NUG က ခန့်လိုက်တဲ့ ဒုတိယဝန်ကြီး နော်ထူးဖော
ခေတ်သစ်၊ ဧပြီလ ၁၇ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ (၁၆) ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ခန့်အပ်လိုက်တဲ့ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး နော်ထူးဖောဟာ စစ်ပဋိပက္ခဒဏ်တွေ ခံစားခဲ့ရပြီး ဒုက္ခသည်စခန်းထဲမှာ အရွယ်ရောက်ကြီးပြင်းလာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကရင်လူငယ် အမျိုးသမီးတဦးဖြစ်ပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံးမှာ ပါဝင်ပြီး အမျိုးသမီးရေးတွေ တက်တက်ကြွကြွ လုပ်ကိုင်နေတဲ့ တပြိုင်နက်တည်းမှာ KNU ခေါင်းဆောင်တဦးဖြစ်တဲ့ နော်စီဖိုးရာစိန်ကို အနီးကပ် ပံ့ပိုးပေးရင်းနဲ့လည်း ကရင့်နိုင်ငံရေးမှာ တက်ကြွပါဝင်ခဲ့သူဖြစ်ပါတယ်။
နော်ထူးဖောဟာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ကိုယ်စားပြုအနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရာအလုပ်အဖွဲ့မှာလည်း ကိုယ်စားပြုပါဝင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာ စစ်ပဋိပက္ခကြားက ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေအတွက်လည်း စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတဦးဖြစ်ပါတယ်။
နော်ထူးဖောဟာ တန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက်အပြင် ဆိုးရွားလှတဲ့ အမျိုးသမီးလူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုပြီး တရားမျှတမှု ရဖို့အတွက် UN နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေး အတွေ့အကြုံတွေနဲ့ ရင့်ကျက်နဲ့ ကရင်အမျိုးသမီးတယောက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၅ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation – SD) အဖွဲ့ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်ကို အနီးကပ် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
တန်းတူရေးနဲ့ တရားမျှတမှုကို လိုလားပြီး တစိုက်မတ်မတ် တိုက်ပွဲဝင်နေတဲ့ နော်ထူးဖောဟာ အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်လိုက်တဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
သူမရဲ့ ဖြတ်သန်းမှု၊ ကြီးပြင်းလာတဲ့ အနေအထားနဲ့ တန်းတူရေးနဲ့ တရားမျှတမှုအတွက် ခိုင်မာတဲ့ ယုံကြည်ချက်ရှိတဲ့ သူမဟာ မြန်မာနိုင်ငံက စစ်ပဋိပက္ခကြားက မြေဇာပင်ဖြစ်ရတဲ့ ပြည်သူတွေအတွက်သာမက တနိုင်ငံလုံးက ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မယ့်သူဖြစ်ပါတယ်။
The Union Times ထံမှ ကူးယူဖော်ပြသည်။
NUG က ခန႔္လိုက္တဲ့ ဒုတိယဝန္ႀကီး ေနာ္ထူးေဖာ
ေခတ္သစ္၊ ဧၿပီလ ၁၇ ရက္။
အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က ဧၿပီလ (၁၆) ရက္ေန႔မွာ ဖြဲ႕စည္းလိုက္တဲ့ ခန႔္အပ္လိုက္တဲ့ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာနရဲ့ ဒုတိယဝန္ႀကီး ေနာ္ထူးေဖာဟာ စစ္ပဋိပကၡဒဏ္ေတြ ခံစားခဲ့ရၿပီး ဒုကၡသည္စခန္းထဲမွာ အရြယ္ေရာက္ႀကီးျပင္းလာတဲ့ နိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ကရင္လူငယ္ အမ်ိဳးသမီးတဦးျဖစ္ပါတယ္။
ကရင္အမ်ိဳးသမီးအစည္းအ႐ုံးမွာ ပါဝင္ၿပီး အမ်ိဳးသမီးေရးေတြ တက္တက္ႂကြႂကြ လုပ္ကိုင္ေနတဲ့ တၿပိဳင္နက္တည္းမွာ KNU ေခါင္းေဆာင္တဦးျဖစ္တဲ့ ေနာ္စီဖိုးရာစိန္ကို အနီးကပ္ ပံ့ပိုးေပးရင္းနဲ႔လည္း ကရင့္နိုင္ငံေရးမွာ တက္ႂကြပါဝင္ခဲ့သူျဖစ္ပါတယ္။
ေနာ္ထူးေဖာဟာ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ (ျမန္မာနိုင္ငံ)ရဲ့ ကိုယ္စားျပဳအေနနဲ႔ ဖက္ဒရယ္ဖြဲ႕စည္းပုံ မူၾကမ္းေရးဆြဲရာအလုပ္အဖြဲ႕မွာလည္း ကိုယ္စားျပဳပါဝင္ခဲ့ပါတယ္။ တၿပိဳင္နက္တည္းမွာ စစ္ပဋိပကၡၾကားက ဆိုးရြားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတဲ့ အမ်ိဳးသမီးေတြရဲ့ တရားမၽွတမႈေတြအတြက္လည္း စြမ္းစြမ္းတမံ လုပ္ေဆာင္ခဲ့သူတဦးျဖစ္ပါတယ္။
ေနာ္ထူးေဖာဟာ တန္းတူေရး၊ ဒီမိုကေရစီေရးနဲ႔ လူ႔အခြင့္အေရးေတြအတြက္အျပင္ ဆိုးရြားလွတဲ့ အမ်ိဳးသမီးလူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတဲ့ အမ်ိဳးသမီးေတြကို ကိုယ္စားျပဳၿပီး တရားမၽွတမႈ ရဖို႔အတြက္ UN နဲ႔ နိုင္ငံတကာအသိုင္းအဝိုင္းမွာ နိုင္ငံတကာ စည္း႐ုံးလႈံ႔ေဆာ္ေရး အေတြ႕အၾကဳံေတြနဲ႔ ရင့္က်က္နဲ႔ ကရင္အမ်ိဳးသမီးတေယာက္လည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ၂၀၁၅ ခုႏွစ္က တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၁၇ ဖြဲ႕နဲ႔ ဖြဲ႕စည္းခဲ့တဲ့ တနိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးဆိုင္ရာ အဆင့္ျမင့္ ညႇိႏွိုင္းေရးကိုယ္စားလွယ္အဖြဲ႕ (Senior Delegation – SD) အဖြဲ႕ေခါင္းေဆာင္ ပဒို ေနာ္စီဖိုးရာစိန္ကို အနီးကပ္ ကူညီေပးခဲ့သူလည္း ျဖစ္ပါတယ္။
တန္းတူေရးနဲ႔ တရားမၽွတမႈကို လိုလားၿပီး တစိုက္မတ္မတ္ တိုက္ပြဲဝင္ေနတဲ့ ေနာ္ထူးေဖာဟာ အမ်ိဳးသားညီညြတ္ေရးအစိုးရက ခန႔္အပ္လိုက္တဲ့ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာနရဲ့ ဒုတိယဝန္ႀကီးတာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္နိုင္မယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။
သူမရဲ့ ျဖတ္သန္းမႈ၊ ႀကီးျပင္းလာတဲ့ အေနအထားနဲ႔ တန္းတူေရးနဲ႔ တရားမၽွတမႈအတြက္ ခိုင္မာတဲ့ ယုံၾကည္ခ်က္ရွိတဲ့ သူမဟာ ျမန္မာနိုင္ငံက စစ္ပဋိပကၡၾကားက ေျမဇာပင္ျဖစ္ရတဲ့ ျပည္သူေတြအတြက္သာမက တနိုင္ငံလုံးက ျပည္သူေတြ အထူးသျဖင့္ အမ်ိဳးသမီးေတြအတြက္ အေကာင္းဆုံးလုပ္ေဆာင္နိုင္မယ့္သူျဖစ္ပါတယ္။
The Union Times ထံမွ ကူးယူေဖာ္ျပသည္။