လူငယ်ပေမဲ့ ပညာမသေးတဲ့ ကျောက်ဆည် သံတော်မြတ် ကြံ့နှစ်ကောင် စက်ရုံက လေးစားဖွယ် ညီငယ်လေး(ရုပ်သံ)






unicode

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ အသက်ငယ်တဲ့ အချိန်မှာ ပညာမသင်နိုင်ရှာပဲ ဘဝအတွက် ရုန်းကန်နေရတဲ့ ကလေးတွေထဲက တစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်

ဘဝပေးကံ မကောင်းလို့ လမ်းဘေးမှာ တောင်း ရမ်း စားသောက် နေကြတဲ့ ကလေးတွေကို ကျွန် တော်တို့တွေ တော်တော်များများ တွေ့ဖူးကြမှာပါ။ ဒါပေမယ့် ဒီကလေးကတော့ အဲ့လို တောင်း ရမ်း စားသောက်နေတဲ့ ကလေးမျိုးမဟုတ်ပါဘူး သူ့ဘဝအတွက် ကိုယ့်အားကိုကိုးပြီး ကားပညာကို သင်ယူရင်း လူသာငယ်သေးပေမယ့် အရှုံးမပေးပဲ ဘဝတိုက်ပွဲကို ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတာပါ

စက်ပစ္စည်းကို မနိုင်ပေမယ့် မရရအောင် ကြိုး စား ပြီး လုပ်နေတဲ့ video ဖိုင်လေးကို အင်တာနက်ပေါ်မှာ တင်ထား တာကို ကြည့်ပြီး မျက် ရည်ပါ ဝဲမိပါတယ်။ လေးလည်း လေးစားတယ် ဂုဏ်လည်းယူတယ်

ဘဝတူ ညီကိုများ ကျောက်ဆည် သံတော်မြတ်ကြန့်နှစ်ကောင် စက်ရုံ ရောက်ရင် ကျွန်တော့ညီလေးကို အားပေးကြပါအုန်း လူသာငယ်ပေမဲ့ပညာမငယ်ရှာဘူး လေးစားတယ် ညီလေး ဆိုပြီး တင်ထားပါတယ်။ ညီငယ်လေးရဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ညီငယ်လေးရဲ့ အလုပ်ကိုကြိုးစားပြီးလုပ်ကိုင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်

ဖတ်ရှု့ အားပေးတဲ့ ပရိသတ်ကြီးလည်း ညီငယ်လေးအတွက် ဂုဏ်ပြု ပေးခဲ့ကြပါဦးနော်။ မူရင်း ပိုစ့်ပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်ဗျာ