အသက်ရှည်ရှည်နေချင်ရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အလေ့အကျင့် ( ၁၀ ) ခု
” အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို ” ဆိုပေမယ့် အသက်ရှည်စေနိုင်မယ့် အခြားနည်းလမ်းတွေလည်းရှိနေပါသေးတယ် ။
ဒီနည်းလမ်းတွေကိုကျင့်သုံးမယ်ဆိုရင် အသက် ၉၅ နှစ်အထိ အသက်ရှည်နေထိုင်နိုင်မယ်လို့ စတန်းဖို့ဒ်မှ သိပ္ပံပညာရှင်တွေက အတိအလင်းကြေငြာထားပါတယ်။
ဒီတော့ သူတို့အခိုင်အမာပြောထားတဲ့နည်းလမ်းတွေက ဘာတွေဖြစ်မလဲ …။
၁- ဆရာဝန်တစ်ယောက်ထဲနဲ့သာပြပါ။
ကိုယ်ပြနေကြဆရာဝန်တစ်ယောက်ပဲ ကိုယ့်ရဲ့အခြေအနေကို သေချာသိနိုင်ပါတယ်။
အဲ့လိုမဟုတ်ပဲနဲ့ ဟိုဆရာဝန်သွားပြလိုက် ဒီဆရာဝန်သွားပြလိုက်နဲ့ဆိုရင် “ဆရာများ သားသေ” ဖြစ်သွားနိုင်ပါတယ်။
၂- အနာဂတ်အတွက် ပိုက်ဆံစုထားပါ။
အသက် ၅၀ ကျော်လာတဲ့အခါ ငွေက အသက်ရှင်ရပ်တည်ဖို့အတွက် ပြဿနာတစ်ခုဖြစ်လာပါတယ်။
ဒီတော့ ငယ်ရွယ်စဉ်အခါမှာ မဖြုန်းတီးပဲနဲ့ ငွေစုပါ ။
ပင်စင်ယူပြီး ၁၀ နှစ်တာကလာအတွက်ကြိုတင်ပြင်ဆင်ပါ ။ဖြစ်လာနိုင်တဲ့ ငွေကြေးပြဿနာတွေအတွက်လည်းပြင်ဆင်ထားပါ။
၃- အဆီအနည်းငယ်ပိုစားပေးပါ ။
“တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း အဆီဆိုတာ များလွန်းရင်မကောင်းပေမယ့် အသက်ရှည်ဖို့အတွက် အဆီအနည်းငယ်စားပေးဖို့တော့လိုပါတယ်။
အမဲသား ၊ ကြက်သား ၊ ကြက်ဥ ၊ နို့ နဲ့ ငါးတွေကို မျှမျှတတ စားသုံးပေးမယ်ဆိုရင် သင့်ကျန်းမာရေးအခြေအနေ ရ၅ ရာခိုင်နှုန်းလောက်တိုးတက်လာပါလိမ့်မယ် ။
၄- ကိုယ်နဲ့သင့်တင့်လျောက်ပတ်တဲ့အစားအသောက်ကိုပဲ စားသုံးပါ ။
မတည့်တဲ့အစာတွေကို စားမယ်ဆိုရင် အူလမ်းကြောင်းထိခိုက်ပြီး ရောဂါရလာနိုင်ပါတယ် ။
၅- သက်တောင့်သက်သာရှိတဲ့ ဖိနပ်နဲ့အဝတ်အစားတွေကိုပဲဝတ်ဆင်ပါ ။
အသက် ၆၅ နှစ်အရွယ် ပရော်ဖက်ဆာ David Rosenbaum ကတော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေပဲဝတ်ဆင်ခဲ့တဲ့အတွက် သူအခုလို အသက်ရှည်တာလို့ပြောပြခဲ့ပါတယ်။
ကျန်းမာရေး ကောင်းမွန်ဖို့အတွက်တော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်ဝတ်ရုံတင်မဟုတ်ပဲ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလောက် လမ်းလျောက်ပေးသင့်ပါတယ် ။
၆- ဆိုဖာပေါ်မှာမအိပ်ပါနဲ့ ။
တစ်နေ့တာ ပင်ပန်းလွန်းတဲ့အတွက် ရုပ်ရှင်ကားကြည့်ရင်း ဆိုဖာပေါ်အိပ်ပျော်သွားတာမျိုးရှိပါလိမ့်မယ် ။
ဒါပေမယ့် ဆိုဖာပေါ်အိပ်တဲ့အခါ သက်တမ်း ၃ နှစ်လောက်ပိုတိုစေကြောင်း သုတေသနအချက်အလက်တွေအရ သိထားရပါတယ်။
၇- ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါ။
ပိတ်ရက်မှာ စိတ်ကိုလျော့ထားပြီး လွတ်လွတ်လပ်လပ်သာအိပ်ပါ ။
အိပ်ရေးဝဝအိပ်ခြင်းဟာလည်း ကျန်းမာရေးပြဿနာတွေကို လျော့ချပေးနိုင်ပါတယ် ။
၈- အိမ်သန့်ရှင်းရေးလုပ်ပါ ။
တစ်နေ့ကို နာရီဝက်လောက် တစ်ပတ်မှာ ၅ ကြိမ် အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေအလွန်လျော့နည်းသွားတာကိုတွေ့ရပါတယ်။
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် တကူးတက Gyn ကိုသွားဖို့မလိုပါဘူး ။
အိမ်သန်ရှင်းရေးလုပ်တဲ့အခါ အလိုအလျောက်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသားဖြစ်သွားပါတယ်။
၉- အလုပ်ကြိုးစားပါ ။
ဘဝမှာအောင်မြင်တဲ့သူတွေက မအောင်မြင်တဲ့သူတွေထက် အသက်ပိုရှည်ကြလေ့ရှိပါတယ်။
ဒီတော့ အောင်မြင်ဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ဖို့လိုအပ်ပါတယ် ။
အရေးကြီးဆုံးအချက်ကတော့ မပျင်းမရိဖို့ပဲ ။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်ကြိုးစားပါ။
၁၀- ကိုယ့်အပေါ်နားလည်တဲ့သူနဲ့စကားများများပြောပါ ။
သူငယ်ချင်းအများကြီးရှိဖို့မလိုပါဘူး ။ ကိုယ်အပေါ်နားလည်တဲ့သူတစ်ယောက်ရှိရင်ရပါပြီ ။
သူနဲ့တိုင်ပင်ဆွေးနွေး ၊ ကိုယ့်ရဲ့ခံစားချက်တွေထုတ်ပြောပြီးတော့ ရင်ဖွင့်ပါ ။
ဘဝမှာ ဘယ်သူမှ ရာနှုန်းပြည့်မပျော်နိုင်ပေမယ့် စိတ်ပေါ့ပါးနေတဲ့သူတွေက စိတ်တင်းကြပ်နေတဲ့သူတွေထက်တော့ ပိုအသက်ရှည်လေ့ရှိတာ အမှန်ပါပဲ ။
အသက္ရွည္ရွည္ေနခ်င္ရင္ မျဖစ္မေနလုပ္ေဆာင္သင့္တဲ့ အေလ့အက်င့္ ( ၁၀ ) ခု
” အသက္ေလးရယ္ ရွည္ေစလို မန္းေတာင္ရိပ္ကိုခို ” ဆိုေပမယ့္ အသက္ရွည္ေစနိုင္မယ့္ အျခားနည္းလမ္းေတြလည္းရွိေနပါေသးတယ္ ။
ဒီနည္းလမ္းေတြကိုက်င့္သုံးမယ္ဆိုရင္ အသက္ ၉၅ ႏွစ္အထိ အသက္ရွည္ေနထိုင္နိုင္မယ္လို႔ စတန္းဖို႔ဒ္မွ သိပၸံပညာရွင္ေတြက အတိအလင္းေၾကျငာထားပါတယ္။
ဒီေတာ့ သူတို႔အခိုင္အမာေျပာထားတဲ့နည္းလမ္းေတြက ဘာေတြျဖစ္မလဲ …။
၁- ဆရာဝန္တစ္ေယာက္ထဲနဲ႔သာျပပါ။
ကိုယ္ျပေနၾကဆရာဝန္တစ္ေယာက္ပဲ ကိုယ့္ရဲ့အေျခအေနကို ေသခ်ာသိနိုင္ပါတယ္။
အဲ့လိုမဟုတ္ပဲနဲ႔ ဟိုဆရာဝန္သြားျပလိုက္ ဒီဆရာဝန္သြားျပလိုက္နဲ႔ဆိုရင္ “ဆရာမ်ား သားေသ” ျဖစ္သြားနိုင္ပါတယ္။
၂- အနာဂတ္အတြက္ ပိုက္ဆံစုထားပါ။
အသက္ ၅၀ ေက်ာ္လာတဲ့အခါ ေငြက အသက္ရွင္ရပ္တည္ဖို႔အတြက္ ျပႆနာတစ္ခုျဖစ္လာပါတယ္။
ဒီေတာ့ ငယ္ရြယ္စဥ္အခါမွာ မျဖဳန္းတီးပဲနဲ႔ ေငြစုပါ ။
ပင္စင္ယူၿပီး ၁၀ ႏွစ္တာကလာအတြက္ႀကိဳတင္ျပင္ဆင္ပါ ။ျဖစ္လာနိုင္တဲ့ ေငြေၾကးျပႆနာေတြအတြက္လည္းျပင္ဆင္ထားပါ။
၃- အဆီအနည္းငယ္ပိုစားေပးပါ ။
“တန္ေဆးလြန္ေဘး” ဆိုတဲ့အတိုင္း အဆီဆိုတာ မ်ားလြန္းရင္မေကာင္းေပမယ့္ အသက္ရွည္ဖို႔အတြက္ အဆီအနည္းငယ္စားေပးဖို႔ေတာ့လိုပါတယ္။
အမဲသား ၊ ၾကက္သား ၊ ၾကက္ဥ ၊ နို႔ နဲ႔ ငါးေတြကို မၽွမၽွတတ စားသုံးေပးမယ္ဆိုရင္ သင့္က်န္းမာေရးအေျခအေန ရ၅ ရာခိုင္ႏႈန္းေလာက္တိုးတက္လာပါလိမ့္မယ္ ။
၄- ကိုယ္နဲ႔သင့္တင့္ေလ်ာက္ပတ္တဲ့အစားအေသာက္ကိုပဲ စားသုံးပါ ။
မတည့္တဲ့အစာေတြကို စားမယ္ဆိုရင္ အူလမ္းေၾကာင္းထိခိုက္ၿပီး ေရာဂါရလာနိုင္ပါတယ္ ။
၅- သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္နဲ႔အဝတ္အစားေတြကိုပဲဝတ္ဆင္ပါ ။
အသက္ ၆၅ ႏွစ္အရြယ္ ပေရာ္ဖက္ဆာ David Rosenbaum ကေတာ့ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္ေတြပဲဝတ္ဆင္ခဲ့တဲ့အတြက္ သူအခုလို အသက္ရွည္တာလို႔ေျပာျပခဲ့ပါတယ္။
က်န္းမာေရး ေကာင္းမြန္ဖို႔အတြက္ေတာ့ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္ဝတ္႐ုံတင္မဟုတ္ပဲ တစ္ေန႔ကို ေျခလွမ္းတစ္ေသာင္းေလာက္ လမ္းေလ်ာက္ေပးသင့္ပါတယ္ ။
၆- ဆိုဖာေပၚမွာမအိပ္ပါနဲ႔ ။
တစ္ေန႔တာ ပင္ပန္းလြန္းတဲ့အတြက္ ႐ုပ္ရွင္ကားၾကည့္ရင္း ဆိုဖာေပၚအိပ္ေပ်ာ္သြားတာမ်ိဳးရွိပါလိမ့္မယ္ ။
ဒါေပမယ့္ ဆိုဖာေပၚအိပ္တဲ့အခါ သက္တမ္း ၃ ႏွစ္ေလာက္ပိုတိုေစေၾကာင္း သုေတသနအခ်က္အလက္ေတြအရ သိထားရပါတယ္။
၇- ပိတ္ရက္မွာ အိပ္ေရးဝဝအိပ္ပါ။
ပိတ္ရက္မွာ စိတ္ကိုေလ်ာ့ထားၿပီး လြတ္လြတ္လပ္လပ္သာအိပ္ပါ ။
အိပ္ေရးဝဝအိပ္ျခင္းဟာလည္း က်န္းမာေရးျပႆနာေတြကို ေလ်ာ့ခ်ေပးနိုင္ပါတယ္ ။
၈- အိမ္သန႔္ရွင္းေရးလုပ္ပါ ။
တစ္ေန႔ကို နာရီဝက္ေလာက္ တစ္ပတ္မွာ ၅ ႀကိမ္ အိမ္သန႔္ရွင္းေရးလုပ္မယ္ဆိုရင္ ႏွလုံးေရာဂါျဖစ္ပြားနိုင္ေခ်အလြန္ေလ်ာ့နည္းသြားတာကိုေတြ႕ရပါတယ္။
ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ဖို႔အတြက္ တကူးတက Gyn ကိုသြားဖို႔မလိုပါဘူး ။
အိမ္သန္ရွင္းေရးလုပ္တဲ့အခါ အလိုအေလ်ာက္ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ၿပီးသားျဖစ္သြားပါတယ္။
၉- အလုပ္ႀကိဳးစားပါ ။
ဘဝမွာေအာင္ျမင္တဲ့သူေတြက မေအာင္ျမင္တဲ့သူေတြထက္ အသက္ပိုရွည္ၾကေလ့ရွိပါတယ္။
ဒီေတာ့ ေအာင္ျမင္ဖို႔အတြက္ အလုပ္ကို ႀကိဳးစားလုပ္ဖို႔လိုအပ္ပါတယ္ ။
အေရးႀကီးဆုံးအခ်က္ကေတာ့ မပ်င္းမရိဖို႔ပဲ ။ ရည္မွန္းခ်က္ပန္းတိုင္ကိုေရာက္ေအာင္ႀကိဳးစားပါ။
၁၀- ကိုယ့္အေပၚနားလည္တဲ့သူနဲ႔စကားမ်ားမ်ားေျပာပါ ။
သူငယ္ခ်င္းအမ်ားႀကီးရွိဖို႔မလိုပါဘူး ။ ကိုယ္အေပၚနားလည္တဲ့သူတစ္ေယာက္ရွိရင္ရပါၿပီ ။
သူနဲ႔တိုင္ပင္ေဆြးေႏြး ၊ ကိုယ့္ရဲ့ခံစားခ်က္ေတြထုတ္ေျပာၿပီးေတာ့ ရင္ဖြင့္ပါ ။
ဘဝမွာ ဘယ္သူမွ ရာႏႈန္းျပည့္မေပ်ာ္နိုင္ေပမယ့္ စိတ္ေပါ့ပါးေနတဲ့သူေတြက စိတ္တင္းၾကပ္ေနတဲ့သူေတြထက္ေတာ့ ပိုအသက္ရွည္ေလ့ရွိတာ အမွန္ပါပဲ ။