ကိုဝေမိုးနိုင် မိခင် ၏ ဆန္ဒစကား
ကိုဝေမိုးနိုင် မိခင် ၏ ဆန္ဒစကား
” သားလေး ဝေမိုးနိုင်သည် မွေးစမှ စ၍ ယခုအသက်အရွယ်အထိ မည်သူတစ်ဦးတယောက်ကိုမျှ ထိခိုက်နာကျင်စေသောစိတ်ဖြင့် ရန်ပြုခဲ့ခြင်း မရှိပါ။
ကြီးမားသော အပြစ်တစုံတရာ ကျူးလွန်ခဲ့ခြင်းလဲ မရှိပါ။
တရားသော လုပ်ရပ်ကို ဆောင်ရွက်သော လူငယ်တစ်ယောက် ဖြစ်ပါသည်။
ထိုကြောင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိခင်မေတ္တာဖြင့် သစ္စာပြုပါသည်။
အလ္လာဟ်အရှင်မြတ် ထံတော်မှ ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်စေရန် ဆန္ဒပြုပါသည်။ ”
မိခင်တစ်ယောက် ၏ ဆန္ဒစကား၊ဝမ်းနည်းပူဆွေးမှုတို့ကို အတူဝေမျှခံစားပြီး အောက်ပါ တောင်းဆိုချက်များ အမြန်ဆုံး ရရှိဖို့ ဆက်လက်တိုက်ပွဲဝင်ပေးကြပါ။
ဝေမိုးနိုင်အတွက် အရေးဆိုတိုက်ပွဲဝင်ပေးကြပါ။
ဝေမိုးနိုင် ချက်ချင်းဆေးကုသခွင့်ရရှိရေး တိုက်ပွဲဝင်ကြပါ။
ဝေမိုးနိုင် မိသားစုနဲ့ ရှေ့နေနဲ့ အမြန်ဆုံးတွေ့ခွင့်ရရေး တိုက်ပွဲဝင်ကြပါ။
ဝေမိုးနိုင်ကို စစ်ကောင်စီတွေလက်က ကယ်တင်ကြပါစို့။