တစ်နေ့ကို မိနစ်(၂၀)လောက် ခြေထောက်လုပ်ရုံနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးများ
ပုံမှန်လေ့ကျင့်ခန်းတော်တော်များများကတော့ ကာယခွန်အားအများကြီးစိုက်ထုတ်ရပြီး ချွေးထွက်မောပန်းရတာမျိုးတွေ များပါတယ် ။ ဒီလိုလေ့ကျင့်ခန်းတွေကြားထဲမှာမှ သက်သောင့်သက်သာနဲ့ ခန္ဓာကိုယ်အကျိုးကျေးဇူး
များစေမယ့် လေ့ကျင့်ခန်းလေးကိုဖော်ပြပေးချင်ပါတယ် ။ဒါကတော့ ခြေထောက်မြှောက်လေ့ကျင့်ခန်းပါ။ ခြေထောက်မြှောက်လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် (၂၀)နဲ့ ပုံမှန်ပြုလုပ်ပေးရင်ရရှိမယ့် အကျိုးကျေးဇူးတွေကတော့
(၁) ခြေထောက်ဖောတာ ၊ ရောင်တာ သက်သာမယ်
ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေလို့ ကျောက်ကပ်ရောဂါ၊ အဝလွန်တာနဲ့ ၊ မှားယွင်းတဲ့ စားသောက်ပုံတွေကြောင့်ဖြစ်တဲ့ ခြေထောက်ဖောတာ ၊ ရောင်တာတွေကို လျော့ကျစေပြီ
ခြေထောက် သွယ်လာစေပါတယ်။ ဒေါက်ဖိနပ်စီးရင်ဖြစ်တဲ့ နာကျင်မှုဒါဏ်တွေကိုလည်းသက်သာလာစေပါတယ်
(၂) အစာခြေစနစ် ကောင်းမွန်လာမယ်
ကိုယ်တွင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေတာကြောင့် အစာခြေစနစ်ကိုပိုမိုကောင်းမွန်လာစေပါတယ်။ အစာစုပြီး ဗိုက်ပူတာ၊ ဗိုက်အဆီစုတာတွေပါပျောက်ကင်းစေတာကြောင့် အဆီကျပြီး ခါးလေးပါသွယ်
လာမှာပါ
(၃) စိတ်အတက်အကျများတာ လျော့ကျလာမယ်
ခြေထောက်မြှောက်လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူလေ့ကျင့်ခန်းပါလုပ်ပြီးသားဖြစ်တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ပိုရောက်ပြီး စိတ်ကိုလန်းဆန်းစေပါတယ်။ စိတ်တည်ငြိမ်စေပြီး စိတ်လှုပ်ရှားမှု၊ လည်ပင်းနဲ့
ဝမ်းဗိုက်ကြွက်သားတင်းရင်းမှုတွေကိုပါလျော့ကျစေပါတယ်။
(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်
သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုလည်း ပုံမှန်ပြန်ဖြစ်စေပြီး အိပ်ချိန်မှန်လာစေပါတယ်။
ခြေထောက်မြှောက်လေ့ကျင့်ခန်း ပြုလုပ်ပုံ
နံရံနားမှာ သက်သောင့်သက်သာဖြစ်မယ့် နေရာကိုရွေးပါ။ ပြီးရင်တော့ အခင်းလေး တစ်ခုချပြီး(သို့) roller လုံးလေးကျောမှချပြီး လှဲလိုက်ပါ။
ခြေထောက်ကို နံရံမှာ တည့်တည့်မြှောက်ပါ(90 degree) လက်တွေကိုတော့ ကြမ်းပြင်မှာ သက်သောင့်သက်သာချထားလို့ရပါတယ်။ ဒီအတိုင်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိလုပ်ပေးရပါမယ်။
သတိပြုရမှာကတော့ သွေးလည်ပတ်မှုကိုအနှောက်အယှက်ဖြစ်စေမယ့် အဝတ်အစားမဝတ်ရပါဘူး ။ ခါးရိုး ၊ ခြေထောက် ထိခိုက်ဒါဏ်ရာရထားသူတွေ မလုပ်သင့်ပါဘူး ။
တစ္ေန႔ကို မိနစ္(၂၀)ေလာက္ ေျခေထာက္လုပ္႐ုံနဲ႔ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား
ပုံမွန္ေလ့က်င့္ခန္းေတာ္ေတာ္မ်ားမ်ားကေတာ့ ကာယခြန္အားအမ်ားႀကီးစိုက္ထုတ္ရၿပီး ေခြၽးထြက္ေမာပန္းရတာမ်ိဳးေတြ မ်ားပါတယ္ ။ ဒီလိုေလ့က်င့္ခန္းေတြၾကားထဲမွာမွ သက္ေသာင့္သက္သာနဲ႔ ခႏၶာကိုယ္အက်ိဳးေက်းဇူး
မ်ားေစမယ့္ ေလ့က်င့္ခန္းေလးကိုေဖာ္ျပေပးခ်င္ပါတယ္ ။ဒါကေတာ့ ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းပါ။ ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းကို တစ္ေန႔ မိနစ္ (၂၀)နဲ႔ ပုံမွန္ျပဳလုပ္ေပးရင္ရရွိမယ့္ အက်ိဳးေက်းဇူးေတြကေတာ့
(၁) ေျခေထာက္ေဖာတာ ၊ ေရာင္တာ သက္သာမယ္
ဒီေလ့က်င့္ခန္းက ေျခေထာက္ေသြးလွည့္ပတ္မႈကို အထူးေကာင္းမြန္ေစလို႔ ေက်ာက္ကပ္ေရာဂါ၊ အဝလြန္တာနဲ႔ ၊ မွားယြင္းတဲ့ စားေသာက္ပုံေတြေၾကာင့္ျဖစ္တဲ့ ေျခေထာက္ေဖာတာ ၊ ေရာင္တာေတြကို ေလ်ာ့က်ေစၿပီ
ေျခေထာက္ သြယ္လာေစပါတယ္။ ေဒါက္ဖိနပ္စီးရင္ျဖစ္တဲ့ နာက်င္မႈဒါဏ္ေတြကိုလည္းသက္သာလာေစပါတယ္
(၂) အစာေျခစနစ္ ေကာင္းမြန္လာမယ္
ကိုယ္တြင္း အဂၤါေတြရဲ႕ ေသြးလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစတာေၾကာင့္ အစာေျခစနစ္ကိုပိုမိုေကာင္းမြန္လာေစပါတယ္။ အစာစုၿပီး ဗိုက္ပူတာ၊ ဗိုက္အဆီစုတာေတြပါေပ်ာက္ကင္းေစတာေၾကာင့္ အဆီက်ၿပီး ခါးေလးပါသြယ္
လာမွာပါ
(၃) စိတ္အတက္အက်မ်ားတာ ေလ်ာ့က်လာမယ္
ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းလုပ္ရင္း အသက္ရႉေလ့က်င့္ခန္းပါလုပ္ၿပီးသားျဖစ္တာေၾကာင့္ ဦးေႏွာက္ထဲ ေအာက္ဆီဂ်င္ပိုေရာက္ၿပီး စိတ္ကိုလန္းဆန္းေစပါတယ္။ စိတ္တည္ၿငိမ္ေစၿပီး စိတ္လႈပ္ရွားမႈ၊ လည္ပင္းနဲ႔
ဝမ္းဗိုက္ႂကြက္သားတင္းရင္းမႈေတြကိုပါေလ်ာ့က်ေစပါတယ္။
(၄) ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္မယ္
ေသြးလွည့္ပတ္မႈေကာင္းမြန္ေစတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ဇီဝကာမျဖစ္စဥ္ေတြကိုလည္း ပုံမွန္ျပန္ျဖစ္ေစၿပီး အိပ္ခ်ိန္မွန္လာေစပါတယ္။
ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္း ျပဳလုပ္ပုံ
နံရံနားမွာ သက္ေသာင့္သက္သာျဖစ္မယ့္ ေနရာကိုေ႐ြးပါ။ ၿပီးရင္ေတာ့ အခင္းေလး တစ္ခုခ်ၿပီး(သို႔) roller လုံးေလးေက်ာမွခ်ၿပီး လွဲလိုက္ပါ။
ေျခေထာက္ကို နံရံမွာ တည့္တည့္ေျမႇာက္ပါ(90 degree) လက္ေတြကိုေတာ့ ၾကမ္းျပင္မွာ သက္ေသာင့္သက္သာခ်ထားလို႔ရပါတယ္။ ဒီအတိုင္း ၁၅ မိနစ္ကေန မိနစ္ ၂၀ အထိလုပ္ေပးရပါမယ္။
သတိျပဳရမွာကေတာ့ ေသြးလည္ပတ္မႈကိုအေႏွာက္အယွက္ျဖစ္ေစမယ့္ အဝတ္အစားမဝတ္ရပါဘူး ။ ခါး႐ိုး ၊ ေျခေထာက္ ထိခိုက္ဒါဏ္ရာရထားသူေတြ မလုပ္သင့္ပါဘူး ။