အနာထပိဏ်သူဋ္ဌေးကြီး မျက်ရည်ကျခဲ့တဲ့နောက်ဆုံး နာယူခဲ့ရသည့် တရားတော်

အနာထပိဏ်သူဋ္ဌေးကြီး မျက်ရည်ကျခဲ့တဲ့နောက်ဆုံး နာယူခဲ့ရသည့် တရားတော်

အနာထပိဏ် သူဋ္ဌေးကြီးဟာ စေတနာသဒ္ဓါ အားကောင်းပြီး မြတ်စွာဘုရား ကိုဇေတဝန်ကျောင်းဆောက်လုပ် လှူဒါန်းခဲ့ ပါတယ်။အလှူဒါနပြုရာတွင် နေ့တိုင်း ရဟန်းငါးရာကို အိမ်မှာ ဆွမ်းကပ်သည့် အပြင် တစ်နေ့ကိုကျောင်းသုံးခေါက် သွားတယ် သွားတိုင်းလည်း လှူဖွယ် ပစ္စည်းအမြဲ ပါတယ်။

မနက်ပိုင်းဆို ယာဂု နေ့ခင်းပိုင်းဆို ပန်း ဖယောင်းတိုင် ညနေပိုင်းဆို ရဟန်းများသုံးဆောင်ကောင်းတဲ့ စတုမဓု သကာ ပျားရည်တို့အမြဲပါတယ်။

ဒီလိုအမြဲတမ်း လှူလာလိုက်တာ ၃၈နှစ်လောက်ပြုလုပ် ခဲ့တယ်။ မြတ်စာဘုရားနှင့်တကွ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန် တို့ကလည်း ဒါနကြောင့် အကျိုးများပုံ ပါရမီထိုက်တဲ့ကုသိုလ်ဖြစ်ကြောင်း ပဲဟောကြား ခဲ့ရင်း

သူဋ္ဌေးကြီးကျန်းမာရေးချို့ယွင်းလာတယ်

သူ့စိတ်မှာလည်း ဒီဝေဒနာကနေကျော်နိုင် ပုံမရဘူး ဆိုပြီး သူ့အခိုင်းစေ တစ်ယောက်ကိုစေလွှတ် ဘုရားကိုလျှောက်ပြီး ရှင်သာရိပုတ္တရာကို အိမ်လည်းကြွပေးရန် ပင့်ခိုင်း တယ်။

ရှင်သာရိပုတ္တနှင့် ရှင်အာနန္ဒာတို့ကြွလာပြီး အကဲခတ်ကြည့်တဲ့အခါ ဒီဝေဒနာကဖြင့်သေမည့်ဝေဒနာပဲ ဆိုတာ သိလို့ အရင်တုန်းကဟော ခဲ့တဲ့ ဒါနတရားတွေဟောနေဖို့ မသင့်တော်ပြီ နောက်ဆုံးတရားကို ပဲဟောတာ အသင့်တော်ဆုံးပဲ

ဒါကြောင့် အရှင်သာရိပုတ္တက “ဒကာကြီး ကျုပ်တရားဟောမယ် ခန္ဓာပေါ်ဉာဏ်စိုက်ထားပါ ဒကာကြီး မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့်နောက် ခန္ဓာမလာဘူး နောက်ပီးဒီမြင်စိတ်နဲ့တွဲမည့်ခန္ဓာလည်း မလာဘူး။

ကြားစိတ်ကိုမစွဲလို့ရှိရင် ကြားစိတ်ကြောင့်နောက် ခန္ဓာမလာဘူး ဒီကြားစိတ်နဲ့ တွဲမည့် ခန္ဓာလည်း မလာဘူး။ နံစိတ်ကို မစွဲလန်းလို့ရှိရင် နံစိတ်နဲ့ ပတ်သက်တဲ့ဝိဉာဏ် မလာပါဘူး

စားတဲ့အခါလျှာပေါ်မှာ ကောင်းမကောင်း ခံစားတဲ့ စိတ်ကလေးကို မစွဲလို့ ရှိရင် ဒီစားစိတ်နဲ့ပတ်သက်တဲ့ နောက်ခန္ဓာဝိ ဉာဏ်မလာဘူး။

ဒီလိုပဲ ယားစိတ်ယံစိတ် ကောင်းစိတ်တွေနဲ့ ပတ်သက်တဲ့ ခန္ဓာမလာဘူး ကြံစည်တွေးတောစိတ် မနောစိတ် ဘယ်စိတ်မဆို မစွဲလန်းလို့ရှိရင်လည်း လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ မဖြစ်တော့တဲ့ အတွက် မနောဝိဉာဏ်နဲ့ပတ်သက်တဲ့ခန္ဓာမလာတော့ဘူး။

မြင်စိတ်ကိုမစွဲနဲ့ဆိုတာ မြင်တာနဲ့ကောင်းတယ် ဆိုးတယ်ဖြစ်ပြီး လိုချင်တဲ့တဏှာ စွဲလန်းတဲ့ဥကါဒါန်တွေဖြစ်ပြီး ကြိုးပမ်း အားထုတ်တဲ့ ကမ္မဘဝထပ် လိုက်လာ တယ်။ ဒါဖြင့်ကမ္မဘဝပစ္စယာဇာတိဆိုတဲ့ နောက်မြင်တဲ့ စိတ်နဲ့ တွဲလာတဲ့ ဇာတိခန္ဓာကြီးပြန် ရပြန်တယ်။

ဇာတိဖြစ်တာနဲ့ ဇရာ မရဏ သောက ပရိဒေ၀ ဆိုတာတွေတဖန်လည်လာပြန်တယ်။

မစွဲနဲ့ဆိုတာ ဒီတိုင်းကြည့်နေဖို့မဟုတ်ဖူး ဒီစိတ်ကလေးတွေကို အနိစ္စရှူဖို့ပဲ ဒီမြင်စိတ်ကိုအနိစ္စရှုတော့ တဏှာ ဥပါဒါန်မဆက်လို့ မြင်တယ် လိုချင်တယ် စွဲလန်းတယ်ဆိုတာမလာတော့ဘူး မြင်တဲ့ အပေါ်မှာ မြင်စိတ်လို့သိလိုက်ပြီးဖြစ် ပျက်ရှုတဲ့အခါ လိုချင်စွဲလန်းတာမလာပဲဉာဏ်လိုက်လာတယ်

ဒါဝိပဿနာဉာဏ်ပဲ ဉာဏ်လိုက်တော့ တဏှာ ဥပါဒါန်လိုက်ခွင့်မရလို့ ကံဖြတ်ချလိုက်တာပဲ ကံပြတ်တော့ ဝိပါက် အကျိုးပေးတွေ လာခွင့် မရတော့ဘူး။ ဒီကံဖြတ်တဲ့အလုပ်ကသိပ်အရေးကြီးတာ ကံမပြတ်သ၍ ဒါနကြောင့် နတ်ပြည် အကျိုးပေးလည်း ဇာတိ ဇ မရဏမလွတ်တဲ့ အတွက်

ဒုက္ခသစ္စာချည်း လာနေတာပဲ။ မြင်စိတ်ကို ငါမြင်တယ် ဆိုတာနဲ့ ဝိဉာဏ်ကို ငါထင်ပြီး ဒိဋ္ဌိကပ်လာပြန်တယ်”

ဒါနဲ့ သူဋ္ဌေးကြီးက ဝိနညာဉ်ချုပ်ကာနီးမှာ “အရှင်ဘုရားတို့ တပည့်တော်ကတော့ ဒီဝေဒနာနဲ့ပဲသေမှာပါ ဒါပေမဲ့ဒီ တရားမျိုးကို ကျန်တဲ့ သူတွေ ကိုဟောရစ်ပ ါလို့မှာကြားပြီး မျက်ရည်တွေကျနေတဲ့ အခါ

အရှင်အာနန္ဒာက “ဒကာကြီး ဒကာကြီးမှာ ချမ်းသာတဲ့ပစ္စည်းတွေရော သားသမီးတွေရောစွန့်ရမှာကြောက်လို့ မျက်ရည် ကျတယ် ထင်ပါရဲ့

” ပြောတဲ့အခါ ” အရှင်ဘုရားဒီလိုတော့မပြောနဲ့ ဒါတွေမစွဲလန်းပါဘူး အကဲခတ်မလွဲပါနဲ့ တပည့်တော်မျက်ရည် ကျတာဟာ ဘုရားနဲ့တကွ အရှင်ဘုရားတို့နဲ့နှစ်ပေါင်းများစွာနေခဲ့ရပေမဲ့

ဒီလိုနိဗ္ဗာန်ပေါက် တရားမျိုး မနာခဲ့ရဖူး ရဟန္တာဖြစ်မဲ့ တရားဆိုတာ တပည့်တော် ရိပ်မိတော့မှ နှစ်ပေါင်းများစွာ ဆရာသမားတွေ ကိုးကွယ် ပါလျက် ဒီလောက်မွန်မြတ်တဲ့တရားကိုခုမှနာရတာ ဝမ်းနည်း လို့ပါ”

ရှင်သာရိပုတ္တရာက “ဒီတရားကိုမဟောချင်လို့မဟုတ်ဘူး လူတွေမှာကသ ားစွဲလန်း သမီးစွဲလန်း ပစ္စည်းစွဲလန်းနဲ့ အမိုက်ထူနေတော့ ရင့်ကျက် လာတဲ့အချ်န်မရောက်သေးရင်တော့

ဘယ်ပုဂ္ဂိုလ်မှ အသိဉာဏ်ပွင့်လင်းလာမှာမဟုတ်လို့ပါ တရားကိုထောင်နိုင်တဲ့နားရှိမှဖြစ်မှာပါ။”

မိုးကုတ်ဆရာတော်ဘုရားကြီးတရားတော်မှအကျဉ်းမျှပူဇော်ပါသည်။

ဓမ္မ သုတ

အနာထပိိဏ္သူေ႒းႀကီး မ်က္ရည္က်ခဲ႔တဲဲ ႔ေနာက္ဆံုး နာယူခဲ႔ရသည္႔ တရားေတာ္

အနာထပိဏ္ သူေ႒းႀကီးဟာ ေစတနာသဒၶါ အားေကာင္းၿပီး ျမတ္စြာဘုရား ကိုေဇတ၀န္ေက်ာင္းေဆာက္လုပ္ လွဴဒါန္းခဲ႔ ပါတယ္။အလွဴဒါနျပဳရာတြင္ ေန႔တိုင္း ရဟန္းငါးရာကို အိမ္မွာ ဆြမ္းကပ္သည့္ အျပင္ တစ္ေန႔ကိုေက်ာင္းသံုးေခါက္ သြားတယ္ သြားတိုိင္းလည္း လွဴဖြယ္ ပစၥည္းအၿမဲ ပါတယ္။

မနက္ပိုင္းဆို ယာဂု ေန႔ခင္းပိုင္းဆို ပန္း ဖေယာင္းတိုင္ ညေနပိုင္းဆို ရဟန္းမ်ားသံုးေဆာင္ေကာင္းတဲ႔ စတုမဓု သကာ ပ်ားရည္တို ႔အၿမဲပါတယ္။

ဒီလိုအၿမဲတမ္း လွဴလာလိုက္တာ ၃၈ႏွစ္ေလာက္ျပဳလုပ္ ခဲ႔တယ္။ ျမတ္စာဘုရားႏွင့္တကြ ရွင္သာရိပုတၱရာ ရွင္မဟာေမာဂၢလာန္ တို႔ကလည္း ဒါနေၾကာင့္ အက်ိဳးမ်ားပံု ပါရမီထိုက္တဲ့ကုသိုလ္ျဖစ္ေၾကာင္း ပဲေဟာၾကား ခဲ႔ရင္း

သူေ႒းႀကီးက်န္းမာေရးခ်ိဳ႔ယြင္းလာတယ္

သူ႔စိတ္မွာလည္း ဒီေ၀ဒနာကေနေက်ာ္ႏိုင္ ပံုမရဘူး ဆိုၿပီး သူ႔အခိုင္းေစ တစ္ေယာက္ကိုေစလႊတ္ ဘုရားကိုေလွ်ာက္ၿပီး ရွင္သာရိပုတၱရာကို အိမ္လည္းၾကြေပးရန္ ပင့္ခိုင္း တယ္။

ရွင္သာရိိပုတၱႏွင့္ ရွင္အာနႏၵာတို႔ၾကြလာၿပီး အကဲခတ္ၾကည့္တဲ႔အခါ ဒီေ၀ဒနာကျဖင့္ေသမည့္ေ၀ဒနာပဲ ဆိုတာ သိလို႔ အရင္တုန္းကေဟာ ခဲ႔တဲ႔ ဒါနတရားေတြေဟာေနဖို႔ မသင့္ေတာ္ၿပီ ေနာက္ဆံုးတရားကို ပဲေဟာတာ အသင့္ေတာ္ဆံုးပဲ

ဒါေၾကာင့္္ အရွင္သာရိပုတၱက “ဒကာႀကီး က်ဳပ္တရားေဟာမယ္ ခႏၶာေပၚဉာဏ္စိုက္ထားပါ ဒကာႀကီး ျမင္စိတ္ကို မစြဲလို ႔ရွိရင္ ျမင္စိတ္ေၾကာင့္ေနာက္ ခႏၶာမလာဘူး ေနာက္ပီးဒီျမင္စိတ္နဲ႔တြဲမည့္ခႏၶာလည္း မလာဘူး။

ၾကားစိိတ္ကိုမစြဲလို ႔ရွိရင္ ၾကားစိတ္ေၾကာင့္ေနာက္ ခႏၶာမလာဘူး ဒီၾကားစိတ္နဲ႔ တြဲမည့္ ခႏၶာလည္း မလာဘူး။ နံစိိတ္ကို မစြဲလန္းလို ႔ရွိရင္ နံစိတ္နဲ႔ ပတ္သက္တဲ ႔၀ိဉာဏ္ မလာပါဘူး

စားတဲ႔အခါလွ်ာေပၚမွာ ေကာင္းမေကာင္း ခံစားတဲ႔ စိတ္ကေလးကို မစြဲလို႔ ရွိရင္ ဒီစားစိတ္နဲ႔ပတ္သက္တဲ႔ ေနာက္ခႏၶာ၀ိိ ဉာဏ္မလာဘူး။

ဒီလိုပဲ ယားစိတ္ယံစိတ္ ေကာင္းစိတ္ေတြနဲ႔ ပတ္သက္တဲ႔ ခႏၶာမလာဘူး ႀကံစည္ေတြးေတာစိတ္ မေနာစိတ္ ဘယ္စိတ္မဆို မစြဲလန္းလို ႔ရွိိရင္လည္း ေလာဘ ေဒါသ ေမာဟ အေလာဘ အေဒါသ အေမာဟ မျဖစ္ေတာ့တဲ႔ အတြက္ မေနာ၀ိဉာဏ္နဲ ႔ပတ္သက္တဲ ႔ခႏၶာမလာေတာ့ဘူး။

ျမင္စိိတ္ကိုမစြဲနဲ ႔ဆိုတာ ျမင္တာနဲ႔ေကာင္းတယ္ ဆိုးတယ္ျဖစ္ၿပီး လိုခ်င္တဲ႔တဏွာ စြဲလန္းတဲ႔ဥကါဒါန္ေတြျဖစ္ၿပီး ႀကိဳးပမ္း အားထုတ္တဲ႔ ကမၼဘ၀ထပ္ လိုက္လာ တယ္။ ဒါျဖင့္ကမၼဘ၀ပစၥယာဇာတိဆိုတဲ႔ ေနာက္ျမင္တဲ႔ စိတ္နဲ႔ တြဲလာတဲ႔ ဇာတိခႏၶာႀကီးျပန္ ရျပန္တယ္။

ဇာတိျဖစ္တာနဲ႔ ဇရာ မရဏ ေသာက ပရိေဒ၀ ဆိုတာေတြတဖန္လည္လာျပန္တယ္။

မစြဲနဲ႔ဆိုတာ ဒီတိုိင္းၾကည့္ေနဖို႔မဟုတ္ဖူး ဒီစိတ္ကေလးေတြကို အနိစၥရွဴဖို႔ပဲ ဒီျမင္စိတ္ကိုအနိစၥရွဳေတာ့ တဏွာ ဥပါဒါန္မဆက္လို႔ ျမင္တယ္ လိုခ်င္တယ္ စြဲလန္းတယ္ဆိုတာမလာေတာ့ဘူး ျမင္တဲ႔ အေပၚမွာ ျမင္စိတ္လို ႔သိလိုက္ၿပီးျဖစ္ ပ်က္ရွဳတဲ႔အခါ လိုခ်င္စြဲလန္းတာမလာပဲဉာဏ္လိုက္လာတယ္

ဒါ၀ိိပႆနာဉာဏ္ပဲ ဉာဏ္လိုက္ေတာ့ တဏွာ ဥပါဒါန္လိုက္ခြင့္မရလို႔ ကံျဖတ္ခ်လိုက္တာပဲ ကံျပတ္ေတာ့ ၀ိပါက္ အက်ိဳးေပးေတြ လာခြင့္ မရေတာ့ဘူး။ ဒီကံျဖတ္တဲ ႔အလုပ္ကသိပ္အေရးႀကီးတာ ကံမျပတ္သ၍ ဒါနေၾကာင့္ နတ္ျပည္ အက်ိဳးေပးလည္း ဇာတိ ဇ မရဏမလြတ္တဲ႔ အတြက္

ဒုကၡသစၥာခ်ည္း လာေနတာပဲ။ ျမင္စိတ္ကို ငါျမင္တယ္ ဆိုတာနဲ႔ ၀ိဉာဏ္ကို ငါထင္ၿပီး ဒိ႒ိကပ္လာျပန္တယ္”

ဒါနဲ႔ သူေ႒းႀကီးက ၀ိိနညာဥ္ခ်ဳပ္ကာနီးမွာ “အရွင္ဘုရားတို႔ တပည့္ေတာ္ကေတာ့ ဒီေ၀ဒနာနဲ႔ပဲေသမွာပါ ဒါေပမဲ႔ဒီ တရားမ်ိဳးကို က်န္တဲ႔ သူေတြ ကိုေဟာရစ္ပ ါလို ႔မွာၾကားၿပီး မ်က္ရည္ေတြက်ေနတဲ႔ အခါ

အရွင္အာနႏၵာက “ဒကာႀကီး ဒကာႀကီးမွာ ခ်မ္းသာတဲ ႔ပစၥည္းေတြေရာ သားသမီးေတြေရာစြန္႔ရမွာေၾကာက္လို႔ မ်က္ရည္ က်တယ္ ထင္ပါရဲ႕

” ေျပာတဲ႔အခါ ” အရွင္ဘုရားဒီလိုေတာ့မေျပာနဲ႔ ဒါေတြမစြဲလန္းပါဘူး အကဲခတ္မလြဲပါနဲ႔ တပည့္ေတာ္မ်က္ရည္ က်တာဟာ ဘုရားနဲ႔တကြ အရွင္ဘုရားတိုိ႔နဲ ႔ႏွစ္ေပါင္းမ်ားစြာေနခဲ႔ရေပမဲ႔

ဒီလိုနိိဗၺာန္ေပါက္ တရားမ်ိဳး မနာခဲ႔ရဖူး ရဟႏၱာျဖစ္မဲ႔ တရားဆိုတာ တပည့္ေတာ္ ရိပ္မိေတာ့မွ ႏွစ္ေပါင္းမ်ားစြာ ဆရာသမားေတြ ကိုးကြယ္ ပါလ်က္္ ဒီေလာက္မြန္ျမတ္တဲ႔တရားကိုခုမွနာရတာ ၀မ္းနည္း လို႔ပါ”

ရွင္သာရိပုတၱရာက “ဒီတရားကိုမေဟာခ်င္လို႔မဟုတ္ဘူး လူေတြမွာကသ ားစြဲလန္း သမီးစြဲလန္း ပစၥည္းစြဲလန္းနဲ႔ အမိုက္ထူေနေတာ့ ရင့္က်က္ လာတဲ ႔အခ်္န္မေရာက္ေသးရင္ေတာ့

ဘယ္ပုဂၢိဳလ္မွ အသိဉာဏ္ပြင့္လင္းလာမွာမဟုတ္လို႔ပါ တရားကိုေထာင္ႏိုင္တဲ႔နားရွိမွျဖစ္မွာပါ။”

မိုးကုတ္ဆရာေတာ္ဘုရားႀကီးတရားေတာ္မွအက်ဥ္းမွ်ပူေဇာ္ပါသည္။

ဓမၼ သုတ