ဒီလိုအကြောင်းအရာတွေကို သူနဲ့တိုင်ပင်နေရပြီဆိုရင်

ဒီလိုအကြောင်းအရာတွေကို သူနဲ့တိုင်ပင်နေရပြီဆိုရင် ထာဝရလက်တွဲဖော်တွေ ဖြစ်နေပါပြီ

(၁) သင့်ရဲ့ သိမ်ငယ်ရတဲ့အကြောင်းအရာတွေ

လူတိုင်းမှာ ကိုယ့်ကိုယ်ကို လုံးဝယုံကြည်မှုမရှိဘဲနဲ့ သိမ်ငယ်ရတဲ့အကြောင်းတွေ အများကြီးရှိမှာပါပဲ။

ကိုယ့်ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပတ်သက်လို့၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အကျင့်စရိုက်စတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီတော့ အလိုမကျဘဲ သိမ်ငယ်တာမျိုးတွေကို အဲဒီလူရှေ့မှာ အရှိကိုအရှိအတိုင်း ထုတ်ပြနိုင်ပြီး စကားပြောနိုင်တယ်ဆိုရင် သူဟာ တော်ရုံသင့်ကို တန်ဖိုးထားတဲ့လူတော့မဟုတ်တော့ပါဘူး။

(၂) သင့်ရဲ့ ခံစားချက်တွေ

အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ငါသူ့အပေါ်ထားတဲ့ ခံစားချက်တွေကို အရှိအရှိအတိုင်း ပြောပြပြီး ထုတ်ချစ်ပြလိုက်ရင် တန်ဖိုးမဲ့သွားပြီးတော့ ငါ့ကိုများအနိုင်ကျင့်တော့မှာလားဆိုတာကို စိုးရိမ်တတ်ကြပါတယ်။

ဒါပေမဲ့ သူဟာ သင်ထုတ်ချစ်ပြလိုက်လို့ သင့်ကို သူ့လက်ခုတ်ထဲကနေလို မဆက်ဆံတဲ့အပြင်ကိုမှ သင့်ကို ပိုလို့တောင် ချစ်လာပြီးတော့ နှစ်ဦးသားကြားထဲမှာလည်း သံယောဇဉ်တွေ ပိုတိုးလာမယ်ဆိုရင် သင့်အပေါ်ထားတဲ့ သူ့ခံစားချက်ဟာ သာမန်တော့မဟုတ်တော့ပါဘူး။

(၃) သင့်ရဲ့ Dark Side

လူတိုင်းကိုပြထားတဲ့ အလင်းဖက်အခြမ်းနဲ့ ဘယ်သူ့ကိုမှမပြတဲ့ အမှောင်ဖက်အခြမ်းဆိုတာ ရှိတတ်ကြပါတယ်။

ဘယ်သူ့ကိုမှမပြောဘဲနဲ့ တစ်ယောက်တည်း ကြိတ်ခံစားနေရတဲ့ dark side တွေကို သူ့ကို ထုတ်ပြောပြလိုက်တာနဲ့ သူ့ဖက်က စိတ်ပျက်ခြင်းမရှိဘဲ လက်ကမ်းပြီး အားပေးနှစ်သိမ့်မှု လုပ်မယ်ဆိုရင် သူဟာ သင့်အတွက် လူမှန်ပါပဲ။

(၄) သင့်ရဲ့ ငွေရေးကြေးရေး

ငွေရေးကြေးရေးကိစ္စဆိုတာ တစ်ခါတစ်လေကျရင် မိသားစုချင်းတောင် ပေးသိချင်တတ်ကြတာမဟုတ်ပါဘူး။

ဒါပေမဲ့ တစ်ယောက်ရဲ့အခက်အခဲတစ်ယောက် ရင်ဖွင့်ပြောဆို တိုင်ပင်လို့ရမယ်ဆိုရင် သင့်ဘဝရဲ့အရင်းနှီးဆုံးလူသားဆိုတာ သူဖြစ်နေပါပြီ။

(၅) သင့်ရဲ့ ရူးသွပ်မှုတွေ

သင့်ရဲ့ အိပ်မက်တွေ၊ သင့်ရဲ့ ထူးထူးဆန်းဆန်း စိတ်ကူးတွေ၊ စိတ်ဆန္ဒတွေကို သူ့ကို မရှက်တမ်းပြောပြနိုင်ခဲ့မယ်ဆိုရင် သေချာပါပြီ သူဟာ သင့်အနာဂတ်တစ်လျှောက်လုံး လုံးဝလက်မလွင့်သင့်တဲ့ လူစားမျိုးပါပဲ။

Credit

ဒီလိုအေၾကာင္းအရာေတြကို သူနဲ႔တိုင္ပင္ေနရၿပီဆိုရင္ ထာဝရလက္တြဲေဖာ္ေတြ ျဖစ္ေနပါၿပီ

(၁) သင့္ရဲ႕ သိမ္ငယ္ရတဲ့အေၾကာင္းအရာေတြ

လူတိုင္းမွာ ကိုယ့္ကိုယ္ကို လုံးဝယုံၾကည္မႈမရွိဘဲနဲ႔ သိမ္ငယ္ရတဲ့အေၾကာင္းေတြ အမ်ားႀကီးရွိမွာပါပဲ။

ကိုယ့္ရဲ႕ ႐ုပ္ဆင္းအဂၤါနဲ႔ ပတ္သက္လို႔၊ ကိုယ့္ရဲ႕ မိသားစု၊ ကိုယ့္ရဲ႕ အက်င့္စ႐ိုက္စတဲ့ ကိုယ့္ရဲ႕ျဖစ္တည္မႈေတြနဲ႔ ပတ္သက္ၿပီေတာ့ အလိုမက်ဘဲ သိမ္ငယ္တာမ်ိဳးေတြကို အဲဒီလူေရွ႕မွာ အရွိကိုအရွိအတိုင္း ထုတ္ျပႏိုင္ၿပီး စကားေျပာႏိုင္တယ္ဆိုရင္ သူဟာ ေတာ္႐ုံသင့္ကို တန္ဖိုးထားတဲ့လူေတာ့မဟုတ္ေတာ့ပါဘူး။

(၂) သင့္ရဲ႕ ခံစားခ်က္ေတြ

အထူးသျဖင့္ မိန္းကေလးေတြမွာေပါ့။ ငါသူ႔အေပၚထားတဲ့ ခံစားခ်က္ေတြကို အရွိအရွိအတိုင္း ေျပာျပၿပီး ထုတ္ခ်စ္ျပလိုက္ရင္ တန္ဖိုးမဲ့သြားၿပီးေတာ့ ငါ့ကိုမ်ားအႏိုင္က်င့္ေတာ့မွာလားဆိုတာကို စိုးရိမ္တတ္ၾကပါတယ္။

ဒါေပမဲ့ သူဟာ သင္ထုတ္ခ်စ္ျပလိုက္လို႔ သင့္ကို သူ႔လက္ခုတ္ထဲကေနလို မဆက္ဆံတဲ့အျပင္ကိုမွ သင့္ကို ပိုလို႔ေတာင္ ခ်စ္လာၿပီးေတာ့ ႏွစ္ဦးသားၾကားထဲမွာလည္း သံေယာဇဥ္ေတြ ပိုတိုးလာမယ္ဆိုရင္ သင့္အေပၚထားတဲ့ သူ႔ခံစားခ်က္ဟာ သာမန္ေတာ့မဟုတ္ေတာ့ပါဘူး။

(၃) သင့္ရဲ႕ Dark Side

လူတိုင္းကိုျပထားတဲ့ အလင္းဖက္အျခမ္းနဲ႔ ဘယ္သူ႔ကိုမွမျပတဲ့ အေမွာင္ဖက္အျခမ္းဆိုတာ ရွိတတ္ၾကပါတယ္။

ဘယ္သူ႔ကိုမွမေျပာဘဲနဲ႔ တစ္ေယာက္တည္း ႀကိတ္ခံစားေနရတဲ့ dark side ေတြကို သူ႔ကို ထုတ္ေျပာျပလိုက္တာနဲ႔ သူ႔ဖက္က စိတ္ပ်က္ျခင္းမရွိဘဲ လက္ကမ္းၿပီး အားေပးႏွစ္သိမ့္မႈ လုပ္မယ္ဆိုရင္ သူဟာ သင့္အတြက္ လူမွန္ပါပဲ။

(၄) သင့္ရဲ႕ ေငြေရးေၾကးေရး

ေငြေရးေၾကးေရးကိစၥဆိုတာ တစ္ခါတစ္ေလက်ရင္ မိသားစုခ်င္းေတာင္ ေပးသိခ်င္တတ္ၾကတာမဟုတ္ပါဘူး။

ဒါေပမဲ့ တစ္ေယာက္ရဲ႕အခက္အခဲတစ္ေယာက္ ရင္ဖြင့္ေျပာဆို တိုင္ပင္လို႔ရမယ္ဆိုရင္ သင့္ဘဝရဲ႕အရင္းႏွီးဆုံးလူသားဆိုတာ သူျဖစ္ေနပါၿပီ။

(၅) သင့္ရဲ႕ ႐ူးသြပ္မႈေတြ

သင့္ရဲ႕ အိပ္မက္ေတြ၊ သင့္ရဲ႕ ထူးထူးဆန္းဆန္း စိတ္ကူးေတြ၊ စိတ္ဆႏၵေတြကို သူ႔ကို မရွက္တမ္းေျပာျပႏိုင္ခဲ့မယ္ဆိုရင္ ေသခ်ာပါၿပီ သူဟာ သင့္အနာဂတ္တစ္ေလွ်ာက္လုံး လုံးဝလက္မလြင့္သင့္တဲ့ လူစားမ်ိဳးပါပဲ။

Credit