ကလေးမြို့အတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်ပေးခဲ့လို့ ပြည်သူတွေရဲ့အလေးပြုနှုတ်ဆက်ခြင်းခံခဲ့ရတဲ့ သူရဲကောင်းလေး
ကတိပေးရင်း…………ကောင်းကင်ဘုံ မှာ အိပ်စက်ပါတော့ အာဇာနည် သူရဲကောင်း လေးရေ…
unicode
အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသ က် ဆုံး ရှုံးသွားတဲ့သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့်. .
ပြည်သူတွေက တစ်ဦးကိုတစ်ဦး ကူညီကာကွယ်ပေးနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၇)ရက်နေ့ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ လူစု ခွဲ ဖြို ခွ င်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူတစ်ချို့..
အ သ က် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။ကျဆုံးသွားတဲ့ ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုနိုင်လင်းဦးကလည်း ကလေးမြို့အတွက် တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ ကိုနိုင်လင်းဦးက ကိုယ့်မြို့လေးမှာရှိတဲ့..
ပြည်သူတွေကိုကာကွယ်ဖို့အတွက် အသ က် နဲ့ ရ င်းကာ ပါဝင်လှုပ်ရှားခဲ့ပေမယ့်လည်း စောစီးစွာ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။မိအို ဖအိုကြီးရဲ့ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ကိုနိုင်လင်းဦးရဲ့နာရေးသတင်းကတော့..
ပြည်သူတွေကိုပါ ဝမ်းနည်းကြေကွဲစေခဲ့တာ ဖြစ်ပါတယ် ။သူရဲကောင်းလေး ကိုနိုင်လင်းဦးရဲ့ဈာပနပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူတစ်ဦးကတော့ သူ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ် ။..
ဒါကြောင့် “လူမသိသူမသိ အာဇာနည်လေးရဲနောက်ဆုံး ခရီး လိုက်ပါနှုတ်ဆက်ပို့ဆောင်သူ နည်းပါးမှာကို မသိနိုင်ရှာတော့တဲ့ ညီလေးနိုင်လင်းဦး အတွက် မျက်နှာပူနေမိပါတယ်။ ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။..
ဒါပေမဲ့လည်း ညီလေးရေ …..မင်း ရဲ့ နောက်ဆုံးခရီးမှာမင်းမြင်ချင်သလို လက်သုံးချောင်ထောင်မပျက် အာ ဏာရှင်ကို ဖီဆန်တော်လှန် နေဆဲ ရိုးသား တဲ့ ကျေးရွာသူ ကျေးရွာသား များသာမက ဘယ်ကနေဘယ်လို..
ရောက်လာကြမှန်းမသိသောပြည်သူတွေရဲ့ ဂုဏ်ပြု အလေးပြု ခြင်းကိုအာဇာနည် သူရဲကောင်း ညီလေး ရောက်ရာဘုံဘဝကနေမြင်သိကြားသိပါစေကွာအရေး တော်ပုံ ကြီး အောင်ပြီးတဲ့ တနေ့တော့..
ညီလေး နိုင်လင်းဦး လို တိုင်းပြည် အတွက် အသက်ပေးဆပ်တော်လှန်သွားတဲ့ သူရဲကောင်းတွေ အတွက်ခမ်းနားထည်ဝါတဲ့ အာဇာနည် ဗိမ္မာန်ကြီးတွေမှာကမ္ဗည်းမော်ကွန်းရေး တင် ကြ မယ်လေကွာ…..
ခုတော့ အာဏာရှင် နေဝင်ချိန်ကို မကြည့်သွားလိုက်နိုင်ပဲအကြွေစောသွားရတဲ့ ညီလေး နိုင်လင်းဦး ရေအစ်ကို တို့ ပြည်သူတွေက အဆုံး သ တ် တို က် ပွဲ ကြီးကိုအ ပြီး သ တ် အမြ စ် ဖြ တ် ချေ မှု န်း ပေးပါမယ်လို့..
ကတိပေးရင်း…………ကောင်းကင်ဘုံ မှာ အိပ်စက်ပါတော့ အာဇာနည် သူရဲကောင်း လေးရ…