တာဝန္မဲ့ မိခင္ရဲ့လုပ္ရပ္ေၾကာင့္ ေအာက္ေမးရိုးမပါလာတဲ့ သားငယ္ေလးကို ပါရဂူႀကီးနဲ႔ ျပသၿပီး အေကာင္းပကတိ ျဖစ္လာဖို႔ႀကိဳးစားေပးေနတဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ စိတ္ထားေကာင္းၿပီး သူတစ္ပါးကို ကူညီလိုစိတ္အျပည့္ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ ကိုယ္က်ိဳးနဲ႔ အမ်ားအက်ိဳးယွဥ္လာခဲ့ရင္ သူတစ္ပါးအက်ိဳးကိုသာ တက္တက္ႂကြႂကြ ကူညီတတ္တဲ့ ခိုင္ႏွင္းေဝက ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနသလို မိဘနဲ႔အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြဲခြာလာရတဲ့ ကေလးငယ္ေတြကိုလည္း ေဂဟာထူေထာင္ပီး မိခင္ရင္းသဖြယ္ ေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ခိုင္ႏွင္းေဝက ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက တာဝန္မယူတဲ့ဖခင္နဲ႔ ကိုယ္ဝန္ကို အမ်ိဳးမ်ိဳးဖ်က္ခ်ၿပီး လူ႔ေလာကထဲေရာက္ရွိလာတဲ့ ရင္ေသြးကို ပစ္သြားတဲ့ မိခင္တို႔ရဲ့ ကေလးေလးကို ေခၚယူေစာင့္ေရွာက္ခဲ့တာပဲ ျဖစ္ပါတယ္။
မိခင္ရဲ့ တာဝန္မဲ့တဲ့လုပ္ရပ္ေၾကာင့္ ေမြးရာပါေအာက္ေမးရိုးမပါလာခဲ့တဲ့ သားေလးကို ခိုင္ႏွင္းေဝက ဒီကေန႔မွာေတာ့ အထူးကုပါရဂူႀကီးနဲ႔ ကုသဖို႔ ျပဳလုပ္ေပးခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “ဒီေန႔ သားေလးကို အထူးကု ပါရဂူမ်ားနဲ႔ ဆက္သြယ္ပီး လိုအပ္သည္မ်ား ျပဳလုပ္ေပးရန္ က်န္းမာေရး စစ္ေဆးဘို႔ ေဆး႐ုံသြားျပျဖစ္ခဲ့ပါတယ္..လုပ္စရာေတြက အမ်ားႀကီးမို႔ တခုခ်င္း အဆင့္ဆင့္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္..ခုႏွစ္ရက္ သားသမီး အားလုံး သားေလးကို စိတ္မေကာင္းျဖစ္ၿပီး ဝိုင္းခ်စ္ေပးတဲ့ အတြက္လဲ ေက်းဇူးတင္ပါတယ္ရွင္..” ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။
ခိုင္ႏွင္းေဝကေတာ့ လူ႔ေလာကထဲကို ခ်ိဳ႕တဲ့စြာနဲ႔ ေရာက္ရွိလာတဲ့ သားေလးကို လူေကာင္းပကတိျဖစ္ေအာင္ ျပဳလုပ္ေပးဖို႔ ဆရာဝန္ႀကီးေတြနဲ႔ တိုင္ပင္ၿပီး ကုသေပးမွာပဲ ျဖစ္ပါတယ္။ သားေလးလည္း အျမန္ဆုံး လူေကာင္းပကတိဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဆယ္လီကြန္နက္ရွင္
unicode
တာဝန်မဲ့ မိခင်ရဲ့လုပ်ရပ်ကြောင့် အောက်မေးရိုးမပါလာတဲ့ သားငယ်လေးကို ပါရဂူကြီးနဲ့ ပြသပြီး အကောင်းပကတိ ဖြစ်လာဖို့ကြိုးစားပေးနေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကူညီလိုစိတ်အပြည့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ကျိုးနဲ့ အများအကျိုးယှဉ်လာခဲ့ရင် သူတစ်ပါးအကျိုးကိုသာ တက်တက်ကြွကြွ ကူညီတတ်တဲ့ ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသလို မိဘနဲ့အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာလာရတဲ့ ကလေးငယ်တွေကိုလည်း ဂေဟာထူထောင်ပီး မိခင်ရင်းသဖွယ် စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တာဝန်မယူတဲ့ဖခင်နဲ့ ကိုယ်ဝန်ကို အမျိုးမျိုးဖျက်ချပြီး လူ့လောကထဲရောက်ရှိလာတဲ့ ရင်သွေးကို ပစ်သွားတဲ့ မိခင်တို့ရဲ့ ကလေးလေးကို ခေါ်ယူစောင့်ရှောက်ခဲ့တာပဲ ဖြစ်ပါတယ်။
မိခင်ရဲ့ တာဝန်မဲ့တဲ့လုပ်ရပ်ကြောင့် မွေးရာပါအောက်မေးရိုးမပါလာခဲ့တဲ့ သားလေးကို ခိုင်နှင်းဝေက ဒီကနေ့မှာတော့ အထူးကုပါရဂူကြီးနဲ့ ကုသဖို့ ပြုလုပ်ပေးခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ “ဒီနေ့ သားလေးကို အထူးကု ပါရဂူများနဲ့ ဆက်သွယ်ပီး လိုအပ်သည်များ ပြုလုပ်ပေးရန် ကျန်းမာရေး စစ်ဆေးဘို့ ဆေးရုံသွားပြဖြစ်ခဲ့ပါတယ်..လုပ်စရာတွေက အများကြီးမို့ တခုချင်း အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်..ခုနှစ်ရက် သားသမီး အားလုံး သားလေးကို စိတ်မကောင်းဖြစ်ပြီး ဝိုင်းချစ်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင်..” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ လူ့လောကထဲကို ချို့တဲ့စွာနဲ့ ရောက်ရှိလာတဲ့ သားလေးကို လူကောင်းပကတိဖြစ်အောင် ပြုလုပ်ပေးဖို့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ကုသပေးမှာပဲ ဖြစ်ပါတယ်။ သားလေးလည်း အမြန်ဆုံး လူကောင်းပကတိဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဆယ်လီကွန်နက်ရှင်