ကိုဝေမိုးနိုင် ဆေးကုသခွင့်အတွက် မိသားစုတောင်းဆို

ကိုဝေမိုးနိုင် ဆေးကုသခွင့်အတွက် မိသားစုတောင်းဆို

ကျန်းမာရေးမကောင်းသည့် ကိုဝေမိုးနိုင်သည် စစ်ကြောမေးမြန်းခံနေရပြီး အမှုများစွာ စွဲဆိုခံနေရသည်အာဏာသိမ်းစစ်အုပ်စုက ကားဖြင့်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်နေကာ ဆေးကုသခွင့်ရရှိလိုကြောင်း မိခင်ဖြစ်သူက ယမန်နေ့ (ဧပြီ ၁၇) တွင် တောင်းဆိုလိုက်သည်။အသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်သည် သွေးတိုးရောဂါရှိနေသည်မှာ ၆ နှစ် ရှိပြီဖြစ်ပြီး တခါတရံ အကြောတက်လေ့ရှိသည်ဟု မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက Myanmar Now ကို ပြောသည်။

“သူ (ကိုဝေမိုးနိုင်) ဘယ်လိုနေရထိုင်ရ စားရသောက်ရတယ်ဆိုတာ မသိတဲ့အတွက် ကျွန်မ စိတ်ပူတယ်။ သူက အရမ်းကြီး ကျန်းမာဖျတ်လတ်နေတဲ့လူငယ် မဟုတ်ဘူး။ သူက စိတ်ဆောင်နေတာ။ စိတ်ဆောင်နေတဲ့အတွက် တက်တက်ကြွကြွ လုပ်နေနိုင်တာ” ဟု မိခင်ဖြစ်သူက ဆိုသည်။ဆိုင်ကယ်စီးလာစဉ် ကားဖြင့်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခြင်းခံရသည့်အတွက် မလွဲမသွေ ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး ဒဏ်ရာပျောက်ကင်းသည်အထိ ဆေးကုသခွင့် ရရှိလိုကြောင်း၊ သားဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှန်ကိုလည်း တိတိကျကျ သိလိုကြောင်း ဒေါ်မိုးစန္ဒာကြူက ပြောသည်။

အရိုက်ခံရသဖြင့် မျက်လုံးတစ်ဖက်နှင့် ပါးတို့တွင် ဖူးရောင်ဒဏ်ရာရရှိနေသော ကိုဝေမိုးနိုင်၏ ဓာတ်ပုံသည် ဧပြီ ၁၆ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော်လည်း မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားသဖြင့် ထိုဓာတ်ပုံကို မိခင်ဖြစ်သူက မတွေ့ရသေးပေ။

“အဲဒီအချိန် (အဖမ်းခံရတဲ့နေ့)ကစပြီး ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ တစ်ညလုံး အိပ်မပျော်ပါဘူး။ ၁၆ ရက်နေ့လည်း ကောင်းကောင်းမအိပ်ဖြစ်ပါဘူး။ စိတ်ပူနေတာပေါ့နော်။ ကိုယ်လည်း မြင်ရတဲ့အနေအထား မဟုတ်ဘူးဆိုတော့” ဟု ဒေါ်မိုးစန္ဒာကြူက ဆိုသည်။ကိုဝေမိုးနိုင်သည် ၂၀၁၄ မှ ၂၀၁၅ အထိ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် မုံရွာ၌ ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်ကျင်းပမှုကြောင့် ပုဒ်မ ၂ ခုဖြင့် အရေးယူခံခဲ့ရဖူးသည်။ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သပိတ်ခေါင်းဆောင်ဖြစ်လာချိန်တွင် စစ်ကောင်စီက ၎င်းကို လူသတ်မှု၊ အိမ်ကျော်နင်းမှု၊ ခိုးမှုများဖြင့် စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ထားသည်။

စစ်ကောင်စီကို သတင်းပေးနေသည်ဟု ယူဆခံရသူတစ်ဦးကို ပြည်သူများက ဖမ်းဆီးလိုက်ပြီးနောက်ပိုင်းတွင် ထိုသို့ စွပ်စွဲခံရခြင်းဖြစ်သည်။အာဏာသိမ်းစစ်အုပ်စုသည် မတ် ၂၅ ညက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ကိုရန်မိုးနိုင်၊ ကိုတရုတ်ကြီးတို့ကို ခိုင်မာသည့် အထောက်အထားမပြနိုင်ဘဲ စွပ်စွဲ၍ မတ် ၂၇ တွင် အမှုဖွင့်ထားသည်။လက်ရှိတွင် ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးထားပြီး စစ်ကြောရေးလုပ်နေသည်ဟု သိရသည်။ စစ်ကြောရေးကို မကြာစေချင်ဘူး။

ဆန္ဒထုတ်ဖော်တယ်၊ တော်လှန်ရေးသပိတ်လုပ်တယ်ဆိုတာက အများနည်းတူခံရသလို သူလည်းခံရမှာပေါ့နော်။ ဒါပေမယ့် မကျူးလွန်တဲ့အပြစ်ကျတော့ အန်တီတို့ အစွမ်းကုန်ရင်ဆိုင်ဖြေရှင်းရမှာပါ” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။အမှုရင်ဆိုင်ရန် ရှေ့နေများကို အကူအညီတောင်းထားသည်ဟု ဆိုသည်။

ကိုဝေမိုးနိုင် အသက် ၆ နှစ်အရွယ်ကတည်းက ဖခင် ဦးကိုကိုနိုင်ဆုံးပါးခဲ့သည်။ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်မိုးစန္ဒာကြူမှာ မုံရွာမြို့တွင် အနှစ် ၂၀ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၂ နှစ် ကျော်က လုပ်သက်ပြည့်ပင်စင် ယူထားသည်။ “အန်တီ့မှာလည်း ဒီသားပဲရှိတယ်။ သူ့မှာလည်း ဒီအမေပဲရှိတယ်လေ။ သားအမိနှစ်ယောက် ဘယ်သူ့အကူအညီမှ မပါဘဲ ရုန်းကန်ရပ်တည်နေကြတာ။ အစကတော့ အန်တီပဲ ရုန်းကန်ပြီး သူ့ကို ပြုစုပျိုးထောင်တာပေါ့။ အခု အန်တီနားရမယ့်အလှည့် ရောက်ပြီဆိုတော့ သူက တစ်လှည့်ပြန်ပြီးတော့ အန်တီ့ကို လုပ်ကိုင်ကျွေးမွေးတဲ့ အနေအထားမှာရှိတယ်” ဟု အသက် ၅၄ နှစ်အရွယ် ဒေါ်မိုးစန္ဒာကြူက ပြောသည်။

လူငယ်များသည် လူတစ်ဦးတစ်ယောက်၏ စေခိုင်းချက်ကြောင့်မဟုတ်ဘဲ မိမိစိတ်ဆန္ဒအလျောက် တော်လှန်ရေးကို စိတ်တူကိုယ်တူ လုပ်ကြခြင်းဖြစ်သည့်အတွက် ကိုဝေမိုးနိုင်အဖမ်းခံရသော်လည်း မုံရွာသပိတ်ကို အစွမ်းရှိသလောက် ဆက်လက်လုပ်ဆောင်ကြလိမ့်မည်ဟု ၎င်းက ပြောသည်။“တော်လှန်ရေးစပြီဆိုကတည်းက သူပြောပြီးသားရှိပါတယ်။ ဒါဟာ လူငယ်တွေရဲ့တာဝန်ပေါ့၊ မတရားမှုကို တော်လှန်ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်တာဆိုတော့ သူတို့ဟာသူတို့တော့ တွက်ပြီးသားနေမှာပါ။ မေမေ့အနေနဲ့ ကိုယ်ရောစိတ်ရောကျန်းမာအောင် ပိုဂရုစိုက်ပြီးနေဖို့ပဲ မှာခဲ့ပါတယ်” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်Myanmar Now

ကိုေဝမိုးနိုင္ ေဆးကုသခြင့္အတြက္ မိသားစုေတာင္းဆို

က်န္းမာေရးမေကာင္းသည့္ ကိုေဝမိုးနိုင္သည္ စစ္ေၾကာေမးျမန္းခံေနရၿပီး အမႈမ်ားစြာ စြဲဆိုခံေနရသည္အာဏာသိမ္းစစ္အုပ္စုက ကားျဖင့္တိုက္ၿပီး ရိုက္ႏွက္ဖမ္းဆီးျခင္း ခံခဲ့ရသည့္ မုံရြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးနိုင္၏ က်န္းမာေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္ေနကာ ေဆးကုသခြင့္ရရွိလိုေၾကာင္း မိခင္ျဖစ္သူက ယမန္ေန႔ (ဧၿပီ ၁၇) တြင္ ေတာင္းဆိုလိုက္သည္။အသက္ ၂၆ ႏွစ္အရြယ္ ကိုေဝမိုးနိုင္သည္ ေသြးတိုးေရာဂါရွိေနသည္မွာ ၆ ႏွစ္ ရွိၿပီျဖစ္ၿပီး တခါတရံ အေၾကာတက္ေလ့ရွိသည္ဟု မိခင္ျဖစ္သူ ေဒၚမိုးစႏၵာၾကဴက Myanmar Now ကို ေျပာသည္။

“သူ (ကိုေဝမိုးနိုင္) ဘယ္လိုေနရထိုင္ရ စားရေသာက္ရတယ္ဆိုတာ မသိတဲ့အတြက္ ကၽြန္မ စိတ္ပူတယ္။ သူက အရမ္းႀကီး က်န္းမာဖ်တ္လတ္ေနတဲ့လူငယ္ မဟုတ္ဘူး။ သူက စိတ္ေဆာင္ေနတာ။ စိတ္ေဆာင္ေနတဲ့အတြက္ တက္တက္ႂကြႂကြ လုပ္ေနနိုင္တာ” ဟု မိခင္ျဖစ္သူက ဆိုသည္။ဆိုင္ကယ္စီးလာစဥ္ ကားျဖင့္တိုက္ၿပီး အၾကမ္းဖက္ဖမ္းဆီးျခင္းခံရသည့္အတြက္ မလြဲမေသြ ထိခိုက္ဒဏ္ရာရရွိနိုင္ၿပီး ဒဏ္ရာေပ်ာက္ကင္းသည္အထိ ေဆးကုသခြင့္ ရရွိလိုေၾကာင္း၊ သားျဖစ္သူ၏ က်န္းမာေရးအေျခအေနမွန္ကိုလည္း တိတိက်က် သိလိုေၾကာင္း ေဒၚမိုးစႏၵာၾကဴက ေျပာသည္။အရိုက္ခံရသျဖင့္ မ်က္လုံးတစ္ဖက္ႏွင့္ ပါးတို႔တြင္ ဖူးေရာင္ဒဏ္ရာရရွိေနေသာ ကိုေဝမိုးနိုင္၏ ဓာတ္ပုံသည္ ဧၿပီ ၁၆ ရက္က လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့ခဲ့ေသာ္လည္း မိုဘိုင္းအင္တာနက္ ျဖတ္ေတာက္ထားသျဖင့္ ထိုဓာတ္ပုံကို မိခင္ျဖစ္သူက မေတြ႕ရေသးေပ။

“အဲဒီအခ်ိန္ (အဖမ္းခံရတဲ့ေန႔)ကစၿပီး ေကာင္းေကာင္းလည္း အိပ္မေပ်ာ္ပါဘူး။ တစ္ညလုံး အိပ္မေပ်ာ္ပါဘူး။ ၁၆ ရက္ေန႔လည္း ေကာင္းေကာင္းမအိပ္ျဖစ္ပါဘူး။ စိတ္ပူေနတာေပါ့ေနာ္။ ကိုယ္လည္း ျမင္ရတဲ့အေနအထား မဟုတ္ဘူးဆိုေတာ့” ဟု ေဒၚမိုးစႏၵာၾကဴက ဆိုသည္။ကိုေဝမိုးနိုင္သည္ ၂၀၁၄ မွ ၂၀၁၅ အထိ မုံရြာတကၠသိုလ္ေက်ာင္းသားသမဂၢဥကၠ႒ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ၿပီး ဦးသိန္းစိန္အစိုးရလက္ထက္ မုံရြာ၌ ဆဲဗင္းဂ်ဴလိုင္အခမ္းအနား ဦးေဆာင္က်င္းပမႈေၾကာင့္ ပုဒ္မ ၂ ခုျဖင့္ အေရးယူခံခဲ့ရဖူးသည္။ထို႔အျပင္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သပိတ္ေခါင္းေဆာင္ျဖစ္လာခ်ိန္တြင္ စစ္ေကာင္စီက ၎ကို လူသတ္မႈ၊ အိမ္ေက်ာ္နင္းမႈ၊ ခိုးမႈမ်ားျဖင့္ စြပ္စြဲၿပီး ဖမ္းဝရမ္းထုတ္ထားသည္။

စစ္ေကာင္စီကို သတင္းေပးေနသည္ဟု ယူဆခံရသူတစ္ဦးကို ျပည္သူမ်ားက ဖမ္းဆီးလိုက္ၿပီးေနာက္ပိုင္းတြင္ ထိုသို႔ စြပ္စြဲခံရျခင္းျဖစ္သည္။အာဏာသိမ္းစစ္အုပ္စုသည္ မတ္ ၂၅ ညက မုံရြာၿမိဳ႕ စက္မႈဇုန္ရပ္ကြက္၌ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးေသဆုံးမႈႏွင့္ ပတ္သက္၍ ကိုရန္မိုးနိုင္၊ ကိုတ႐ုတ္ႀကီးတို႔ကို ခိုင္မာသည့္ အေထာက္အထားမျပနိုင္ဘဲ စြပ္စြဲ၍ မတ္ ၂၇ တြင္ အမႈဖြင့္ထားသည္။လက္ရွိတြင္ ကိုေဝမိုးနိုင္ကို အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တြင္ ဖမ္းဆီးထားၿပီး စစ္ေၾကာေရးလုပ္ေနသည္ဟု သိရသည္။ စစ္ေၾကာေရးကို မၾကာေစခ်င္ဘူး။ ဆႏၵထုတ္ေဖာ္တယ္၊ ေတာ္လွန္ေရးသပိတ္လုပ္တယ္ဆိုတာက အမ်ားနည္းတူခံရသလို သူလည္းခံရမွာေပါ့ေနာ္။ ဒါေပမယ့္ မက်ဴးလြန္တဲ့အျပစ္က်ေတာ့ အန္တီတို႔ အစြမ္းကုန္ရင္ဆိုင္ေျဖရွင္းရမွာပါ” ဟု ေဒၚမိုးစႏၵာၾကဴက ေျပာသည္။အမႈရင္ဆိုင္ရန္ ေရွ႕ေနမ်ားကို အကူအညီေတာင္းထားသည္ဟု ဆိုသည္။

ကိုေဝမိုးနိုင္ အသက္ ၆ ႏွစ္အရြယ္ကတည္းက ဖခင္ ဦးကိုကိုနိုင္ဆုံးပါးခဲ့သည္။ ေက်ာင္းဆရာမတစ္ဦးျဖစ္သူ ေဒၚမိုးစႏၵာၾကဴမွာ မုံရြာၿမိဳ႕တြင္ အႏွစ္ ၂၀ တာဝန္ထမ္းေဆာင္ခဲ့ၿပီး လြန္ခဲ့ေသာ ၂ ႏွစ္ ေက်ာ္က လုပ္သက္ျပည့္ပင္စင္ ယူထားသည္။ “အန္တီ့မွာလည္း ဒီသားပဲရွိတယ္။ သူ႔မွာလည္း ဒီအေမပဲရွိတယ္ေလ။ သားအမိႏွစ္ေယာက္ ဘယ္သူ႔အကူအညီမွ မပါဘဲ ႐ုန္းကန္ရပ္တည္ေနၾကတာ။ အစကေတာ့ အန္တီပဲ ႐ုန္းကန္ၿပီး သူ႔ကို ျပဳစုပ်ိဳးေထာင္တာေပါ့။ အခု အန္တီနားရမယ့္အလွည့္ ေရာက္ၿပီဆိုေတာ့ သူက တစ္လွည့္ျပန္ၿပီးေတာ့ အန္တီ့ကို လုပ္ကိုင္ေကၽြးေမြးတဲ့ အေနအထားမွာရွိတယ္” ဟု အသက္ ၅၄ ႏွစ္အရြယ္ ေဒၚမိုးစႏၵာၾကဴက ေျပာသည္။

လူငယ္မ်ားသည္ လူတစ္ဦးတစ္ေယာက္၏ ေစခိုင္းခ်က္ေၾကာင့္မဟုတ္ဘဲ မိမိစိတ္ဆႏၵအေလ်ာက္ ေတာ္လွန္ေရးကို စိတ္တူကိုယ္တူ လုပ္ၾကျခင္းျဖစ္သည့္အတြက္ ကိုေဝမိုးနိုင္အဖမ္းခံရေသာ္လည္း မုံရြာသပိတ္ကို အစြမ္းရွိသေလာက္ ဆက္လက္လုပ္ေဆာင္ၾကလိမ့္မည္ဟု ၎က ေျပာသည္။“ေတာ္လွန္ေရးစၿပီဆိုကတည္းက သူေျပာၿပီးသားရွိပါတယ္။ ဒါဟာ လူငယ္ေတြရဲ့တာဝန္ေပါ့၊ မတရားမႈကို ေတာ္လွန္ရမယ္ဆိုတဲ့စိတ္နဲ႔ လုပ္တာဆိုေတာ့ သူတို႔ဟာသူတို႔ေတာ့ တြက္ၿပီးသားေနမွာပါ။ ေမေမ့အေနနဲ႔ ကိုယ္ေရာစိတ္ေရာက်န္းမာေအာင္ ပိုဂ႐ုစိုက္ၿပီးေနဖို႔ပဲ မွာခဲ့ပါတယ္” ဟု ေဒၚမိုးစႏၵာၾကဴက ေျပာသည္Myanmar Now