တားရော့ကတ်လေးကတစ်ဆင့် သင့်ဘဝမှာ ပျော်ရွှင်မှုတွေဘယ်လိုရှာရမလဲ လမ်းညွှန်ပေးမယ်
နံပါတ် ၁
သင့်ကိုယ်သင် တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရပ်တန့်ပစ်မှသာ သင့်ဘဝမှာ ပျော်ရွှင်မှုတွေကို ရရှိနိုင်မှာပါနော်…
ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေလည်း ဖောဖောသီသီ သုံးစွဲလာပြီဆိုတော့ လူတွေက လက်တွေ့ဘဝထက် ဆိုရှယ်မီဒီယာပေါ်က အတုအယောင်ဘဝတွေကို အားကျပြီး မပျော်မရွှင် ဖြစ်လာတတ်ကြပါတယ်။
တခြားသူတွေက ပိုကံကောင်းတယ်၊ ပိုပိုက်ဆံရှိတယ်၊ ပိုချောတယ်၊ ပိုပျော်ရွှင်တယ် အစရှိတဲ့အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ သင့်ကိုယ်သင် တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရှောင်ရှားပါ။
သင့်ဘဝကို သေချာကြည့်ပါ။ သူများတွေ ပိုင်ဆိုင်ထားတဲ့အရာတွေကိုပဲ ကြည့်မနေပဲ သင်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တချက်ကြည့်ပြီး တန်ဖိုးထားလိုက်ပါ။
ဒါ့အပြင် သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ သင်ရရှိထားတဲ့ အချစ်တွေကို တန်ဖိုးထားပြီးနေလိုက်ရင် သင့်အနေနဲ့ နေ့ရက်တိုင်းက ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေမှာ အမှန်ပါပဲ။
နံပါတ် ၂
သင်ဟာ မိမိကိုနာကျင်စေမယ့် အရာတွေကို လက်မလွှတ်တမ်း ဆုတ်ကိုင်ထားတဲ့အတွက် နာကျင်မှုတွေကို ဖန်တလဲလဲ ခံစားနေရတတ်ပါတယ်။
ဒါကြောင့် သင့်ကိုနာကျင်စေမယ့် အရာတွေကို လက်လွှတ်ချလိုက်မှသာ သင့်ဘဝမှာ ပျော်ရွှင်နိုင်မှာပါ။
နောက်တစ်ချက်က သင်ဟာ မိမိချလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့် နာကျင်ရမှာကို အရမ်းကြောက်နေတတ်ပါတယ်။
တစ်ခါတစ်လေ ဆုံးဖြတ်ချက်မှားတွေကြောင့် နာကျင်ကောင်း နာကျင်ရမှာဖြစ်လို့ မကြောက်ပါနဲ့။
မိမိဆုံးဖြတ်ချက်ကို ယုံကြည်ပြီး ဖြစ်လာတဲ့နောက်ဆက်တွဲ အခြေအနေတွေကို ရင်ဆိုင်လိုက်ပါ။
နောက်တစ်ခုက မိမိဖြစ်ချင်တဲ့အရာကို ဘယ်လိုအခက်အခဲပဲရှိနေပါစေ ရအောင်ဖန်တီးယူပြီး မိမိရဲ့ပျော်ရွှင်မှုတွေကို ရှာဖွေလိုက်ပါ။
နံပါတ် ၃
သင့်အကြောင်းကို ပြောရရင် သင်ဟာ အတိတ်ကို ဖန်တလဲလဲတွေးနေပြီး နောင်တရ ပူဆွေးနေတတ်ပါတယ်။
အကြံပေးချင်တာက အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ အတိတ်ကို သင့်အနေနဲ့ ပြောင်းလဲပစ်လို့ မရပါဘူးနော်။
အတိတ်မှာ သင်ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးရမှာဖြစ်သလို လက်လွှတ်သင့်တာကို လက်လွှတ်ပေးလိုက်ရမှာပါ။
လက်ရှိအခြေအနေမှာ သင့်အနေနဲ့ ဘယ်သူ့ကိုမှ အညှိုးမထားပဲ လူတိုင်းကို ချစ်တတ်ပြီး နားလည်ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားလိုက်ပါ။
ဒါမှသင့်ဘဝမှာ ပျော်ရွှင်မှုတွေနဲ့ သာယာလှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာပါ။
credit
တားေရာ့ကတ္ေလးကတစ္ဆင့္ သင့္ဘဝမွာ ေပ်ာ္႐ႊင္မႈေတြဘယ္လိုရွာရမလဲ လမ္းၫႊန္ေပးမယ္
နံပါတ္ ၁
သင့္ကိုယ္သင္ တျခားလူေတြနဲ႔ ႏႈိင္းယွဥ္တာမ်ိဳးကို ရပ္တန႔္ပစ္မွသာ သင့္ဘဝမွာ ေပ်ာ္႐ႊင္မႈေတြကို ရရွိႏိုင္မွာပါေနာ္…
ယေန႔ေခတ္မွာ ဆိုရွယ္မီဒီယာေတြလည္း ေဖာေဖာသီသီ သုံးစြဲလာၿပီဆိုေတာ့ လူေတြက လက္ေတြ႕ဘဝထက္ ဆိုရွယ္မီဒီယာေပၚက အတုအေယာင္ဘဝေတြကို အားက်ၿပီး မေပ်ာ္မ႐ႊင္ ျဖစ္လာတတ္ၾကပါတယ္။
တျခားသူေတြက ပိုကံေကာင္းတယ္၊ ပိုပိုက္ဆံရွိတယ္၊ ပိုေခ်ာတယ္၊ ပိုေပ်ာ္႐ႊင္တယ္ အစရွိတဲ့အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရာေတြနဲ႔ သင့္ကိုယ္သင္ တျခားလူေတြနဲ႔ ႏႈိင္းယွဥ္တာမ်ိဳးကို ေရွာင္ရွားပါ။
သင့္ဘဝကို ေသခ်ာၾကည့္ပါ။ သူမ်ားေတြ ပိုင္ဆိုင္ထားတဲ့အရာေတြကိုပဲ ၾကည့္မေနပဲ သင္ပိုင္ဆိုင္ထားတဲ့ အရာေတြကို တခ်က္ၾကည့္ၿပီး တန္ဖိုးထားလိုက္ပါ။
ဒါ့အျပင္ သင္ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြနဲ႔ သင္ရရွိထားတဲ့ အခ်စ္ေတြကို တန္ဖိုးထားၿပီးေနလိုက္ရင္ သင့္အေနနဲ႔ ေန႔ရက္တိုင္းက ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္စုံေနမွာ အမွန္ပါပဲ။
နံပါတ္ ၂
သင္ဟာ မိမိကိုနာက်င္ေစမယ့္ အရာေတြကို လက္မလႊတ္တမ္း ဆုတ္ကိုင္ထားတဲ့အတြက္ နာက်င္မႈေတြကို ဖန္တလဲလဲ ခံစားေနရတတ္ပါတယ္။
ဒါေၾကာင့္ သင့္ကိုနာက်င္ေစမယ့္ အရာေတြကို လက္လႊတ္ခ်လိုက္မွသာ သင့္ဘဝမွာ ေပ်ာ္႐ႊင္ႏိုင္မွာပါ။
ေနာက္တစ္ခ်က္က သင္ဟာ မိမိခ်လိုက္တဲ့ဆုံးျဖတ္ခ်က္ေၾကာင့္ နာက်င္ရမွာကို အရမ္းေၾကာက္ေနတတ္ပါတယ္။
တစ္ခါတစ္ေလ ဆုံးျဖတ္ခ်က္မွားေတြေၾကာင့္ နာက်င္ေကာင္း နာက်င္ရမွာျဖစ္လို႔ မေၾကာက္ပါနဲ႔။
မိမိဆုံးျဖတ္ခ်က္ကို ယုံၾကည္ၿပီး ျဖစ္လာတဲ့ေနာက္ဆက္တြဲ အေျခအေနေတြကို ရင္ဆိုင္လိုက္ပါ။
ေနာက္တစ္ခုက မိမိျဖစ္ခ်င္တဲ့အရာကို ဘယ္လိုအခက္အခဲပဲရွိေနပါေစ ရေအာင္ဖန္တီးယူၿပီး မိမိရဲ႕ေပ်ာ္႐ႊင္မႈေတြကို ရွာေဖြလိုက္ပါ။
နံပါတ္ ၃
သင့္အေၾကာင္းကို ေျပာရရင္ သင္ဟာ အတိတ္ကို ဖန္တလဲလဲေတြးေနၿပီး ေနာင္တရ ပူေဆြးေနတတ္ပါတယ္။
အႀကံေပးခ်င္တာက အတိတ္ကို အတိတ္မွာပဲထားခဲ့ပါ။ အတိတ္ကို သင့္အေနနဲ႔ ေျပာင္းလဲပစ္လို႔ မရပါဘူးေနာ္။
အတိတ္မွာ သင္ႀကဳံေတြ႕ခဲ့တဲ့ ျဖစ္ရပ္ေတြကို သင္ခန္းစာယူၿပီး ခြင့္လႊတ္သင့္တာကို ခြင့္လႊတ္ေပးရမွာျဖစ္သလို လက္လႊတ္သင့္တာကို လက္လႊတ္ေပးလိုက္ရမွာပါ။
လက္ရွိအေျခအေနမွာ သင့္အေနနဲ႔ ဘယ္သူ႔ကိုမွ အညႇိဳးမထားပဲ လူတိုင္းကို ခ်စ္တတ္ၿပီး နားလည္ခြင့္လႊတ္ေပးႏိုင္ေအာင္ ႀကိဳးစားလိုက္ပါ။
ဒါမွသင့္ဘဝမွာ ေပ်ာ္႐ႊင္မႈေတြနဲ႔ သာယာလွပတဲ့ေန႔ရက္ေတြကို ပိုင္ဆိုင္ႏိုင္မွာပါ။
credit