အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြရရွိထားတဲ့ သ႐ုပ္ေဆာင္ေမာ္လ္ဒယ္မင္းသားေခ်ာ တိုင္ရြန္ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ ပတ္သက္ႀကီး ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။
ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ ရဲရင့္စြာပါဝင္ေနၿပီး လိုအပ္ေနတဲ့ျပည္သူေတြအတြက္လည္း တတ္နိုင္သေလာက္ေဖးမကူညီလႉဒါန္းေနတဲ့ တိုင္ရြန္ကေတာ့ က်ဆုံးသြားတဲ့သူရဲေကာင္းျပည္သူေတြအတြက္ စိတ္ထိခိုက္ခံစားေနရတာလည္း ေတြ႕ရပါတယ္..။
ေဖေဖာ္ဝါရီလ (၉)ရက္ေန႔ တစ္ရက္တည္းနဲ႔တင္ ေသဆုံးသူ (၆၀) ေက်ာ္နဲ႔ ဖမ္းဆီးခံရသူ ၁၀၀ ေက်ာ္ၿပီး အထိအခိုက္အက်ဆုံးမ်ားခဲ့တဲ့ ပဲခူးက သူရဲေကာင္းျပည္သူေတြအတြက္ ပဲခူးသားတစ္ေယာက္အေနနဲ႔ ယူၾကဳံးမရဝမ္းနည္းရသလို သူငယ္ခ်င္းျဖစ္သူပိုင္တံခြန္အတြက္လည္း စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္းေတြကို တိုင္ရြန္က ေျပာျပလာပါတယ္..။
“ပဲခူးၿမိဳ႕က အမ်ိဳးေတြ အားတင္းထားပါဗ်ာ
ဒီထက္ပိုၿပီး ေျပာစရာစကားမရွိ နာက်င္ရပါတယ္ …..
ပဲခူးသားတစ္ေယာက္အေနနဲ႔ ဘာမွမလုပ္ေပးနိုင္တာေတာင္းပန္ပါတယ္ …..
ကၽြန္ေနာ့္ၿမိဳ႕ေလးပါ ေအးေအးခ်မ္းခ်မ္းေနတဲ့ ၿမိဳ႕ေလးပါ အရမ္းမလုပ္ၾကပါနဲ႔ ေတာင္းပန္ပါတယ္ဗ်ာ ..” ဆိုၿပီး ဘာမွမလုပ္ေပးနိုင္လို႔ ယူၾကဳံးမရျဖစ္ရတဲ့အေၾကာင္းကို ဝမ္းနည္းစြာေျပာျပထားတာပါ..။
“သူငယ္ခ်င္းေရ မင္းအဆင္မေျပမွန္းသိေပမဲ့ အဆင္ေျပပါေစဆုေတာင္းေပး႐ုံကလြဲလို႔ ဘာမွမတတ္နိုင္ခဲ့ဘူးကြာ သူေတာ္ေကာင္းနတ္ေကာင္းမပါေစကြာ
ျပည္သူေတြပို႔သတဲ့ေမတၱာနဲ႔ မင္းအျမန္ဆုံးလြတ္ေျမာက္ပါေစ..”ဆိုၿပီးေတာ့လည္း သူငယ္ခ်င္းျဖစ္သူပိုင္တံခြန္အတြက္ စိတ္မေကာင္းျဖစ္ေနရတာေတြကိုလည္း ေျပာျပထားပါေသးတယ္..။
ပရိသတ္ေတြအားလုံးကလည္း ပိုင္တံခြန္နဲ႔ အျခားေသာအႏုပညာရွင္ေတြအျပင္ ဖမ္းဆီးခံထားရတဲ့ ျပည္သူေတြအားလုံးအတြက္ ဆုေတာင္းေပးေနၾကတာလည္း ေတြ႕ရပါတယ္..။credit
unicode
အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မော်လ်ဒယ်မင်းသားချော တိုင်ရွန်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ကြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်နေပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်ဖေးမကူညီလှူဒါန်းနေတဲ့ တိုင်ရွန်ကတော့ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက် စိတ်ထိခိုက်ခံစားနေရတာလည်း တွေ့ရပါတယ်..။
ဖေဖော်ဝါရီလ (၉)ရက်နေ့ တစ်ရက်တည်းနဲ့တင် သေဆုံးသူ (၆၀) ကျော်နဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ပြီး အထိအခိုက်အကျဆုံးများခဲ့တဲ့ ပဲခူးက သူရဲကောင်းပြည်သူတွေအတွက် ပဲခူးသားတစ်ယောက်အနေနဲ့ ယူကြုံးမရဝမ်းနည်းရသလို သူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို တိုင်ရွန်က ပြောပြလာပါတယ်..။
“ပဲခူးမြို့က အမျိုးတွေ အားတင်းထားပါဗျာ
ဒီထက်ပိုပြီး ပြောစရာစကားမရှိ နာကျင်ရပါတယ် …..
ပဲခူးသားတစ်ယောက်အနေနဲ့ ဘာမှမလုပ်ပေးနိုင်တာတောင်းပန်ပါတယ် …..
ကျွန်နော့်မြို့လေးပါ အေးအေးချမ်းချမ်းနေတဲ့ မြို့လေးပါ အရမ်းမလုပ်ကြပါနဲ့ တောင်းပန်ပါတယ်ဗျာ ..” ဆိုပြီး ဘာမှမလုပ်ပေးနိုင်လို့ ယူကြုံးမရဖြစ်ရတဲ့အကြောင်းကို ဝမ်းနည်းစွာပြောပြထားတာပါ..။
“သူငယ်ချင်းရေ မင်းအဆင်မပြေမှန်းသိပေမဲ့ အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူးကွာ သူတော်ကောင်းနတ်ကောင်းမပါစေကွာ
ပြည်သူတွေပို့သတဲ့မေတ္တာနဲ့ မင်းအမြန်ဆုံးလွတ်မြောက်ပါစေ..”ဆိုပြီးတော့လည်း သူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက် စိတ်မကောင်းဖြစ်နေရတာတွေကိုလည်း ပြောပြထားပါသေးတယ်..။
ပရိသတ်တွေအားလုံးကလည်း ပိုင်တံခွန်နဲ့ အခြားသောအနုပညာရှင်တွေအပြင် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအားလုံးအတွက် ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်..။credit