မုံရြာ သပိတ္ေခါင္းေဆာင္ ေဝမိုးနိုင္ အဖမ္းခံရ

မုံရြာ သပိတ္ေခါင္းေဆာင္ ေဝမိုးနိုင္ အဖမ္းခံရ

စစ္ကိုင္းတိုင္း၊ မုံရြာၿမိဳ႕က သပိတ္ေခါင္းေဆာင္ေဝမိုးနိုင္ကို ဒီကေန႔ ေန႔လယ္ ၂ နာရီ ေက်ာ္ေလာက္က စစ္ေကာင္စီက ဖမ္းဆီးလိုက္တယ္လို႔ နီးစပ္သူေတြက RFA ကို အတည္ျပဳေျပာပါတယ္။

မုံရြာၿမိဳ႕၊ စည္လမ္းၿမိဳ႕မ ေရႊဂူေက်ာင္းနားမွာ ဆႏၵျပသပိတ္စစ္ေၾကာင္း ထြက္ဖို႔ ျပင္ဆင္ေနတုန္းမွာ သူစီးေနတဲ့ ဆိုင္ကယ္ကိုကားနဲ႔ ဝင္တိုက္ၿပီး ရိုက္ႏွက္ဖမ္းသြားတာလို႔ ဆႏၵျပေက်ာင္းသားတစ္ဦးက RFA ကိုေျပာပါတယ္။

ဘယ္ကိုဖမ္းေခၚသြားလဲဆိုတာကို မသိရေသးသလို မုံရြာၿမိဳ႕ ရဲစခန္းကို သြားေရာက္စုံစမ္းခ်ိန္မွာလည္း ရဲစခန္းမွာ မရွိတာေၾကာင့္ သူ႔ရဲ့ မိသားစုနဲ႔ မိတ္ေဆြေတြက စိတ္ပူေနၾကတယ္လို႔ဆိုပါတယ္။

မုံရြာၿမိဳ႕က သပိတ္ေခါင္းေဆာင္ေဝမိုးနိုင္ကို စစ္ေကာင္စီတပ္သားတစ္ဦးေသဆုံးမႈမွာပါဝင္ခဲ့တယ္ဆိုၿပီး လူသတ္မႈနဲ႔ စစ္ေကာင္စီက စြပ္စြဲ အမႈဖြင့္ထားသလို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (က) နဲ႔လည္း အမႈဖြင့္ထားပါတယ္။

unicode

မုံရွာ သပိတ်ခေါင်းဆောင် ဝေမိုးနိုင် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က သပိတ်ခေါင်းဆောင်ဝေမိုးနိုင်ကို ဒီကနေ့ နေ့လယ် ၂ နာရီ ကျော်လောက်က စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။

မုံရွာမြို့၊ စည်လမ်းမြို့မ ရွှေဂူကျောင်းနားမှာ ဆန္ဒပြသပိတ်စစ်ကြောင်း ထွက်ဖို့ ပြင်ဆင်နေတုန်းမှာ သူစီးနေတဲ့ ဆိုင်ကယ်ကိုကားနဲ့ ဝင်တိုက်ပြီး ရိုက်နှက်ဖမ်းသွားတာလို့ ဆန္ဒပြကျောင်းသားတစ်ဦးက RFA ကိုပြောပါတယ်။

ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာကို မသိရသေးသလို မုံရွာမြို့ ရဲစခန်းကို သွားရောက်စုံစမ်းချိန်မှာလည်း ရဲစခန်းမှာ မရှိတာကြောင့် သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေက စိတ်ပူနေကြတယ်လို့ဆိုပါတယ်။

မုံရွာမြို့က သပိတ်ခေါင်းဆောင်ဝေမိုးနိုင်ကို စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးမှုမှာပါဝင်ခဲ့တယ်ဆိုပြီး လူသတ်မှုနဲ့ စစ်ကောင်စီက စွပ်စွဲ အမှုဖွင့်ထားသလို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့လည်း အမှုဖွင့်ထားပါတယ်။