ မီးယပ်အရေပြားရောဂါ၊ မီးယပ်ချမ်းထ၊ သားအိမ်တွင်း အခိုးအပူအောင်းခြင်း၊ သားအိမ်နာ၊ အလုံး၊ အကျိတ်ဖြစ်ခြင်းကို ကရမက်က ကာကွယ်ပေးနိုင်ဧ။်။
{ ဆေးဖက်အသုံးဝင်ပုံ }
* “ဆီး ( ပူ၊နည်း၊ဝါ) ၊ ကျောက်ကပ်တွင်း အပူအောင်းပြီးခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်း”အတွက် ကရမ က်ကို ဆန်ဆေးရည် ဒုတိယရေကြည်နှင့်ရောသွေးပါ။ ဟင်းစားဇွန်း(၁) ဇွန်းခန့်၊ တစ်နေ့(၃) ကြိမ်တစ်ပတ်ခန့်သောက်ပါရန်။
* “ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊ အရေပြား၌အဖု၊ အပိန့်ထွက်ခြင်းအတွက်” ကရမ က်၊ ဧကရာဇ်မြစ်(၂) မျိုးရောသွေး။ သကြားကော်ဖီဇွန်း(၁) ဇွန်း ရောစပ်၍ဟင်းစားဇွန်း(၁) ဇွန်း နံနက်၊ ည သောက်ပေးပါ။
* “ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများ”အတွက် ကရမက်၊ ဇီးစေ့အဆန်၊ သကြား ဆတူရောအမှုန့်ပြု၍ ကော်ဖီဇွန်း(၁) ဇွန်း တစ်နေ့(၂) ကြိမ်၊ ရေကျက်အေးဖြင့်သောက်ပါ။
* “သွေးစုနာ၊ အနာစာဥ၊ အဖုအကျိတ်နာ “အတွက်ကရမ က်၊ နံ့သာဖြူ၊ ဇာတိပ္ဖိုလ်သီးအဆန်(၃) မျိုး ရောသွေး၍ တစ်နေ့(၄) (၅) ကြိမ် လိမ်းပေးပါ။
* “မီးယပ်သွန်၊ မီးယပ်လွန်၊ သားအိမ်တွင် အနာချို့ယွင်းချက်ရှိသူများအတွက်” ကရမ က်သွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင် နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း(၁) ဇွန်းရောစပ်ပြီး တစ်နေ့(၃) ကြိမ် ရေကျက်အေးဖြင့်သောက်ပါ။
* “အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက်” ကရမ က်သွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင်၊ မီးကွင်းဂမုန်းသတ္တုရည် ဟင်းစားဇွန်း(၁) ဇွန်း၊ သကြား ဟင်းစားဇွန်း(၁)ဇွန်း ရောစပ်ကာ တစ်နေ့(၃) ကြိမ် တိုက်ပေးပါ။
* “မီးယပ်ဖြူဆင်းလျှင် “ကရမ က်ကို ဆန်ဆေးရည် ဒုတိယအရည်နှင့် ရောသွေး။ ဆေးရည် ဟင်းစားဇွန်(၁) ဇွန်းတွင် သကြားဇွန်းတစ်ဝက်၊ သံပုရာရည်ဇွန်းတစ်ဝက်၊ထို(၃) မျိုးပေါင်းပြီး ဟင်းစားဇွန်း(၂) ဇွန်းခန့်အား နံနက်၊ညသောက်ပါ။
* “ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက်” ကရမ က်၊ ဥပသကာမြစ် (၂) မျိုးသွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင်သံပုရာရည် ဇွန်းတစ်ဝက်စပ်၊ တနေ့(၂)ကြိမ် စွဲသောက်ပါ။
* “အပူလောင်နာများအတွက် “ကရမ က် ပျစ်ပျစ်သွေး၊တရော်ကင်ပွန်းရည်နှင့် စပ်၍ မကြာခဏလိမ်းပေးပါ။
* “အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊ အညှော်မိ၊ မန်းဝင်၊အနာရောင်ခြင်းအတွက်” ကရမ က်၊ ဇာတိပ္ဖိုလ်သီးအဆန်ကိုရောသွေးပြီး နိုင်နိုင်လိမ်းပေးပါက ယူပစ်သလိုသက်သာပါမည်။
* “ကလေးများ အနာမီး၊ အနာစက်ရောဂါများအတွက်ကရမ က် ၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီးအနာကို မကြာခဏလိမ်းပေးက သက်သာပျောက်ကင်းဧ။်။
* “ဆီးအိမ်တွင် ဆီးရှိပြီး၊ ဆီးခုံရောင်တင်း၍ ဆီးပူ၊ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်းအတွက် “ကရမက်ကို ဆန်ဆေးရည် ပထမအရည်နှင့်ရောသွေး၊ ဆီးခုံနှင့် ဆီးသွားအင်္ဂါတွင် နိုင်နိုင်လိမ်းအုံပေးပါက ချက်ခြင်းဆီးသွားနိုင်ပါမည်။
* “ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ မီးတွင်းခေါင်းကိုက်ခြင်း၊ဇက်ကြောထိုးခြင်း၊ မျက်ရိုးကိုက်၍ ခေါင်းအုံ၊ ခေါင်းမကြည်လင်ခြင်းအတွက် “ကရမက်အစကို ဓားဖြင့်အနည်းငယ်ခြစ်ယူပြီး နနွင်းမှုန့်နှင့် ဆတူရော၍ မီးခဲပေါ်တင်ပြီး အငွေ့မှိုင်းကိုရှူပေးလျှင် ချက်ခြင်းသက်သာဧ။်။
* “အနာရွတ်ဖြူခြင်း၊ မီးယပ်ကွက်ပေါ်ပြီး အဖြူကွက်၊ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက် “ကရမက်၊ နံ့သာနီ ရောသွေး၍ တစ်နေ့(၃) ကြိမ်ခန့် လိမ်းပေးပါ။
* “ကလေး၊ လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်းအတွက် “ကရမက်၊ နံ့သာဖြူ(၂) မျိုး ရောသွေး၍ နဖူးကို(ပထမ) စလိမ်းပါ။ (၅) မိနစ်ခန့်စောင့်ပါက အပူများထွက်ပါမည်။
(ဒုတိယ) နဖူးနှင့် ချိုင်းနှစ်ဖက် လိမ်းပါ။(၅) မိနစ်ခန့်စောင့်ပါ။
(တတိယ) ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆေးရည်နိုင်နိုင်လိမ်းခြင်းအားဖြင့် အပူများ ပြင်ပသို့ လမ်းကြာင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။
{ မှတ်ချက်} အပူကြီးသောသူများ ဆေးရည်ကို ခန္ဓာကိုယ်အနှံ့သို့ တစ်ခါထဲ မလိမ်းရန်။ ခန္ဓာကိုယ်ဧ။်အပူနှင့် ပြင်ပမှဆေးရည် ဆေးငွေ့တို့ရုတ်တရက်ထိတွေ့ပါက ရေနွေးပူထည့်သောဖန်ခွက်ကို ရုတ်ခြည်းရေအေးထည့်သကဲ့သို့” အပူအအေး ဝိရောဓိဓာတ်ပြင်းထန်ပြီး” ဖန်ခွက်လန့်၍ကွဲသကဲ့သို့ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ရှော့ခ်ဖြစ်ပြီးဦးနှောက်အာရုံကြောထိခိုက်ခြင်း၊ သတိမလည်ခြင်းများဖြစ်တတ်ပါ၍ ဦးနှောက်နှင့် အနီးဆုံးနေရာဖြစ်သည့် နဖူးမှစ၍ အပူဓာတ်ကို စတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါဧ။်။
* သို့ပါ၍ အမျိုးသမီးများ မီးယပ်ရောဂါအမျိုးမျိုးနှင့်မီးယပ်ဆုံးချိန်တွင် ကျန်းမာ၍ သွေးသားသန့်စင်စေရန်၊ကရမက်စစ်စစ်အား ဆောင်ထားကာ နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့် ကရမက်သွေးရည် ပုံမှန်သောက်ပေးသင့်ပါကြောင်း ဖတ်မိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။{ ညွှန်း } ဦးမင်းဇင်( ရွှေနဝင်း) ရေးသားသော “မိန်းမတို့အသက် ကရမ က်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
Credit — ကိုဖေအောင်
ပြန်လည်မျှဝေပါသည်
မိန်းမအသက် ကရမက်အစွမ်း
” ကရမက် အစွမ်း”
Credit;
* အင်္ဂလိပ် ~ Sandal Wood
* မျိုးစိတ် ~ gagei
* မျိုးစု ~ Mansonia
{ ဆေးဖက်ဝင်သတ္တိ }
* အမျိုးသမီးများ မီးယပ်နှင့်ပတ်သက်သည့် မီးယပ်နည်းခြင်း၊ များခြင်း၊ မီးယပ်ဆုံးချိန် သွေးခိုးပူမှုတ်၍ခန္ဓာကိုယ်တစ်ကိုယ်လုံး (သို့)အစိတ်အပိုင်းအလိုက် ပူခြင်း၊ချွေးထွက်များခြင်း၊ ညအိပ်မပျော်ခြင်း၊ မီးယပ်ကွက်၊ မီးယပ်အရေပြားရောဂါ၊ မီးယပ်ချမ်းထ၊ သားအိမ်တွင်း အခိုးအပူအောင်းခြင်း၊ သားအိမ်နာ၊ အလုံး၊ အကျိတ်ဖြစ်ခြင်းကို ကရမက်က ကာကွယ်ပေးနိုင်ဧ။်။
{ ဆေးဖက်အသုံးဝင်ပုံ }
Credit — ကိုဖေအောင်