ဧရာဝတီတိုင္းအတြင္း ၿမိဳ႕နယ္အခ်ိဳ႕မွာ အၾကမ္းဖက္စစ္ေကာင္စီက သတင္းအေမွာင္ခ်နိုင္ေရးအတြက္ PSI စေလာင္းမ်ား လိုက္လံသိမ္းဆည္း
ဧရာဝတီတိုင္းအတြင္းမွာရွိတဲ့ ၿမိဳ႕နယ္အခ်ိဳ႕မွာ အၾကမ္းဖက္စစ္ေကာင္စီက သတင္းအေမွာင္ခ်နိုင္ေရးအတြက္ PSI စေလာင္းမ်ားကို ဧၿပီလ ၈ရက္ေန႔ မနက္ပိုင္းကေနစတင္ၿပီး ေနအိမ္မ်ား ဆိုင္မ်ားကေန လိုက္လံသိမ္းဆည္းေနပါတယ္။
လၽွပ္စစ္ပစၥည္းအေရာင္းဆိုင္မ်ားအပါအဝင္ ေနအိမ္မ်ားမွာပါ တပ္ဆင္ထားတဲ့ စေလာင္းမ်ားကို လိုက္လံသိမ္းဆည္းေနခဲ့တာပါ။“အုပ္ခ်ဳပ္ေရးမႉးက သူ႔ဆီကို ရဲကစာပို႔ထားတယ္ PSI စေလာင္းေတြကို ျဖဳတ္ၿပီး ရပ္ကြက္႐ုံးလာပို႔ရမယ္ မပို႔ရင္ဖမ္းမယ္လို႔ေျပာၾကလို႔ မနက္ထဲက ရပ္ကြက္ထဲမွာ စေလာင္းေတြ အကုန္ျဖဳတ္လိုက္ၾကၿပီး ရပ္ကြက္႐ုံးသြားအပ္ၾကတာ အမ်ားႀကီးဘဲ”လို႔ ေျမာင္းျမၿမိဳ႕နယ္ ေဇာင္ခါးပင္ဆိပ္ရပ္ကြက္ေနသူ တစ္ဦးကေျပာပါတယ္။
အၾကမ္းဖက္စစ္ေကာင္စီ လက္နက္ကိုင္မ်ားက အေရာင္းဆိုင္မ်ားလဲ လိုက္လံသိမ္းဆည္းမႈေတြ ျပဳလုပ္ေနလၽွက္ရွိပါတယ္။“ဆိုင္ေတြကို လိုက္ေမႊၿပီး PSIေတြကိုသိမ္းတယ္ တခ်ိဳ႕ဆိုင္ေတြဆိုရင္ PSI တင္မကဘူး CANAL+ ေတြပါ သိမ္းသြားတယ္ ကၽြန္ေတာ့္မိတ္ေဆြဆိုင္တစ္ဆိုင္ဆိုရင္ သူ႔ဆိုင္ခြဲက သုံးခုေတာင္ရွိတာ တစ္ဆိုင္မွာဆို မွန္ပုံးထဲက ဒီမနက္ေစ်းေရာင္းထားတဲ့ ပိုက္ဆံဆယ္သိန္းေက်ာ္ကိုပါ ယူသြားတယ္”လို႔ ဟသၤာတၿမိဳ႕လၽွပ္စစ္ပစၥည္းအေရာင္းဆိုင္က ဆိုင္ရွင္တစ္ဦးကေျပာပါတယ္။
အၾကမ္းဖက္စစ္ေကာင္စီက ျမန္မာနိုင္ငံအတြင္း မိုဘိုင္းအင္တာနက္နဲ႔ Wireless အင္တာနက္ေတြကို ျဖတ္ေတာက္ထားၿပီးေနာက္ သတင္းစီးဆင္းမႈမ်ား မရွိေစရန္ PSI စေလာင္းမ်ားကိုပါ လိုက္လံသိမ္းဆည္းေနတာလို႔ ျပည္သူမ်ားက ဆိုပါတယ္။PSI စေလာင္းမ်ားဟာ ျမန္မာျပည္တြင္း အၾကမ္းဖက္စစ္ေကာင္စီရဲ့ မတရားမႈမ်ားကို တိုက္ရိုက္ထုတ္လႊင့္ေပးေနတဲ့ MIZZIMA နဲ႔ DVB ႐ုပ္သံလိုင္းမ်ား ဖမ္းယူၾကည့္ရႈ႔လို႔ရတာေၾကာင့္ အခုလိုျဖဳတ္သိမ္းခိုင္းေနတာပဲ ျဖစ္ပါတယ္။credit-MIZZIMA
unicode
ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့မှာ အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချနိုင်ရေးအတွက် PSI စလောင်းများ လိုက်လံသိမ်းဆည်း
ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချနိုင်ရေးအတွက် PSI စလောင်းများကို ဧပြီလ ၈ရက်နေ့ မနက်ပိုင်းကနေစတင်ပြီး နေအိမ်များ ဆိုင်များကနေ လိုက်လံသိမ်းဆည်းနေပါတယ်။
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအပါအဝင် နေအိမ်များမှာပါ တပ်ဆင်ထားတဲ့ စလောင်းများကို လိုက်လံသိမ်းဆည်းနေခဲ့တာပါ။“အုပ်ချုပ်ရေးမှူးက သူ့ဆီကို ရဲကစာပို့ထားတယ် PSI စလောင်းတွေကို ဖြုတ်ပြီး ရပ်ကွက်ရုံးလာပို့ရမယ် မပို့ရင်ဖမ်းမယ်လို့ပြောကြလို့ မနက်ထဲက ရပ်ကွက်ထဲမှာ စလောင်းတွေ အကုန်ဖြုတ်လိုက်ကြပြီး ရပ်ကွက်ရုံးသွားအပ်ကြတာ အများကြီးဘဲ”လို့ မြောင်းမြမြို့နယ် ဇောင်ခါးပင်ဆိပ်ရပ်ကွက်နေသူ တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက အရောင်းဆိုင်များလဲ လိုက်လံသိမ်းဆည်းမှုတွေ ပြုလုပ်နေလျှက်ရှိပါတယ်။“ဆိုင်တွေကို လိုက်မွှေပြီး PSIတွေကိုသိမ်းတယ် တချို့ဆိုင်တွေဆိုရင် PSI တင်မကဘူး CANAL+ တွေပါ သိမ်းသွားတယ် ကျွန်တော့်မိတ်ဆွေဆိုင်တစ်ဆိုင်ဆိုရင် သူ့ဆိုင်ခွဲက သုံးခုတောင်ရှိတာ တစ်ဆိုင်မှာဆို မှန်ပုံးထဲက ဒီမနက်စျေးရောင်းထားတဲ့ ပိုက်ဆံဆယ်သိန်းကျော်ကိုပါ ယူသွားတယ်”လို့ ဟင်္သာတမြို့လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း မိုဘိုင်းအင်တာနက်နဲ့ Wireless အင်တာနက်တွေကို ဖြတ်တောက်ထားပြီးနောက် သတင်းစီးဆင်းမှုများ မရှိစေရန် PSI စလောင်းများကိုပါ လိုက်လံသိမ်းဆည်းနေတာလို့ ပြည်သူများက ဆိုပါတယ်။PSI စလောင်းများဟာ မြန်မာပြည်တွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားမှုများကို တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ MIZZIMA နဲ့ DVB ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှု့လို့ရတာကြောင့် အခုလိုဖြုတ်သိမ်းခိုင်းနေတာပဲ ဖြစ်ပါတယ်။credit-MIZZIMA