မန္တလေး ဆိုင်ကယ် သပိတ်စစ်ကြောင်းကို ကားဖြင့် ဝင်တိုက်ပြီးဖမ်း
ဧရာဝတီ၊ ဧပြီ ၁၉၊ ၂၀၂၁
မန္တလေးမြို့ပေါ်တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေကြသည့် ဆိုင်ကယ် သပိတ် စစ်ကြောင်း ၂ ခုကို စစ်ကောင်စီတပ်များက ယနေ့မနက်ပိုင်းတွင် အိမ်စီးကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဆန္ဒပြသူများဘက်မှ ဒဏ်ရာရသူများရှိသလို မိန်းကလေးငယ်တဦး ကားကြိတ်ခံရပြီး အခြားတဦးမှာလည်း သေနတ်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ ထို့အတူ ဖမ်းဆီးခံရသူလည်း ၁၀ ဦးထက်မနည်း ရှိကြောင်းသိရသည်။
ဓာတ်ပုံ – CJ
ဧရာဝတီ၊ ဧပြီ ၁၉၊ ၂၀၂၁
ဓာတ်ပုံ – CJ