Gamer တွေကို ချစ်သူမတော်သင့်တဲ့ အကြောင်းရင်း (၄)ခု WOW ဖတ်ကြည့်လိုက်တော့
တချို့ကျတော့လည်း Gamer တစ်ယောက်နဲ့ ချစ်သူဖြစ်ရတာ ကောင်းတယ်၊ ဘာညာ ပြောကြပေမယ့် တကယ်တမ်းမှာတော့ မကောင်းတဲ့အချက်တွေက ပိုများပါတယ်။ အဲဒီထဲကမှ (၅)ချက်လောက်ကို ထုတ်ပြောရမယ်ဆိုရင်…
(၁)။ ကိုယ့်အတွက် အချိန်မပေးချင်ကြဘူး
သူတို့က Gamer ဆိုတဲ့အတိုင်း ဂိမ်းပဲ ကစားချင်ကြတာ။ ချစ်သူနဲ့ မုန့်လေးဘာလေးစား၊ ရုပ်ရှင်လေး ဘာလေး ကြည့်မယ်ဆိုရင်တောင် သူတို့ ဂိမ်းမဆော့တဲ့အချိန်ပဲ လိုက်ပို့ချင်ကြတာ။ ဒါတောင် မုန့်ဆိုင်တွေဘာတွေ အတူထိုင်နေရင်း ကိုယ့်ကို ဘေးမှာထားပြီး ဂိမ်းဆော့ချင် ဆော့နေတတ်ကြသေးတာ။ ဒီလိုမျိုးတွေ ဖြစ်ပါများလာတော့ Relationship ကြီးက ပျော်စရာမကောင်းတော့ဘူးလေ။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူက ကိုယ့်အတွက် အချိန်ပေးတာ ခံချင်ကြတယ်မို့လား။
(၂)။ ကိုယ်က တရားခံနေရာမှာနေရတယ်
တရားခံနေရာမှာနေရတယ်ဆိုတာ သိလား။ ကိုယ်က သူ့ဆီဖုန်းဆက်လို့ သူဂိမ်းဆော့နေတဲ့အချိန်ဆိုရင် ကိုယ့်ဆီက ဖုန်းလာလို့ သူ ဂိမ်းရှုံးတာ၊ ကိုယ်အလိုက်မသိလို့ သူ ရှုံးရတာဆိုပြီး တရားခံ ဖြစ်ရတာမျိုးပါ။ ကိုယ့်မှာ အရေးတကြီး ကိစ္စရှိလို့ ဖုန်းဆက်ချင်ရင်တောင် သူ ဂိမ်းဆော့နေလား၊ မဆော့နေလား ဆိုတာ သိအောင် လုပ်ထားရမယ့် အကွက်မျိုးတွေဖြစ်ပြီး ဖုန်းလေးတစ်ခါဆက်မိလို့ အလိုလိုနေရင်း တရားခံ ဘ၀ ရောက်သွားနိုင်တာပါ။
(၃)။ အပျင်းထူတဲ့သူတွေ
Gamer တွေဆိုသည်မှာ ဂိမ်းကိုသာ တစ်နေကုန် ထိုင်ဆော့ချင် ဆော့နေမယ်။ ကျန်တဲ့ ကိစ္စတွေကို လုပ်ဖို့တော့ လုံးဝကို စိတ်မဝင်စားကြတာပါ။ သူတို့ကို ချစ်မိပြီဆိုရင်တော့ သူတို့ဘေးကနေ ဝေယျာဝစ္စတွေ လုပ်ပေးပေတော့ပဲ။ ထမင်းလေးထစားဖို့ ဒါမှမဟုတ် ကော်ဖီလေးဖျော်ဖို့ကိုတောင် ပျင်းနေလို့ ဘေးက လူတွေကပဲ သူတို့အတွက် လုပ်ပေးနေရတာများပါတယ်။ ဒီတော့ သူတို့ကို ချစ်မယ်ဆိုရင် သူတို့ရဲ့ အပျင်းထူမှုကြီးတွေကို သည်းခံနိုင်ဖို့လိုမယ်နော်။
(၄)။ စိတ်ကူးယဉ်ကမ္ဘာထဲကလူတွေ
Gamer တွေဆိုတာ ပုံရိပ်ယောင်တွေနဲ့ ကစားနေရသူတွေ ဖြစ်လို့ သူတို့ကို စိတ်ကူးယဉ်ကမ္ဘာထဲက လူတွေလို့ ပြောရမလားပဲ။ သူတို့က အဲဒီ ကမ္ဘာကြီးထဲမှာ ပျော်ရွှင်နေပြီး တကယ့် အပြင်က လူတွေနဲ့တော့ အဆင်ပြေအောင် ပေါင်းဖို့ ခက်ခဲတတ်ကြပါတယ်။ သူတို့မှာ သူငယ်ချင်းတွေရှိတယ်ဆိုရင်တောင်မှ ဂိမ်းကစားဖော် သူငယ်ချင်းတွေပဲဖြစ်ပြီး သူတို့က အပြင်လောကထက် ဂိမ်းထဲက ပုံရိပ်တွေကိုပဲ ပိုပြီး သဘောကျတတ်ကြတယ်။
Linn
(၃)။ အပျင်းထူတဲ့သူတွေ
Linn