ကိုဝေမိုးနိုင် မိခင် ၏ တောင်းဆိုချက်
တရားသော သပိတ် ကို ဆင်နွှဲနေသူ လူကြီး၊လူငယ်အပေါင်းကို လေးစားဦးညွတ်ပါသည်။
တရားမျှတမှုကို လိုလားသူတိုင်း လုပ်သင့်လုပ်ထိုက်သော ကိစ္စ ဖြစ်၍ မိမိ၏သားအား ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။
သိုသော် မိမိဘက်မှ စတင်၍ ရိုင်းပျမှု၊စော်ကားမှုတို မပြုမိစေရန် ကိုယ်နှုတ်နှလုံး ၃ ပါး ထိန်းချုပ်ရန် မိဘတာဝန်ဖြင့် ဆုံးမတားမြစ်ခဲ့ပါသည်။
အာဏာဖီဆန်တော်လှန်သော လုပ်ရပ်ဖြစ်၍ နိုင်ငံရေးအရ အရေးယူခြင်းကို ရင်ဆိုင်စေရန် ဝန်မလေးပါ။
သိုသော် လုပ်ကြံဖန်တီးထားသည့် ၊ ရက်စက်ပြင်းထန်သည့် အမှုအခင်းများအား လက်မခံနိုင်ပါ။ အသိအမှတ်မပြုပါ။
ကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးထားခြင်းအတွက် ပြင်းထန်သော ဒဏ်ရာများ ရရှိနေကြောင်း ကြားသိရပါသဖြင့် ဆေးကုသမှု ခံယူရရှိစေချင်ပါသည်။
မိခင် နှင့် သား တွေ့ခွင့်ပေးရန်လည်း တောင်းဆိုပါသည်။ အသက်အန္တရာယ်ကင်းရှင်းကြောင်း သိရပီးမှသာ မိခင်တယောက်အနေဖြင့် စိတ်အေးရပါမည်။
သားသမီးရှိသူ မိဘတိုင်း ကိုယ်ချင်းစာ နားလည်လက်ခံပေးမည်ဟု ယူဆ၍ တောင်းဆိုအပ်ပါသည်။
ကိုေဝမိုးနိုင္ မိခင္ ၏ ေတာင္းဆိုခ်က္
တရားေသာ သပိတ္ ကို ဆင္ႏႊဲေနသူ လူႀကီး၊လူငယ္အေပါင္းကို ေလးစားဦးညြတ္ပါသည္။
တရားမၽွတမႈကို လိုလားသူတိုင္း လုပ္သင့္လုပ္ထိုက္ေသာ ကိစၥ ျဖစ္၍ မိမိ၏သားအား ခြင့္ျပဳခဲ့ျခင္း ျဖစ္ပါသည္။
သိုေသာ္ မိမိဘက္မွ စတင္၍ ရိုင္းပ်မႈ၊ေစာ္ကားမႈတို မျပဳမိေစရန္ ကိုယ္ႏႈတ္ႏွလုံး ၃ ပါး ထိန္းခ်ဳပ္ရန္ မိဘတာဝန္ျဖင့္ ဆုံးမတားျမစ္ခဲ့ပါသည္။
အာဏာဖီဆန္ေတာ္လွန္ေသာ လုပ္ရပ္ျဖစ္၍ နိုင္ငံေရးအရ အေရးယူျခင္းကို ရင္ဆိုင္ေစရန္ ဝန္မေလးပါ။
သိုေသာ္ လုပ္ႀကံဖန္တီးထားသည့္ ၊ ရက္စက္ျပင္းထန္သည့္ အမႈအခင္းမ်ားအား လက္မခံနိုင္ပါ။ အသိအမွတ္မျပဳပါ။
ကားျဖင့္တိုက္၍ ရိုက္ႏွက္ဖမ္းဆီးထားျခင္းအတြက္ ျပင္းထန္ေသာ ဒဏ္ရာမ်ား ရရွိေနေၾကာင္း ၾကားသိရပါသျဖင့္ ေဆးကုသမႈ ခံယူရရွိေစခ်င္ပါသည္။
မိခင္ ႏွင့္ သား ေတြ႕ခြင့္ေပးရန္လည္း ေတာင္းဆိုပါသည္။ အသက္အႏၲရာယ္ကင္းရွင္းေၾကာင္း သိရပီးမွသာ မိခင္တေယာက္အေနျဖင့္ စိတ္ေအးရပါမည္။
သားသမီးရွိသူ မိဘတိုင္း ကိုယ္ခ်င္းစာ နားလည္လက္ခံေပးမည္ဟု ယူဆ၍ ေတာင္းဆိုအပ္ပါသည္။