တစ်ခွက် (၃၀၀၀) မက ရောင်းနေတဲ့ သရက်သီးဖာလူဒါ လုပ်နည်း

တစ်ခွက် (၃၀၀၀) မက ရောင်းနေတဲ့ သရက်သီးဖာလူဒါ လုပ်နည်း

စိန်တစ်လုံးသရက်သီးမှည့်တွေ ပေါ်နေပြီဆိုတော့သရက်သီးကြိုက်သူတွေအတွက် ခါတိုင်းနဲ့မတူ တမူထူးတဲ့ သရက်သီးဖျော်ရည် လုပ်နည်းလေး မျှဝေချင်ပါတယ်

ချိုချိုအေးအေးမွှေးမွှေးလေးမို့ အခုလို ရာသီဥတုပူတဲ့အချိန်နဲ့ အတော်ပါပဲ(ရေးပေးထားတဲ့အချိုးက သုံးခွက်စာရပါတယ်)*စိန်တစ်လုံး သရက်သီးမှည့်နှစ်လုံး လိုပါတယ်အရင်ဆုံး သရက်သီး တစ်ခြမ်းကို ခပ်သေးသေးအတုံးလေးတွေ

တုံးထားပြီး ကျန်တဲ့ တစ်လုံးနဲ့တစ်ခြမ်းကို အနှစ်ကြိတ်ထားပေးပါမယ်

*သရက်သီးအနှစ်ထဲက စားပွဲဇွန်းနှစ်ဇွန်းစာကို ဖယ်ထားပြီး ကျန်နေတဲ့အနှစ်ထဲကို နို့ဆီ စားပွဲဇွန်း သုံးဇွန်းထည့်မွှေထားပေးပါမယ်*နွားနို့ ၄၀၀ml ကို သကြား စားပွဲဇွန်း‌လေးဇွန်း ဆားအနည်းငယ်ထည့်ပြီး ခပ်ပျစ်ပျစ်ကလေး

ရအောင် တည်ထားပေးပါမယ်

*ရေနွေးဆူဆူမှာ သာကူစေ့ စားပွဲဇွန်း သုံးဇွန်းကို ထည့်ပြုတ်ပါတယ် သာကူမျက်ဆံပျောက်ကာနီးအချိန်မှာ ရေစစ် ရေဆေးပြီး ရေခဲရေထဲစိမ်ထားပေးပါမယ်

*ရေနွေး ၃၀၀ml ကို အနည်းငယ်ပူအောင်တည်ပြီး ဂျယ်လီမှုန့် သုံးဂရမ် (လဘက်ရည်ဇွန်းတစ်ဝက်ကျော်ခန့်) ဖယ်ထားတဲ့သရက်သီးအနှစ်နှစ်ဇွန်း သကြားစားပွဲဇွန်း နှစ်ဇွန်း အဝါ‌ရောင်ဆိုးဆေးအနည်းငယ်တို့ထည့်ပြီး

ငါးမိနစ်ကျော်ကျော်လောက် မီးအေးအေးနဲ့ မွှေပေးပါတယ် ပြီးရင် ပန်းကန်တစ်ခုထဲထည့် အအေးခံပေးပါမယ် လုံးဝအေးသွားတဲ့အခါ သေးသေးတုံးထားပေးပါမယ်

(ဂျယ်လီမှုန့်မရှိရင် ကျောက်ကျောမှုန့်သုံးနိုင်ပါတယ် ရေ ၃၀၀ml ကို ကျောက်ကျောမှုန့် လဘက်ရည်ဇွန်း တစ်ဇွန်းပါ )

*အမယ်အားလုံးကို ပြင်ဆင်ပြီးတာနဲ့ ရေခဲသေတ္တာထဲထည့်ထားပေးပြီး စားကာနီးမှ ထုတ်ယူပြီး ပွဲပြင်ပါတယ်

ပြင်ဆင်ပုံ

အရင်ဆုံး သရက်သီးအနှစ်ထည့်ပေးပါတယ်သာကူထည့်ပေးပါတယ်ဂျယ်လီထည့်ပေးပါတယ် နွားနို့ကိုဇွန်းနဲ့ ဖြည်းဖြည်းချင်းထည့်ပေးပါတယ်နောက်ဆုံးမှ သရက်သီးတုံးလေးတွေ ထည့်ပါမယ်

Credit-Aye Thuzar Win

တစ္ခြက္ (၃၀၀၀) မက ေရာင္းေနတဲ့ သရက္သီးဖာလူဒါ လုပ္နည္း

စိန္တစ္လုံးသရက္သီးမွည့္ေတြ ေပၚေနၿပီဆိုေတာ့သရက္သီးႀကိဳက္သူေတြအတြက္ ခါတိုင္းနဲ႔မတူ တမူထူးတဲ့ သရက္သီးေဖ်ာ္ရည္ လုပ္နည္းေလး မွ်ေဝခ်င္ပါတယ္

ခ်ိဳခ်ိဳေအးေအးေမႊးေမႊးေလးမို႔ အခုလို ရာသီဥတုပူတဲ့အခ်ိန္နဲ႔ အေတာ္ပါပဲ(ေရးေပးထားတဲ့အခ်ိဳးက သုံးခြက္စာရပါတယ္)*စိန္တစ္လုံး သရက္သီးမွည့္ႏွစ္လုံး လိုပါတယ္အရင္ဆုံး သရက္သီး တစ္ျခမ္းကို ခပ္ေသးေသးအတုံးေလးေတြ

တုံးထားၿပီး က်န္တဲ့ တစ္လုံးနဲ႔တစ္ျခမ္းကို အႏွစ္ႀကိတ္ထားေပးပါမယ္

*သရက္သီးအႏွစ္ထဲက စားပြဲဇြန္းႏွစ္ဇြန္းစာကို ဖယ္ထားၿပီး က်န္ေနတဲ့အႏွစ္ထဲကို ႏို႔ဆီ စားပြဲဇြန္း သုံးဇြန္းထည့္ေမႊထားေပးပါမယ္*ႏြားႏို႔ ၄၀၀ml ကို သၾကား စားပြဲဇြန္း‌ေလးဇြန္း ဆားအနည္းငယ္ထည့္ၿပီး ခပ္ပ်စ္ပ်စ္ကေလး

ရေအာင္ တည္ထားေပးပါမယ္

*ေရေႏြးဆူဆူမွာ သာကူေစ့ စားပြဲဇြန္း သုံးဇြန္းကို ထည့္ျပဳတ္ပါတယ္ သာကူမ်က္ဆံေပ်ာက္ကာနီးအခ်ိန္မွာ ေရစစ္ ေရေဆးၿပီး ေရခဲေရထဲစိမ္ထားေပးပါမယ္

*ေရေႏြး ၃၀၀ml ကို အနည္းငယ္ပူေအာင္တည္ၿပီး ဂ်ယ္လီမႈန႔္ သုံးဂရမ္ (လဘက္ရည္ဇြန္းတစ္ဝက္ေက်ာ္ခန႔္) ဖယ္ထားတဲ့သရက္သီးအႏွစ္ႏွစ္ဇြန္း သၾကားစားပြဲဇြန္း ႏွစ္ဇြန္း အဝါ‌ေရာင္ဆိုးေဆးအနည္းငယ္တို႔ထည့္ၿပီး

ငါးမိနစ္ေက်ာ္ေက်ာ္ေလာက္ မီးေအးေအးနဲ႔ ေမႊေပးပါတယ္ ၿပီးရင္ ပန္းကန္တစ္ခုထဲထည့္ အေအးခံေပးပါမယ္ လုံးဝေအးသြားတဲ့အခါ ေသးေသးတုံးထားေပးပါမယ္

(ဂ်ယ္လီမႈန႔္မရွိရင္ ေက်ာက္ေက်ာမႈန႔္သုံးႏိုင္ပါတယ္ ေရ ၃၀၀ml ကို ေက်ာက္ေက်ာမႈန႔္ လဘက္ရည္ဇြန္း တစ္ဇြန္းပါ )

*အမယ္အားလုံးကို ျပင္ဆင္ၿပီးတာနဲ႔ ေရခဲေသတၱာထဲထည့္ထားေပးၿပီး စားကာနီးမွ ထုတ္ယူၿပီး ပြဲျပင္ပါတယ္

ျပင္ဆင္ပုံ

အရင္ဆုံး သရက္သီးအႏွစ္ထည့္ေပးပါတယ္သာကူထည့္ေပးပါတယ္ဂ်ယ္လီထည့္ေပးပါတယ္ ႏြားႏို႔ကိုဇြန္းနဲ႔ ျဖည္းျဖည္းခ်င္းထည့္ေပးပါတယ္ေနာက္ဆုံးမွ သရက္သီးတုံးေလးေတြ ထည့္ပါမယ္

Credit-Aye Thuzar Win