လူတယောက်အဖို့ တကယ်ကံကောင်းစေသည့်အချက်များကိုလက္ခဏာပညာ ရှုထောင့်မှနေ တင်ပြပေးပါမယ်။
အကြမ်းအားဖြင့်ပြောရလျှင် လက်ချောင်းလေးများရဲ့အောက်/ဂြိုလ်ခုံများပေါ်တွင်ဒေါင်လိုက်မတ်တတ်စင်းလေးများရှိနေပါကလူတဦးတယောက်အဖို့ ထိုအသက်ပိုင်းခြားတွင်းမှာသိသာစွာကံကောင်းခြင်းတွေရရှိစေမှာ အမှန်ပါ။(ညာဘက်လက်တွင်ဆိုပါက ယခုအသက်ပိုင်းဟုမှတ်ပါ)
လက်ညိုးအောက်ကြာသာပတေးဂြိုလ်ခုံ
တကြောင်းထဲဖြစ်စေ၂/၃ကြောင်းပြိုင်၍ဖြစစေရှိနေလျှင်အောင်မြင်ခြင်းရဲ့သင်္ကေတဖြစ်ပါသည်။ရှိရင်းနေရာ/ဘဝ/အဆင့်တန်းမှနေပြီးကြီးမြင့်ထင်ပေါခြင်း-အောင်မြင်ခြင်းကို ဖြစ်စေပါမည်။
လက္ခလယ်အောက်စနေဂြိုလ်ခုံ
တကြောင်းထဲဖြစ်စေ၂/၃ကြောင်းပြိုင်၍ဖြစစေရှိနေလျှင်ထူးကဲစွာကံကောင်းခြင်းရဲ့သင်္ကေတဖြစ်ပါသည်။ဆုံးရှုံးပြီထင်ရသောငွေများ ပြန်ရခြင်း။အမွေအနှစ်များရရှိခြင်း။အံ့မခမ်းအလုပ်အဆင်ပြေခြင်း ဆုမဲများ-ထီများပေါက်စေတတ်ခြင်းတို့ ဖြစ်စေပါမည်။
လက်သူကြွယ်အောက်တနင်္ဂနွေဂြိုလ်ခုံ
တကြောင်းထဲဖြစ်စေ၂/၃ကြောင်းပြိုင်၍ဖြစ်စေရှိနေလျှင်ထွန်းပေါက်ကြွယ်ဝခြင်းရဲ့သင်္ကေတဖြစ်ပါသည်။စာရေးဆရာဆိုလျှင် စာရေးဆရာအဖြစ်နဲ့ကုန်သည်ဆိုလျှင် ကုန်သယ်အဖြစ်နဲ့ မိမိလုပ်ကိုငိသော အလုပ်ပေါ်မူတည်ပြီးထွန်းပေါက်အောင်မြင်ကာ ချမ်းသာကြွယ်ဝစေပါမည်။
လက်သန်းအောက်ဗုဒ္ဓဟူးဂြိုလ်ခုံ
တကြောင်းထဲဖြစ်စေ၂/၃ကြောင်းပြိုင်၍ဖြစ်စေရှိနေလျှင်ငွေဝင်ခြင်းအတွက် သီးသန့်သင်္ကေတဖြစ်ပါသည်။ဒီလိုအမှတ်သားမျိုးရှိနေပြီဆိုလျှင်စီးပွားရေးသမားများအဖို့အားရစရာဖြစ်ပါသည်။လုပ်ငန်းတွေအဆင်ပြေ ငွေတွေရပြီးပျော်ရွှင်မှု့များစွာ ရစေနိုင်ပါမည်။
လက်ဝါးတပြင်လုံးမှမတ်တတ်စင်းများ
မတ်တတ်စင်းအမှတ်သားများသည် လက်ဝါးပြင်မည်သည့်နေရာတွင်မဆိုရှိနေလျှင်နေရာအလိုက်ကောင်းကျိုးများပေးတတ်ပါသည်။
ဒီမျှနားပါဦးမည်။အားလုံးကျန်းမာချမ်းသာကြပါစေ။Credit အောင်ချမ်းမင်း(ဗေဒင်လက္ခဏာ)