သင် အခုချိန်အထိ ရည်းစားမရခြင်းရဲ့ အဓိကအကြောင်းအရင်း (၆) ခု
(၁) မပြင်မဆင်နေလို့
ဓာတ်ပုံလေး ကြည့်ပြီးတော့ပဲဖြစ်ဖြစ် အပြင်မှာတွေ့လို့ပဲဖြစ်ဖြစ် များသောအားဖြင့် ကြိုက်ကြတယ်ဆိုတာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ထဲက တစ်ခုခုဟာ သူ့အတွက် ဆွဲဆောင်စေ တဲ့အတွက် စိတ်ဝင်စားကြ တာများပါတယ်။ နောက် ကိုယ်က မိန်းကလေးဖြစ် တဲ့အတွက် ဆန့်ကျင်ဖက် အမျိုးသားရဲ့ စိတ်ဝင်စားခြင်းကို ခံချင်တယ် ဆိုရင်တော့ အနည်းဆုံး ပြင်ပြင်ဆင် ဆင်လေးတော့ နေမှရပါတယ် ။
(၂) အသိမိတ်ဆွေစက်ဝိုင်းကျဉ်းလို့
အသိမိတ်ဆွေစက်ဝိုင်းကျယ်ပြန့်လေ၊ ကိုယ့်ကိုသိတဲ့လူလည်းများလေ ကြိုက်မယ့်လူ ပိုများလေပါပဲ။ ဒါကြောင့် အများစုသော တစ်ယောက်တည်းနေချင်တတ်ကြတဲ့ introvert တွေဟာ ရည်းစားလည်းမရတတ်ကြတာပါ။
(၃) အရမ်းချေနေတဲ့ပုံပေါက်လို့
ကိုယ်ရဲ့ ခက်ထန်တဲ့ မျက်နှာထား၊ စကားခပ်ရင့်ရင့်ပြော တာမျိုးတွေကြောင့်ပေါ့။ အများစုသော အမျိုးသားတွေဟာ အရမ်းတော်ပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတွေအနား တော်ရုံမကပ်ရဲဘဲ ရှိန်တတ်ကြပါတယ်။
(၄) Single မှန်းမသိလို့
Social media မှာ အမြဲတမ်း အသည်းကွဲနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ post တွေတင်တာမျိုး၊ ဒါမှမဟုတ် ယောက်ျားလေး သူငယ်ချင်းတွေ များတဲ့ အတွက် single မှန်းမသိ တာတွေကြောင့်လည်း သင့်အနားကို လာမကပ် တတ်ကြတာပါ ။
(၅) ရေလာမြောင်းပေးမလုပ်တတ်လို့
ဒီအချက် အကြောင်းပြောရမယ်ဆိုရင် တချို့လူတွေက နှာခေါင်းရှုံ့ချင် ရှုံ့ပါလိမ့်မယ်။ ကောင်လေးတစ်ယောက် ကိုယ့်ကို လာကြိုက်တယ်၊ ကိုယ်ကလည်း ပြန်ကြိုက်ပြီဆိုရင် အဆင့်တွေ တက်အောင် အနည်းဆုံးတော့ ရေလာမြောင်းပေး လုပ်ရမှာပါပဲ ။ ဒါမှလည်း သူ့ဖက်က မီးစိမ်းပြနေ တာကို မြင်ပြီး အဆင့်တက် ရဲမှာပါ။ မဟုတ်ရင် သူ့ဖက်က ကိုယ်သူ့ကို စိတ်ဝင်စားဘူးလို့ ထင်ပြီး အဆက်သွယ်ပါ ဖြတ်သွားနိုင် ပါတယ်။
(၆) သင်ကိုယ်တိုင်စိတ်မပါသေးလို့
တစ်ယောက်တည်းနေရမှာ ပျင်းလို့သာ ရည်းစားလို ချင်တယ်လို့ပြောနေတာ တကယ်တမ်းတော့ ကိုယ့်စိတ်ထဲ ရည်းစားထား ချင်စိတ် တစ်စက်မှ မရှိတာကြောင့် ကိုယ့်ကိုယ်ကို Single ဘဝထဲ ပိတ်လှောင်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်နော်။
Credit
သင္ အခုခ်ိန္အထိ ရည္းစားမရျခင္းရဲ႕ အဓိကအေၾကာင္းအရင္း (၆) ခု
(၁) မျပင္မဆင္ေနလို႔
ဓာတ္ပံုေလး ၾကည့္ၿပီးေတာ့ပဲျဖစ္ျဖစ္ အျပင္မွာေတြ႕လို႔ပဲျဖစ္ျဖစ္ မ်ားေသာအားျဖင့္ ႀကိဳက္ၾကတယ္ဆိုတာ ကုိယ့္ရဲ႕ ပံုပန္းသြင္ျပင္ထဲက တစ္ခုခုဟာ သူ႕အတြက္ ဆဲြေဆာင္ေစ တဲ့အတြက္ စိတ္ဝင္စားၾက တာမ်ားပါတယ္။ ေနာက္ ကိုယ္က မိန္းကေလးျဖစ္ တဲ့အတြက္ ဆန္႔က်င္ဖက္ အမ်ိဳးသားရဲ႕ စိတ္ဝင္စားျခင္းကို ခံခ်င္တယ္ ဆိုရင္ေတာ့ အနည္းဆံုး ျပင္ျပင္ဆင္ ဆင္ေလးေတာ့ ေနမွရပါတယ္ ။
(၂) အသိမိတ္ေဆြစက္ဝိုင္းက်ဥ္းလို႔
အသိမိတ္ေဆြစက္ဝိုင္းက်ယ္ျပန္႔ေလ၊ ကုိယ့္ကိုသိတဲ့လူလည္းမ်ားေလ ႀကိဳက္မယ့္လူ ပိုမ်ားေလပါပဲ။ ဒါေၾကာင့္ အမ်ားစုေသာ တစ္ေယာက္္တည္းေနခ်င္တတ္ၾကတဲ့ introvert ေတြဟာ ရည္းစားလည္းမရတတ္ၾကတာပါ။
(၃) အရမ္းေခ်ေနတဲ့ပံုေပါက္လို႔
ကိုယ္ရဲ႕ ခက္ထန္တဲ့ မ်က္ႏွာထား၊ စကားခပ္ရင့္ရင့္ေျပာ တာမ်ိဳးေတြေၾကာင့္ေပါ့။ အမ်ားစုေသာ အမ်ိဳးသားေတြဟာ အရမ္းေတာ္ၿပီး အမွီအခိုကင္းတဲ့ အမ်ိဳးသမီးေတြအနား ေတာ္ရံုမကပ္ရဲဘဲ ရွိန္တတ္ၾကပါတယ္။
(၄) Single မွန္းမသိလို႔
Social media မွာ အျမဲတမ္း အသည္းကြဲေနတယ္လို႔ ထင္ေယာင္ထင္မွားျဖစ္ေစတဲ့ post ေတြတင္တာမ်ိဳး၊ ဒါမွမဟုတ္ ေယာက္်ားေလး သူငယ္ခ်င္းေတြ မ်ားတဲ့ အတြက္ single မွန္းမသိ တာေတြေၾကာင့္လည္း သင့္အနားကို လာမကပ္ တတ္ၾကတာပါ ။
(၅) ေရလာေျမာင္းေပးမလုပ္တတ္လုိ႔
ဒီအခ်က္ အေၾကာင္းေျပာရမယ္ဆိုရင္ တခ်ိဳ႕လူေတြက ႏွာေခါင္းရံႈ႕ခ်င္ ရံႈ႕ပါလိမ့္မယ္။ ေကာင္ေလးတစ္ေယာက္ ကိုယ့္ကုိ လာႀကိဳက္တယ္၊ ကိုယ္ကလည္း ျပန္ႀကိဳက္ၿပီဆိုရင္ အဆင့္ေတြ တက္ေအာင္ အနည္းဆံုးေတာ့ ေရလာေျမာင္းေပး လုပ္ရမွာပါပဲ ။ ဒါမွလည္း သူ႕ဖက္က မီးစိမ္းျပေန တာကို ျမင္ၿပီး အဆင့္တက္ ရဲမွာပါ။ မဟုတ္ရင္ သူ႕ဖက္က ကုိယ္သူ႕ကို စိတ္ဝင္စားဘူးလို႔ ထင္ၿပီး အဆက္သြယ္ပါ ျဖတ္သြားႏုိင္ ပါတယ္။
(၆) သင္ကုိယ္တုိင္စိတ္မပါေသးလို႔
တစ္ေယာက္တည္းေနရမွာ ပ်င္းလို႔သာ ရည္းစားလို ခ်င္တယ္လို႔ေျပာေနတာ တကယ္တမ္းေတာ့ ကိုယ့္စိတ္ထဲ ရည္းစားထား ခ်င္စိတ္ တစ္စက္မွ မရွိတာေၾကာင့္ ကုိယ့္ကိုယ္ကို Single ဘဝထဲ ပိတ္ေလွာင္ထားတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္ေနာ္။
Credit