ခင်ပွန်းကျဆုံး၊ သားတွေကအခဲမကျေတော့ ထိမ်းရခက်နေတဲ့ မိခင်ရဲ့သောက

ခင်ပွန်းကျဆုံး၊ သားတွေကအခဲမကျေတော့ ထိမ်းရခက်နေတဲ့ မိခင်ရဲ့သောက

ဧပြီလ(၁) ရက်နေ့က မုံရွာမြို့မြဝတီရပ်ကွက်ပစ်ခတ်မှုမှာ သီတာလမ်းသွယ်(၃)က အသက်(၅၃)နှစ်အရွယ် ဦးခင်မောင်ညိုကို ကျည်ဆံထိမှန်ပြီး စစ်တပ်ကဖမ်းသွားခဲ့ပြီး ဧပြီလ(၂)ရက်နေ့မှာ အလောင်းကိုရင်ခွဲရုံမှာ လာသယ်ဖို့အကြောင်းကြားတဲ့အတွက် မိသားစုက သွားရောက်သယ်ယူခဲ့ပြီး ချက်ချင်းသဂြိုလ်လိုက်ရပါတယ်။

သေဆုံးသွားသူမှာ သားသမီး(၄)ယောက်ကျန်ရစ်ခဲ့ပြီး အမျိုးသမီးမှာ ခင်ပွန်းဖြစ်သူရဲ့ဈာပနကို အိမ်မှာပြုလုပ်ခွင့်မရတဲ့အပေါ်ယူကျုံးမရဖြစ်နေသလို သားဖြစ်သူတွေအတွက်လဲစိတ်မချရတဲ့သောကတွေခံစားနေရတယ်လို့ဆိုပါတယ်။

ဧပြီလတရက်နေ့ မြဝတီရပ်ကွက်ပစ်ခတ်မှုမှာ (၂)ဦးကျဆုံးခဲ့ပြီး အိမ်(၅)လုံးလည်းမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ဆုံးသွားတဲ့ ခင်ပွန်းအတွက်ပူဆွေးမဆုံးသေးခင် သားတွေကိုထိမ်းရခက်နေတဲ့ မိခင်ဒေါ်မြင့်မြင့်ဝင်းရဲ့ ရင်တွင်းသောကကို VOM သတင်းထောက် ထွန်းတောက်က ရိုက်ကူးတင်ပြထားပါတယ်။