ေဖေဖာ္ဝါရီလကစၿပီး ယခုဧၿပီလ (၇) ရက္ေန႔အထိ မွတ္တမ္းမ်ားအရ က်ဆုံးခဲ့တဲ့ျပည္သူေပါင္း အေယာက္ (၅၀၀)ေက်ာ္ေတာင္ ရွိသြားခဲ့ၿပီပဲ ျဖစ္ပါတယ္ ။ အသက္ေတြကိုေတာင္စြန္႔လႊတ္ၿပီး အားလုံးရဲ့အနာဂတ္အတြက္ ပါဝင္ေပးခဲ့ၾကတဲ့ သူရဲေကာင္းေတြကို ျပည္သူေတြကလည္း အျမဲတမ္း အမွတ္ရေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း သူတစ္ပါးအတြက္ ေတြးေပးခဲ့တဲ့ သူရဲေကာင္းတစ္ေယာက္ရဲ့အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။
သူ႔ရဲ့နာမည္ကေတာ့ ကိုေဝလြင္ဦးျဖစ္ၿပီး အသက္ (၂၁)ႏွစ္သာရွိေသးတဲ့ လူငယ္တစ္ေယာက္ ျဖစ္ပါတယ္ ။ ကိုေဝလြင္ဦးက မတ္လ (၂၉)ရက္ေန႔မွာ က်ည္ထိမွန္ခဲ့တဲ့ ဒဏ္ရာေၾကာင့္ မတ္လ (၃၀)ရက္ေန႔၊ မနက္ပိုင္းမွာ က်ဆုံးသြားခဲ့ရသူ ျဖစ္ပါတယ္ ။ ျမင္းၿခံၿမိဳ႕မွာ လူထုလႈပ္ရွားမႈျပဳလုပ္တဲ့ ကိုေဝလြင္ဦးက “ေဟ့လူ ဇြတ္မတက္နဲ႔ က်ည္မွန္မယ္” ဆိုၿပီး သူတစ္ပါးအတြက္ စိုးရိမ္တဲ့စိတ္နဲ႔ ပုခုံးကို လွမ္းလွမ္းဆြဲတတ္တဲ့သူလည္း ျဖစ္ပါတယ္ ။
ေသြးမေတာ္သားမစပ္ မခင္မင္မရင္းႏွီးတဲ့ သူစိမ္းတစ္ေယာက္ကိုေတာင္ က်ည္မွန္မွာစိုးလို႔ လွမ္းဆြဲတတ္တဲ့ ကိုေဝလြင္ဦးခမ်ာ အခုေတာ့ သူကိုယ္တိုင္က်ည္ထိမွန္ၿပီး က်ဆုံးသြားခဲ့ရၿပီပဲ ျဖစ္ပါတယ္ ။ ကိုေဝလြင္ဦးရဲ့အေၾကာင္းကို ၾကားသိလိုက္ရတဲ့ ျပည္သူေတြကလည္း သူ႔အတြက္ အရမ္းကိုစိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္ ။ တစ္ပါးသူရဲ့အသက္အႏၲရာယ္အတြက္ စိုးရိမ္ေပးခဲ့တဲ့ ကိုေဝလြင္ဦးတစ္ေယာက္ ေကာင္းရာမြန္ရာ ဘုံဘဝကိုေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။
Credit-Original Uploader
unicode
ဖေဖော်ဝါရီလကစပြီး ယခုဧပြီလ (၇) ရက်နေ့အထိ မှတ်တမ်းများအရ ကျဆုံးခဲ့တဲ့ပြည်သူပေါင်း အယောက် (၅၀၀)ကျော်တောင် ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အသက်တွေကိုတောင်စွန့်လွှတ်ပြီး အားလုံးရဲ့အနာဂတ်အတွက် ပါဝင်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ပြည်သူတွေကလည်း အမြဲတမ်း အမှတ်ရနေကြတာ ဖြစ်ပါတယ် ။ အခုလည်း သူတစ်ပါးအတွက် တွေးပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
သူ့ရဲ့နာမည်ကတော့ ကိုဝေလွင်ဦးဖြစ်ပြီး အသက် (၂၁)နှစ်သာရှိသေးတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ် ။ ကိုဝေလွင်ဦးက မတ်လ (၂၉)ရက်နေ့မှာ ကျည်ထိမှန်ခဲ့တဲ့ ဒဏ်ရာကြောင့် မတ်လ (၃၀)ရက်နေ့၊ မနက်ပိုင်းမှာ ကျဆုံးသွားခဲ့ရသူ ဖြစ်ပါတယ် ။ မြင်းခြံမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်တဲ့ ကိုဝေလွင်ဦးက “ဟေ့လူ ဇွတ်မတက်နဲ့ ကျည်မှန်မယ်” ဆိုပြီး သူတစ်ပါးအတွက် စိုးရိမ်တဲ့စိတ်နဲ့ ပုခုံးကို လှမ်းလှမ်းဆွဲတတ်တဲ့သူလည်း ဖြစ်ပါတယ် ။
သွေးမတော်သားမစပ် မခင်မင်မရင်းနှီးတဲ့ သူစိမ်းတစ်ယောက်ကိုတောင် ကျည်မှန်မှာစိုးလို့ လှမ်းဆွဲတတ်တဲ့ ကိုဝေလွင်ဦးခမျာ အခုတော့ သူကိုယ်တိုင်ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရပြီပဲ ဖြစ်ပါတယ် ။ ကိုဝေလွင်ဦးရဲ့အကြောင်းကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူ့အတွက် အရမ်းကိုစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ တစ်ပါးသူရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ပေးခဲ့တဲ့ ကိုဝေလွင်ဦးတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Credit-Original Uploader