မန်းလေးက ဒေါက်တာတေဇာစန်း နေခဲ့တဲ့ တိုက်ခန်းကို စစ်ကောင်စီမှ ဝင်စီး

ဒီနေ့ ညနေနဲ့ ညဦးပိုင်းမှာ မန်းလေးက ကျနော် နေခဲ့ဖူးတဲ့ တိုက်ခန်းလေးကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ စစ်သား၊ ရဲ၊ အရပ်ဝတ်အစုံ အင်အားအလုံးအရင်းနဲ့ နှစ်ကြိမ် လာသွားတယ်လို့ ကြားသိရပါတယ်။ အချို့သတင်းတွေကလည်း သုံးကြိမ်လို့ ဆိုပါတယ်။

ဒီတိုက်ခန်း‌လေး လိပ်စာအတိအကျကို သူတို့သိထားတာ ကြာပါပြီ။ ဖေဖော်ဝါရီလလယ်လောက်ကတည်းက မန်းလေးမြို့လူထုက စရဖလို့ ယူဆရသူတစ်ယောက်ကို ကျနော့်အိမ်လိပ်စာပါတဲ့ စာရွက်ကလေးနဲ့အတူ လက်ပူးလက်ကြပ် မိထားဖူးပါတယ်။ ဒါ့ကြောင့် အဲ့ဒီမှာ ဘယ်သူမျှ မနေတော့တာလည်း ကြာလှပါပြီ။ ကျနော့်အတွက် အရေးကြီးပစ္စည်းလည်း အဲ့ဒီမှာ ဘာမျှ မထား၊ မရှိ‌ပါဘူး။

သူတို့က သော့ခတ်ထားတဲ့ တိုက်ခန်းတံခါးကို ဖျက်ဖွင့်ပြီး တစ်အိမ်လုံး မွေနှောက်ဖျက်ဆီးသွားကြပြီး တွေ့သမျှ တန်ဖိုးရှိ၊ မရှိ၊ ဘာသောညာသောမရွေး အကုန်လုံးကို အိတ်ကြီးအိတ်ငယ် အသွယ်သွယ်နဲ့ အဓမ္မ ယူဆောင်သွားကြလေသတည်း။ပစ္စည်းသင်္ခါရ လူသင်္ခါရသဘောပေမို့ ကျန်တာ‌တွေတော့ သိပ်မနှမြောပါဘူး၊ စာအုပ်တွေတော့ နှမြောလှတယ်ဗျာ။ ကို့ယ်အကြိုက် လက်ရွေးစင်လေးတွေချည်း အိမ်မှာ စုသိမ်းထားတာမို့ပါ။)

သူရို့က ကျနော့်ကို ရဲစခန်းပေါင်း‌များစွာမှာ စွဲဆိုထားတဲ့ ပုဒ်ထီးပုဒ်မတွေရှိတယ်လို့တော့ ကြားသိပါရဲ့။ ဒါပေသိ၊ ဒီစာအုပ်‌တွေ၊ အခြားပစ္စည်းတွေကို အဓမ္မလုယူသိမ်းဆည်းရတဲ့ အကြောင်းရင်းကို ကျနော့်တော့ ဉာဏ်မမှီ၊ စဉ်းစားလို့ မရပါ။

အဲ့တိုက်ခန်းမှာ ရှိတဲ့ပစ္စည်းတွေကလည်း အကုန်လုံးက ကျနော့်ဥစ္စာပစ္စည်း မဟုတ်။ ကျနော် ပိုင်ဆိုင်တာက စာအုပ်တွေပဲ ရှိတာ။ သူရို့ အိမ်က သိမ်းယူသွားတဲ့ ပစ္စည်း‌တွေထဲမှာ ကျနော့်နှမတစ်ဦးရဲ့ ဂစ်တာလေးဝောာင် ပါသွားသေးပါသတဲ့။ ကျနော်လုပ်နေတဲ့ အာဏာရှင်တော်လှန်ရေးနဲ့ ဒီဂစ်တာ‌လေးနဲ့က ဘယ်လိုများ ပတ်သတ်တာပါလိမ့်၊ ဆန်းကြယ်လှပါဘိတောင်း။

အိမ်း၊ “တပ်မတော်” လည်း သူခိုး၊ ဓားပြဂိုဏ်းအကြီးစားကြီး လုံးလုံး ဖြစ်နေပါပေါ့လား။ တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) သာ ဒီအကြောင်းတွေ သိမယ်ဆို ဘယ်လောက် စိတ်မကောင်း၊ ဝမ်းနည်းဖြစ်နေမယ်မသိဘူး။ သူ့ပြည်သူတွေအတွက် သူရင်နာလို့ ဆုံးရှာမှာ မဟုတ်ဘူး။ တပ်မတော်အတွက် ဗိုလ်တေဇာမှာခဲ့တဲ့ စကားက “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” တဲ့။ အခုတော့ သူရို့က ဒီဆောင်ပုဒ်ကို ပြောင်းပြန်လုပ်ထားပါပေါ့လား။

တကယ်တော့ ဒီ ဗမာ (မြန်မာ) စစ်တပ်ဟာ သူသတ်၊ သူခိုး၊ ဓားပြအုပ်စုအကြီးစားကြီး ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အထူးသဖြင့် ဗမာမဟုတ်တဲ့ ကျန်တိုင်းရင်းသား လူမျိုးတွေဒေသတွေ၊ ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေမှာ ဒီလိုမျိုး ရာဇဝတ်မှုပေါင်းများစွာကို နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ ကျူးလွန်လာတာ နှစ်ပေါင်း (၇၀) ကျော် ကြာခဲ့ပါပြီ။“ကျောချမှ ဓားပြမှန်း သိ” ဆိုသလို ကျနော်တို့ ဗမာတိုင်းရင်းသားတွေကတော့ ဒီစစ်တပ်ရဲ့ အတွင်းသရုပ်မှန်ကို အခု ၂၀၂၁ နွေဦးတော်လှန်ရေးကြီးမှာ ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်း၊ မျက်မြင်ကိုယ်တွေ့ သိရှိခံစားလိုက်ကြရတာပါပဲ။

ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်ကို တည်ထောင်ဖို့ အဓိကအနှောက်အယှက်ပေးနေတဲ့ ဘုံရန်သူဟာ ဒီအကြမ်းဖက်စစ်အုပ်စုပဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို့ (ဗမာတွေကိုယ်တိုင်က) ထင်ထင်ရှားရှား သိမြင်သွားကြတာပေါ့ဗျာ။ ဒါသည်ပင်လျှင် တော်လှန်ရေးထဲက အမြတ်ကြီးတစ်ခုလို့ ကျနော်ကတော့ ခံယူမိပါတယ်။

အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး သွေးစည်းကြလော့။

ဘုံရန်သူကို တိုက်ခိုက်ကြလော့။

ဘုံပန်းတိုင်ကို ရှေးရှုကြလော့။

Tayzar San

ဒီေန႔ ညေနနဲ႔ ညဦးပိုင္းမွာ မန္းေလးက က်ေနာ္ ေနခဲ့ဖူးတဲ့ တိုက္ခန္းေလးကို အၾကမ္းဖက္စစ္ေကာင္စီ လက္ပါးေစ စစ္သား၊ ရဲ၊ အရပ္ဝတ္အစုံ အင္အားအလုံးအရင္းနဲ႔ ႏွစ္ႀကိမ္ လာသြားတယ္လို႔ ၾကားသိရပါတယ္။ အခ်ိဳ႕သတင္းေတြကလည္း သုံးႀကိမ္လို႔ ဆိုပါတယ္။ ဒီတိုက္ခန္း‌ေလး လိပ္စာအတိအက်ကို သူတို႔သိထားတာ ၾကာပါၿပီ။ ေဖေဖာ္ဝါရီလလယ္ေလာက္ကတည္းက မန္းေလးၿမိဳ႕လူထုက စရဖလို႔ ယူဆရသူတစ္ေယာက္ကို က်ေနာ့္အိမ္လိပ္စာပါတဲ့ စာရြက္ကေလးနဲ႔အတူ လက္ပူးလက္ၾကပ္ မိထားဖူးပါတယ္။ ဒါ့ေၾကာင့္ အဲ့ဒီမွာ ဘယ္သူမၽွ မေနေတာ့တာလည္း ၾကာလွပါၿပီ။ က်ေနာ့္အတြက္ အေရးႀကီးပစၥည္းလည္း အဲ့ဒီမွာ ဘာမၽွ မထား၊ မရွိ‌ပါဘူး။

သူတို႔က ေသာ့ခတ္ထားတဲ့ တိုက္ခန္းတံခါးကို ဖ်က္ဖြင့္ၿပီး တစ္အိမ္လုံး ေမြေႏွာက္ဖ်က္ဆီးသြားၾကၿပီး ေတြ႕သမၽွ တန္ဖိုးရွိ၊ မရွိ၊ ဘာေသာညာေသာမေရြး အကုန္လုံးကို အိတ္ႀကီးအိတ္ငယ္ အသြယ္သြယ္နဲ႔ အဓမၼ ယူေဆာင္သြားၾကေလသတည္း။ပစၥည္းသခၤါရ လူသခၤါရသေဘာေပမို႔ က်န္တာ‌ေတြေတာ့ သိပ္မႏွေျမာပါဘူး၊ စာအုပ္ေတြေတာ့ ႏွေျမာလွတယ္ဗ်ာ။ ကို႔ယ္အႀကိဳက္ လက္ေရြးစင္ေလးေတြခ်ည္း အိမ္မွာ စုသိမ္းထားတာမို႔ပါ။)

သူရို႔က က်ေနာ့္ကို ရဲစခန္းေပါင္း‌မ်ားစြာမွာ စြဲဆိုထားတဲ့ ပုဒ္ထီးပုဒ္မေတြရွိတယ္လို႔ေတာ့ ၾကားသိပါရဲ့။ ဒါေပသိ၊ ဒီစာအုပ္‌ေတြ၊ အျခားပစၥည္းေတြကို အဓမၼလုယူသိမ္းဆည္းရတဲ့ အေၾကာင္းရင္းကို က်ေနာ့္ေတာ့ ဉာဏ္မမွီ၊ စဥ္းစားလို႔ မရပါ။ အဲ့တိုက္ခန္းမွာ ရွိတဲ့ပစၥည္းေတြကလည္း အကုန္လုံးက က်ေနာ့္ဥစၥာပစၥည္း မဟုတ္။ က်ေနာ္ ပိုင္ဆိုင္တာက စာအုပ္ေတြပဲ ရွိတာ။ သူရို႔ အိမ္က သိမ္းယူသြားတဲ့ ပစၥည္း‌ေတြထဲမွာ က်ေနာ့္ႏွမတစ္ဦးရဲ့ ဂစ္တာေလးေဝာာင္ ပါသြားေသးပါသတဲ့။ က်ေနာ္လုပ္ေနတဲ့ အာဏာရွင္ေတာ္လွန္ေရးနဲ႔ ဒီဂစ္တာ‌ေလးနဲ႔က ဘယ္လိုမ်ား ပတ္သတ္တာပါလိမ့္၊ ဆန္းၾကယ္လွပါဘိေတာင္း။

အိမ္း၊ “တပ္မေတာ္” လည္း သူခိုး၊ ဓားျပဂိုဏ္းအႀကီးစားႀကီး လုံးလုံး ျဖစ္ေနပါေပါ့လား။ တပ္မေတာ္ကို စတင္တည္ေထာင္ခဲ့သူ ဗိုလ္ေတဇ (ဗိုလ္ခ်ဳပ္ေအာင္ဆန္း) သာ ဒီအေၾကာင္းေတြ သိမယ္ဆို ဘယ္ေလာက္ စိတ္မေကာင္း၊ ဝမ္းနည္းျဖစ္ေနမယ္မသိဘူး။ သူ႔ျပည္သူေတြအတြက္ သူရင္နာလို႔ ဆုံးရွာမွာ မဟုတ္ဘူး။ တပ္မေတာ္အတြက္ ဗိုလ္ေတဇာမွာခဲ့တဲ့ စကားက “ျပည္သူသာ အမိ၊ ျပည္သူသာ အဖ” တဲ့။ အခုေတာ့ သူရို႔က ဒီေဆာင္ပုဒ္ကို ေျပာင္းျပန္လုပ္ထားပါေပါ့လား။

တကယ္ေတာ့ ဒီ ဗမာ (ျမန္မာ) စစ္တပ္ဟာ သူသတ္၊ သူခိုး၊ ဓားျပအုပ္စုအႀကီးစားႀကီး ျဖစ္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။ အထူးသျဖင့္ ဗမာမဟုတ္တဲ့ က်န္တိုင္းရင္းသား လူမ်ိဳးေတြေဒသေတြ၊ ျပည္တြင္းစစ္ျဖစ္ပြားရာေဒသေတြမွာ ဒီလိုမ်ိဳး ရာဇဝတ္မႈေပါင္းမ်ားစြာကို ေန႔စဥ္နဲ႔အမၽွ၊ အခ်ိန္နဲ႔အမၽွ က်ဴးလြန္လာတာ ႏွစ္ေပါင္း (၇၀) ေက်ာ္ ၾကာခဲ့ပါၿပီ။“ေက်ာခ်မွ ဓားျပမွန္း သိ” ဆိုသလို က်ေနာ္တို႔ ဗမာတိုင္းရင္းသားေတြကေတာ့ ဒီစစ္တပ္ရဲ့ အတြင္းသ႐ုပ္မွန္ကို အခု ၂၀၂၁ ေႏြဦးေတာ္လွန္ေရးႀကီးမွာ ကြက္ကြက္ကြင္းကြင္း၊ ရွင္းရွင္းလင္းလင္း၊ မ်က္ျမင္ကိုယ္ေတြ႕ သိရွိခံစားလိုက္ၾကရတာပါပဲ။ ၿငိမ္းခ်မ္းၿပီး သာယာဝေျပာတဲ့ ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံေတာ္တစ္ရပ္ကို တည္ေထာင္ဖို႔ အဓိကအေႏွာက္အယွက္ေပးေနတဲ့ ဘုံရန္သူဟာ ဒီအၾကမ္းဖက္စစ္အုပ္စုပဲဆိုတာ လယ္ျပင္မွာ ဆင္သြားသလို႔ (ဗမာေတြကိုယ္တိုင္က) ထင္ထင္ရွားရွား သိျမင္သြားၾကတာေပါ့ဗ်ာ။ ဒါသည္ပင္လၽွင္ ေတာ္လွန္ေရးထဲက အျမတ္ႀကီးတစ္ခုလို႔ က်ေနာ္ကေတာ့ ခံယူမိပါတယ္။

အဖိႏွိပ္ခံ ျပည္သူတစ္ရပ္လုံး ေသြးစည္းၾကေလာ့။

ဘုံရန္သူကို တိုက္ခိုက္ၾကေလာ့။

ဘုံပန္းတိုင္ကို ေရွးရႈၾကေလာ့။

Tayzar San

Leave a Comment